Tuesday 13 January 2015

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာခြံစည်းရိုးခတ်မှုတွင် ပါဝင်ခဲ့သော တောင်သူများ၏ လယ်ယာ မြေများတွင် သီးနှံရိတ်သိမ်းခွင့်နှင့် သီးနှံလျော်ကြေးများအား ကုမ္ပဏီမှ စတင်ထုတ်ပေး

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာခြံစည်းရိုးခတ်မှုတွင် ပါဝင်ခဲ့သော တောင်သူများ၏ လယ်ယာမြေများတွင် သီးနှံရိတ်သိမ်းခွင့်နှင့် သီးနှံလျော်ကြေးများအား ကုမ္ပဏီမှ စတင်ထုတ်ပေး
Tuesday, January 13, 2015

မုံရွာ၊ ဇန်နဝါရီ ၁၂-လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာသတ် မှတ်ရန်အတွက် ကုမ္ပဏီမှ ခြံစည်းရိုးခတ်အပြီး စည်းရိုးအတွင်းရှိ တောင်သူများ၏ လယ်ယာမြေများ သို့ မိမိတို့သီးနှံများကို သွားရောက်ရိတ်သိမ်းခွင့်ကို ဇန်နဝါရီ ၁ဝရက် နေ့မှစတင်ကာပေးနေပြီး သီးနှံလျော် ကြေးများကို ဇန်နဝါရီ ၁၂ရက်တွင် ဆားလင်းကြီးမြို့နယ် ငွေသာခန်းမ ၌စတင်ထုတ်ပေးနေပြီဖြစ်ကြောင်းသိရသည်။

''ဇန်နဝါရီ ၁ဝရက်ကစပြီး ကိုယ့်လယ်ယာမြေ ကိုယ်သွားပြီးရိတ်ခွင့်ပေးတယ်၊ အဲဒီလိုရိတ်ရာမှာ လယ် သမားရယ်၊ ကုမ္ပဏီကဖွဲ့ပေးထားတဲ့ အလုပ်သမားတွေ ရယ်နဲ့ကုမ္ပဏီက ကူရိတ်သိမ်းပေးပြီး ရွာအရောက် ကားနဲ့လိုက်ပို့ပေးတယ်၊ သီးနှံထောက် ပံ့ကြေးအနေနဲ့တစ်ရာသီစာ သီးနှံ ထွက်ထွက်၊ မထွက်ထွက်၊ ဘာစိုက် စိုက် စိုက်တဲ့သီးနှံအတွက် အမြင့်ဆုံး ကြေးကိုပေးမှာပါ၊ ရိတ်သိမ်း ခွင့်ကို နှစ်ပတ်လောက်အထိ လုပ်ပေးဖို့ ထားတယ်၊ ရွာတွေက အုပ်ချုပ်ရေး မှူးတွေကနေတစ်ဆင့်ကြေညာထား တယ်၊ ဗီနိုင်းတွေနဲ့တစ်ခါတည်းကြေ ညာပေးထားတာ''ဟု လက်ပံတောင်း တောင်ကြေးနီစီမံကိန်းတာဝန်ခံ ဦးလှစိန်က ဆက်သွယ်မေးမြန်းမှု တွင်ပြောကြားသည်။

ခြံစည်းရိုးခတ်ခံရမှုတွင် ပါဝင် သော လယ်ယာမြေများထံ ရာသီသီးနှံများ သွားရောက်ရိတ်သိမ်းလိုပါက လယ်ပိုင်ရှင်တစ်ဦးလျှင် ကုမ္ပဏီဘက် မှငှားရမ်းထားသော အလုပ်သမား ၁၅ယောက်ထည့်ပေးကာ ကူညီရိတ် သိမ်းပေးကြောင်း၊ သီးနှံများတင်ရန် ကားတစ်စီးထည့်ပေးပြီး ပို့ဆောင် ပေးကြောင်း သိရသည်။

စတင်ရိတ်သိမ်းခွင့်ပေးသော ဇန်နဝါရီ ၁ဝရက်တွင် ဒေသခံကျေး ရွာများဖြစ်သော ဇီးတော၊ လယ် တီ၊ ကံတော၊ ရွှေလှေ၊ မိုးကြိုးပြင်အ လယ်ရွာမှ တောင်သူ ၁၃ဦးက လယ် ယာမြေ ၂၂ ဒသမ ၆ဧကကိုဝင် ရောက်ရိတ်သိမ်းပြီး ကုမ္ပဏီမှကူရိတ် ပေးသောအလုပ်သမား ၁၀၅ဦးအ သုံးပြုခဲ့ကြောင်း သိရသည်။

ကြေးနီစီမံကိန်း ဧရိယာခြံစည်း ရိုးခတ်မှုကြောင့် ပါဝင်သွားသော စိုက်ပျိုးသီးနှံများအတွက် တစ်ဧက လျှင် ထောက်ပံ့ကြေးအဖြစ် ပဲတီစိမ်းကို ကျပ်ငါးသိန်းကျော်၊ စပါးနှင့် ပဲစင်း ငုံတို့ကို ကျပ်လေးသိန်းကျော်၊ ဂျုံ၊ကု လားပဲ၊ စွန်တာပြာ၊ နှံစားပြောင်း ကျပ်သုံးသိန်းကျော်၊ နေကြာ ကျပ် နှစ်သိန်းကျော်၊ ငရုတ်သီးကို ရှစ်သိန်း ကျော်၊ ကြက်သွန်နီကို ၁ရ သိန်း ကျော်ဖြစ်ကြောင်း ယင်းငွေများကို ဇန်နဝါရီ ၁၂ရက်၌ စတင်ပေးအပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာတာဝန် ရှိသူများထံမှသိရသည်။

KTS
Democracytoday
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာသတ်မှတ်ရန်အတွက် ကုမ္ပဏီမှခြံစည်းရိုးခတ်အပြီး စည်းရိုး အတွင်း ရှိ တောင်သူများ၏ လယ်ယာမြေများ သို့ မိမိတို့သီးနှံများကို သွားရောက်ရိတ်သိမ်းခွင့်ကို ဇန်နဝါရီ ၁ဝရက် နေ့မှစတင်ကာပေးနေပြီး သီးနှံလျော် ကြေးများကို ဇန်နဝါရီ ၁၂ရက်တွင် ဆားလင်းကြီးမြို့နယ် ငွေသာခန်းမ ၌စတင်ထုတ်ပေးနေပြီဖြစ်ကြောင်းသိရသည်။

''ဇန်နဝါရီ ၁ဝရက်ကစပြီး ကိုယ့်လယ်ယာမြေ ကိုယ်သွားပြီးရိတ်ခွင့်ပေးတယ်၊ အဲဒီလိုရိတ်ရာမှာ လယ် သမားရယ်၊ ကုမ္ပဏီကဖွဲ့ပေးထားတဲ့ အလုပ်သမားတွေ ရယ်နဲ့ကုမ္ပဏီက ကူရိတ်သိမ်းပေးပြီး ရွာအရောက် ကားနဲ့လိုက်ပို့ပေးတယ်၊ သီးနှံထောက် ပံ့ကြေးအနေနဲ့တစ်ရာသီစာ သီးနှံထွက်ထွက်၊ မထွက်ထွက်၊ ဘာစိုက်စိုက် စိုက်တဲ့သီးနှံအတွက် အမြင့်ဆုံး ကြေးကိုပေးမှာပါ၊ ရိတ်သိမ်း ခွင့်ကို နှစ်ပတ်လောက်အထိ လုပ်ပေးဖို့ ထားတယ်၊ ရွာတွေက အုပ်ချုပ်ရေး မှူးတွေကနေတစ်ဆင့်ကြေညာထား တယ်၊ ဗီနိုင်းတွေနဲ့ တစ်ခါတည်းကြေ ညာပေးထားတာ''ဟု လက်ပံတောင်း တောင်ကြေးနီစီမံကိန်းတာဝန်ခံ ဦးလှစိန်က ဆက်သွယ်မေးမြန်းမှု တွင်ပြောကြားသည်။

ခြံစည်းရိုးခတ်ခံရမှုတွင် ပါဝင်သော လယ်ယာမြေများထံ ရာသီသီးနှံများ သွားရောက်ရိတ်သိမ်းလိုပါက လယ်ပိုင်ရှင်တစ်ဦးလျှင် ကုမ္ပဏီဘက် မှငှားရမ်းထားသော အလုပ်သမား ၁၅ယောက်ထည့်ပေးကာ ကူညီရိတ် သိမ်းပေးကြောင်း၊ သီးနှံများတင်ရန် ကားတစ်စီးထည့်ပေးပြီး ပို့ဆောင် ပေးကြောင်း သိရသည်။

စတင်ရိတ်သိမ်းခွင့်ပေးသော ဇန်နဝါရီ ၁ဝရက်တွင် ဒေသခံကျေး ရွာများဖြစ်သော ဇီးတော၊ လယ် တီ၊ ကံတော၊ ရွှေလှေ၊ မိုးကြိုးပြင်အ လယ်ရွာမှ တောင်သူ ၁၃ဦးက လယ် ယာမြေ ၂၂ ဒသမ ၆ဧကကိုဝင် ရောက်ရိတ်သိမ်းပြီး ကုမ္ပဏီမှကူရိတ် ပေးသောအလုပ်သမား ၁၀၅ဦးအ သုံးပြုခဲ့ကြောင်း သိရသည်။

ကြေးနီစီမံကိန်း ဧရိယာခြံစည်း ရိုးခတ်မှုကြောင့် ပါဝင်သွားသော စိုက်ပျိုးသီးနှံများအတွက် တစ်ဧက လျှင် ထောက်ပံ့ကြေးအဖြစ် ပဲတီစိမ်းကို ကျပ်ငါးသိန်းကျော်၊ စပါးနှင့် ပဲစင်း ငုံတို့ကို ကျပ်လေးသိန်းကျော်၊ ဂျုံ၊ကု လားပဲ၊ စွန်တာပြာ၊ နှံစားပြောင်း ကျပ်သုံးသိန်းကျော်၊ နေကြာ ကျပ် နှစ်သိန်းကျော်၊ ငရုတ်သီးကို ရှစ်သိန်း ကျော်၊ ကြက်သွန်နီကို ၁ရ သိန်း ကျော်ဖြစ်ကြောင်း ယင်းငွေများကို ဇန်နဝါရီ ၁၂ရက်၌ စတင်ပေးအပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာတာဝန် ရှိသူများထံမှသိရသည်။

KTS
Democracytoday‬

No comments:

Post a Comment