Tuesday 13 January 2015

တိုက်ခိုက်ခံရသည့် Charlie Hebdo မဂ္ဂဇင်း အသစ်ထွက်ရှိမည် တမန်တော်မိုဟာမတ်ကို အဖုံးတွင် ဖော်ပြထား

Photo: တိုက်ခိုက်ခံရသည့် Charlie Hebdo မဂ္ဂဇင်း အသစ်ထွက်ရှိမည် တမန်တော်မိုဟာမတ်ကို အဖုံးတွင် ဖော်ပြထား
Tuesday, January 13, 2015

တမန်တော်မိုဟာမက်ကို သရော်လှောင်ပြောင်သည့်ဟု ဆိုကာ တိုက်ခိုက် ခံရသည့် ပြင်သစ်နိုင်ငံက Charlie Hebdo (ချာလီဟတ်ဒိုး) မဂ္ဂဇင်းသည် တမန်တော်မိုဟာမက်ကို မျက်နှာဖုံးတင်လျက် အသစ်ထုတ်ဝေရန် ရိုက်နှိပ်လျက်ရှိပြီဖြစ်သည်။

အသစ်ထွက်ရှိလာမည့် ယင်းမဂ္ဂဇင်းမျက်နှာဖုံးတွင် တမန်တော် မိုဟာမက်က "ငါဟာ ချာလီဖြစ်တယ်" ဟု ဆိုင်းဘုတ်ကို ကိုင်ဆောင် ထားပြီး အောက်နားတွင် "အားလုံးကို ခွင့်လွတ်တယ်"ဟု စာသားကို ရေးသားဖော်ပြထားသည်။

အစွန်းရောက်များကို မဂ္ဂဇင်းတိုက်က ၀ိုင်းတော်သားတွေ အနေနဲ့ ခေါင်းငုံခံ သွား မည် မဟုတ်ကြောင်း မဂ္ဂဇင်းတိုက် ရှေ့ နေ ရစ်ချတ်မယ် ကာက ပြင်သစ် ရေဒီယိုသို့ ပြောခဲ့သည်။

ယခုမဂ္ဂဇင်းကို ဇန်န၀ါရီ ၁၄ ရက်တွင် စတင်ဖြန့် ချိရန် စောင်ရေ သုံးသန်းရိုက်နှိပ်နေပြီဖြစ်သည်။ ယခင်က မဂ္ဂဇင်းကို ပုံမှန်အားဖြင့် အပတ်စဉ် ၆၀၀၀၀ သာ ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

တမန်တော်မိုဟာမက်အတွက် လက်စားချေခြင်းအဖြစ် မဂ္ဂဇင်းတိုက် တိုက်ခိုက် ခံရခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း လူ ၁၂ ဦးသေဆုံးခဲ့သည်။

BBC
တမန်တော်မိုဟာမက်ကို သရော်လှောင်ပြောင်သည့်ဟုဆိုကာ တိုက်ခိုက်ခံရသည့် ပြင်သစ်နိုင်ငံက Charlie Hebdo (ချာလီဟတ်ဒိုး) မဂ္ဂဇင်းသည် တမန်တော်မိုဟာမက်ကို မျက်နှာဖုံးတင်လျက် အသစ် ထုတ်ဝေ ရန် ရိုက်နှိပ်လျက်ရှိပြီဖြစ်သည်။

အသစ်ထွက်ရှိလာမည့် ယင်းမဂ္ဂဇင်းမျက်နှာဖုံးတွင် တမန်တော် မိုဟာမက်က "ငါဟာ ချာလီဖြစ်တယ်" ဟု ဆိုင်းဘုတ်ကို ကိုင်ဆောင် ထားပြီး အောက်နားတွင် "အားလုံးကို ခွင့်လွတ်တယ်"ဟု စာသားကို ရေးသား ဖော်ပြထားသည်။

အစွန်းရောက်များကို မဂ္ဂဇင်းတိုက်က ၀ိုင်းတော်သားတွေ အနေနဲ့ ခေါင်းငုံခံ သွား မည် မဟုတ်ကြောင်း မဂ္ဂဇင်း တိုက် ရှေ့ နေ ရစ်ချတ်မယ် ကာက ပြင်သစ် ရေဒီယိုသို့ ပြောခဲ့သည်။

ယခုမဂ္ဂဇင်းကို ဇန်န၀ါရီ ၁၄ ရက်တွင် စတင်ဖြန့် ချိရန် စောင်ရေ သုံးသန်းရိုက်နှိပ်နေပြီဖြစ်သည်။ ယခင်က မဂ္ဂဇင်းကို ပုံမှန်အားဖြင့် အပတ်စဉ် ၆၀၀၀၀ သာ ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

တမန်တော်မိုဟာမက်အတွက် လက်စားချေခြင်းအဖြစ် မဂ္ဂဇင်းတိုက် တိုက်ခိုက် ခံရခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း လူ ၁၂ ဦးသေဆုံးခဲ့သည်။

BBC

No comments:

Post a Comment