Tuesday 13 January 2015

ကြက်ငှက်တုပ်ကွေးရောဂါကြောင့်ထိုင်ဝမ်၌ ကြက်၊ ဘဲများစွာသတ်ဖြတ်

Photo: ကြက်ငှက်တုပ်ကွေးရောဂါကြောင့်ထိုင်ဝမ်၌ ကြက်၊ ဘဲများစွာသတ်ဖြတ်
Tuesday, January 13, 2015

ကြက်ငှက်တုပ်ကွေးရောဂါဖြစ် ပွားမှုကို နှိမ်နင်းရန်အတွက် ထိုင်ဝမ် တွင် ငန်းနှင့်ဘဲ ၁၆၀၀၀ ကျော်အား သတ်ဖြတ်ရန် အမိန့်ပေးခဲ့ကြောင်း၊ ထို့အပြင် ကြက်ကောင်ရေ ၁၂၀၀၀၀ ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း AFP သတင်းကဖော်ပြခဲ့သည်။

ထိုင်ဝမ်ကျွန်း တောင်ပိုင်း ပင်တန်ဒေသရှိ ကြက်မွေးမြူရေးခြံ မှ ကြက်များကိုသတ်ရန် သောကြာ နေ့က အမိန့်ပေးခဲ့ကြောင်း။ နမူနာ စိစစ်မှုများအရ ကြက်ငှက်တုပ်ကွေး H5 N2 ရောဂါပိုးတွေ့ရှိခဲ့၍ဖြစ် ကြောင်းသိရသည်။

ပင်တန်မှပင် ဘဲ ၇၅၀၀ ကို တနင်္ဂနွေနေ့၌ သတ်ဖြတ်စေခဲ့ပြီး ငန်း ၈၅၀၀ ကိုလည်း ယင်လင်နှင့်ချီယာယီ ရှိ ဘဲခြံများမှ သုတ်သင်စေခဲ့ကြောင်း၊ H5 N2 နှင့် H5 N8 ရောဂါပိုးများ ကို တွေ့ရှိခဲ့၍ဖြစ်ကြောင်း သက်ဆိုင် ရာကပြောခဲ့သည်။

ယခင်က ထိုင်ဝမ်၌ H5 N8 ပိုး ကိုလုံးဝမတွေ့ရှိကြောင်း။ ဤရောဂါ ပိုးမှာ ရွှေ့ပြောင်းလာသည့်ငှက်များနှင့် အတူပါ လာသော ရောဂါပိုးဖြစ်နိုင် ကြောင်း။ တိရစ္ဆာန်သစ်ပင်ကျန်းမာ ရေးစစ်ဆေးမှုနှင့် သီးခြားဖယ်ထား ရေး ဗြူရိုအကြီးအကဲ ချန်ဆူဆန်က ပြောခဲ့သည်။
ံ
H5 N8 ရောဂါပိုးမှာ မူလက ဥရောပ၊ တောင်ကိုရီးယား၊ ဂျပန်၊ ကနေဒါနှင့် အမေရိကန်တို့၌ ဖြစ်ပွား ခဲ့ရာ ကြက်၊ ဘဲများကို သတ်ဖြတ်ခဲ့ရ ကြောင်း။ ဘဲနှင့်ငန်းမွေးမြူရေးခြံများ ကိုလည်း ပိုက်ကွန်များကို ထူထပ်စွာ ချထားကာ ပြင်ပမှ ငှက်များနှင့်အ ဆက်အသွယ်မရှိအောင် လုပ်ဆောင် ရန် သတိပေးထားကြောင်း ချန်က ပြောခဲ့သည်။

Ref : AFP
Democracytoday
ကြက်ငှက်တုပ်ကွေးရောဂါဖြစ် ပွားမှုကို နှိမ်နင်းရန်အတွက် ထိုင်ဝမ် တွင် ငန်းနှင့်ဘဲ ၁၆၀၀၀ ကျော်အား သတ်ဖြတ်ရန် အမိန့်ပေးခဲ့ကြောင်း၊ ထို့အပြင် ကြက်ကောင်ရေ ၁၂၀၀၀၀ ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း AFP သတင်းကဖော်ပြခဲ့သည်။

ထိုင်ဝမ်ကျွန်း တောင်ပိုင်း ပင်တန်ဒေသရှိ ကြက်မွေးမြူရေးခြံ မှ ကြက်များကိုသတ်ရန် သောကြာနေ့က အမိန့်ပေးခဲ့ကြောင်း။ နမူနာ စိစစ်မှုများအရ ကြက်ငှက်တုပ်ကွေး H5 N2 ရောဂါပိုးတွေ့ရှိခဲ့၍ဖြစ်ကြောင်း သိရသည်။

ပင်တန်မှပင် ဘဲ ၇၅၀၀ ကို တနင်္ဂနွေနေ့၌ သတ်ဖြတ်စေခဲ့ပြီး ငန်း ၈၅၀၀ ကိုလည်း ယင်လင်နှင့်ချီယာယီ ရှိ ဘဲခြံများမှ သုတ်သင်စေခဲ့ကြောင်း၊ H5 N2 နှင့် H5 N8 ရောဂါပိုးများ ကို တွေ့ရှိခဲ့၍ဖြစ်ကြောင်း သက်ဆိုင် ရာကပြောခဲ့သည်။

ယခင်က ထိုင်ဝမ်၌ H5 N8 ပိုး ကိုလုံးဝမတွေ့ရှိကြောင်း။ ဤရောဂါ ပိုးမှာ ရွှေ့ပြောင်းလာသည့်ငှက်များနှင့် အတူပါ လာသော ရောဂါပိုးဖြစ်နိုင် ကြောင်း။ တိရစ္ဆာန်သစ်ပင်ကျန်းမာ ရေးစစ်ဆေးမှုနှင့် သီးခြားဖယ်ထား ရေး ဗြူရိုအကြီးအကဲ ချန်ဆူဆန်က ပြောခဲ့သည်။
H5 N8 ရောဂါပိုးမှာ မူလက ဥရောပ၊ တောင်ကိုရီးယား၊ ဂျပန်၊ ကနေဒါနှင့် အမေရိကန်တို့၌ ဖြစ်ပွား ခဲ့ရာ ကြက်၊ ဘဲများကို သတ်ဖြတ်ခဲ့ရ ကြောင်း။ ဘဲနှင့်ငန်းမွေးမြူရေးခြံများ ကိုလည်း ပိုက်ကွန်များကို ထူထပ်စွာ ချထားကာ ပြင်ပမှ ငှက်များနှင့်အ ဆက်အသွယ်မရှိအောင် လုပ်ဆောင် ရန် သတိပေးထားကြောင်း ချန်က ပြောခဲ့သည်။

Ref : AFP
Democracytoday

No comments:

Post a Comment