Tuesday 13 January 2015

ပျက်ကျ အဲအေရှ QZ8501 လေယာဉ်မှ လေယာဉ်မှူးခန်း အသံမှတ်တမ်းတင် ကိရိယာ တွေ့ ရှိဆယ်ယူ

Photo: ပျက်ကျ အဲအေရှ QZ8501 လေယာဉ်မှ လေယာဉ်မှူးခန်း အသံမှတ်တမ်းတင် ကိရိယာ တွေ့ ရှိဆယ်ယူ
Tuesday, January 13, 2015

ဂျာဗားပင်လယ်အတွင်း ပျက်ကျခဲ့သည့် အဲအေရှ QZ8501 လေယာဉ်မှ လေယာဉ်မှူးခန်း အသံမှတ်တမ်းတင် ကိရိယာကို တွေ့ ရှိပြီဖြစ် ၍ ရေငုပ်သမားများ ဆယ်ယူနေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ယင်းလေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို တွေ့ ရှိဆယ်ယူနိုင်ခဲ့ပြီးနောက်တစ်နေ့ ဇန်န၀ါရီ ၁၃ ရက်တွင် ယခုအသံ မှတ်တမ်းတင် ကိရိယာကို တွေ့ ရှိကာ ဆယ်ယူနေခြင်းဖြစ်သည်။

ယခု အသံမှတ်တမ်းတင် ကိရိယာနှင့် ပျံသန်းမှုမှတ်တမ်းတင်ကိရိယာတို့ကို တွေ့ရှိခြင်းသည် လေယာဉ်ပျံသန်းမှုတွင် မည်သည့် အမှား အယွင်းနှင့် ကြုံတွေ့ ခဲ့သည်ဆိုသည်ကို စုံစမ်းသိရှိနိုင်မည်ဖြစ်သည်။

အဲအေရှလေယာဉ်သည် ဒီဇင်ဘာ ၂၈ရက်က အင်ဒိုနီးရှားမှ စင်ကာပူသို့  လိုက်ပါစီးနင်းသူ ၁၆၂ ဦးနှင့် ပျံသန်းသွားစဉ် ပျောက်ဆုံး ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် လေယာဉ်အပျက်အစီးများနှင့် လူသေအလောင်းများကို ဂျာဗားပင်လယ်တွင်ရှာဖွေတွေ့ ရှိခဲ့သည်။ လက်ရှိအထိ တွေ့ ရှိဆယ်ယူထားသည့် ရုပ်အလောင်းပေါင်း ၄၈လောင်း ရှိနေပြီဖြစ်သည်။

BBC
ဂျာဗားပင်လယ်အတွင်း ပျက်ကျခဲ့သည့် အဲအေရှ QZ8501 လေယာဉ်မှ လေယာဉ်မှူးခန်း အသံမှတ်တမ်း တင် ကိရိယာကို တွေ့ရှိပြီဖြစ်၍ ရေငုပ်သမားများဆယ်ယူနေပြီဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။

ယင်းလေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို တွေ့ ရှိဆယ်ယူနိုင်ခဲ့ပြီးနောက်တစ်နေ့ ဇန်န၀ါရီ ၁၃ ရက်တွင် ယခုအသံ မှတ်တမ်းတင် ကိရိယာကို တွေ့ ရှိကာ ဆယ်ယူနေခြင်းဖြစ်သည်။

ယခု အသံမှတ်တမ်းတင် ကိရိယာနှင့် ပျံသန်းမှုမှတ်တမ်းတင်ကိရိယာတို့ကို တွေ့ရှိခြင်းသည် လေယာဉ် ပျံသန်းမှုတွင် မည်သည့် အမှား အယွင်းနှင့် ကြုံတွေ့ ခဲ့သည်ဆိုသည်ကို စုံစမ်းသိရှိနိုင်မည်ဖြစ်သည်။

အဲအေရှလေယာဉ်သည် ဒီဇင်ဘာ ၂၈ရက်က အင်ဒိုနီးရှားမှ စင်ကာပူသို့  လိုက်ပါစီးနင်းသူ ၁၆၂ ဦးနှင့် ပျံသန်းသွားစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် လေယာဉ်အပျက်အစီးများနှင့် လူသေ အလောင်းများကို ဂျာဗားပင်လယ်တွင်ရှာဖွေတွေ့ ရှိခဲ့သည်။ လက်ရှိအထိ တွေ့ ရှိဆယ်ယူထားသည့် ရုပ်အလောင်းပေါင်း ၄၈လောင်း ရှိနေပြီဖြစ်သည်။

BBC

No comments:

Post a Comment