Tuesday 13 January 2015

ထိုင်းနိုင်ငံတွင် ကားတစ်စီးမှောက်ရာ၌ မြန်မာသုံးဦးသေ၊ ခြောက်ဦးဒဏ်ရာရ

ထိုင်းနိုင်ငံတွင် ဇန်န၀ါ ရီ ၁၁ရက်က ကားတစ်စီးတိမ်း မှောက်ခဲ့ပြီး မြန်မာနိုင်ငံသားသုံး ဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအရေးဆောင်ရွက်နေသူ များထံမှ သတင်း ရရှိသည်။

၎င်းတို့သည် ထိုင်းနိုင်ငံ အလယ်ပိုင်းမှနေ၍ မြန်မာနိုင်ငံနှင့်နယ်ချင်း ဆက်စပ်နေသည့် ဘုရားသုံးဆူ ဘက်သို့ကားစင်းလုံးငှား၍ လာစဉ် အဆိုပါမတော်တဆမှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။ 

ထိုင်းနိုင်ငံအလယ်ပိုင်း ပရ ကျူတ်ခီရီခန်ခရိုင်တွင် ဇန်န၀ါရီ ၁၁ရက် နံနက်က အဆိုပါယာဉ် တိမ်း မှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်တွင် မြန်မာနိုင်ငံ သားအမျိုးသမီးနှစ်ဦးနှင့်ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ကျန် ခြောက်ဦးမှာ ဆေးရုံတွင်ကုသနေ ရကြောင်း မြန်မာအလုပ်သမားအ ရေးဆောင်ရွက်သူ ကိုလှမျိုးက ပြောသည်။ကားပေါ်တွင် မြန်မာနိုင်ငံသားခုနစ်ဦးနှင့် ထိုင်းလူမျိုး နှစ်ဦး လိုက်ပါလာခဲ့ကြောင်း သတင်းရရှိသည်။

ကားမှာ သတ်မှတ်အရှိန် ထက် ကျော်လွန်မောင်းနှင်ခဲ့ပြီး ထိုင်းလူမျိုးယာဉ်မောင်းက မောင်း နှင်နေစဉ် အိပ်ငိုက်ကာ လမ်းဘေး သစ်ပင်ကိုဝင်တိုက်ကာ တိမ်း မှောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲ ၏ သုံးသပ်ချက်ကို ကိုးကား၍ ကိုလှမျိုးကပြောသည်။ လက်ရှိအချိန်တွင် ဒဏ်ရာရရှိသူ မြန်မာနိုင် ငံသားလေးဦး ထိုင်းနိုင်ငံပရ ကျုတ်ခီရီဆေးရုံ၌ ဆေးကုသနေ ရကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment