Tuesday 13 January 2015

ရခိုင်ပြည်နယ်တွင် ကမန်နှင့်ဘင်္ဂါလီ အမည်ဖြင့်နိုင်ငံသား လျှောက်ထားသူ သုံးရာနီးပါးရှိ

ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသား စိစစ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံသား ဖြစ်ခွင့် အတွက် ကမန်နှင့် ဘင်္ဂါလီအမည်ဖြင့် လျှောက်ထား သူဦးရေ ၃ဝဝ နီးပါးရှိကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှ သိရသည်။

နိုင်ငံသားစိစစ်ခြင်းကို ရခိုင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာ ဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပြီးလက်ရှိ လျှောက်ထားသူများမှာ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် သံတွဲမြို့နယ်များမှဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုး သားမှတ်ပုံတင်ရေးဦးစီးဌာန ပြည် နယ်ဦးစီးဌာနမှူး ဦးခင်စိုးက Rakhine News Agency သို့ပြော သည်။ 

''နိုင်ငံသားဖြစ်ခွင့် လျှောက် ထားလိုသူတွေစာရင်းကိုတောင်းတဲ့ အခါမှာ လောလောဆယ်တော့ ရမ်းဗြဲ၊ သံတွဲနဲ့ကျောက်ဖြူတို့က စာရင်းတွေရပါတယ်။ ရမ်းဗြဲက ကမန် ၆ဝ စာရင်းတက်ပါတယ်။ သံတွဲကကမန် ၂၃ဦးပါ။ ကျောက်ဖြူကတော့ ၂၁၃ ဦး စာရင်းတက်ပါပြီ။ ဒါကမနေ့က (ဇန်နဝါရီ ၁၁ ရက်) အထိ ရထားတဲ့စာရင်းပါ'' ဟု၎င်းကပြောသည်။ယခုလ ၁၁ ရက်အထိ ရရှိထားသောစာရင်းများအရ နိုင်ငံသား ဖြစ်ခွင့်လျှောက်ထားသူ စုစု ပေါင်းမှာ ၂၉၆ ဦးရှိပြီး ၄င်းတို့ သည် လူမျိုးအမည်တွင် ကမန်လူမျိုး အဖြစ် လည်းကောင်း၊ ကမန် နှင့်ဘင်္ဂါလီသွေးနှောအဖြစ်လည်း ကောင်းလျှောက်ထားသူများဖြစ် သည်ဟု ၄င်းက ပြောသည်။''တချို့ က ကမန်အနေနဲ့လျှောက်တာပါတယ်။ ကမန်၊ဘင်္ဂါလီသွေးနှော အနေနဲ့ လျှောက် တာလဲ ပါတယ်'' ဟုဦးခင်စိုးကပြောသည်။

ယခုလမှစတင်သည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းသည် တစ်နှစ် လျှင် နှစ်ကြိမ်ပုံမှန်ဆောင် ရွက်လေ့ရှိသည့် နိုင်ငံသားစိစစ် ခြင်းလုပ်ငန်းဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ နိုင်ငံသားစိစစ်ရာတွင် အချိန်ကာလအားဖြင့် ခြောက်လအတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ပြီး ဇန်နဝါရီ အတွင်း နိုင်ငံသားဖြစ် ခွင့်လျှောက်ထားလိုသူများ စာရင်း ကောက်ခံခြင်းကိုအပြီးသတ်ဆောင် ရွက်ရမည်ဖြစ်ကြောင်း ဦးခင်စိုးက ပြောသည်။ 

''လျှောက်လွှာတွေကတော့ လက်ခံတုန်းပဲရှိသေးတယ်။စစ်တွေက ဒုက္ခသည်စခန်းတွေထဲမှာလဲ ဘင်္ဂါလီ ကိုယ်စားလှယ်တွေ၊ ကမန် ကိုယ်စားလှယ်တွေက စာရင်း ကောက်နေပါတယ်။ မြို့နယ်သုံးခု ကတော့ လောလောဆယ်ရထားပါ ပြီ။ ဘုတ်အဖွဲ့နဲ့စစ်လိုက်ရင်တော့ ကမန်မှန်ရင် ကမန်အနေနဲ့ ရမှာပေါ့။ တချို့ ကျတော့ ကမန်နဲ့ ဘင်္ဂါလီသွေးနှောပါတယ်လို့ ပြော တာတွေလဲပါတယ်။ ဒီလူတွေကို ကျတော့ မြို့နယ်၊ ပြည်နယ်ကနေ ဗဟိုအထိစိစစ်ပြီးတော့ ဗဟိုကနေ ဆုံးဖြတ်တဲ့ကတ်ပြားတစ်မျိုးမျိုးကို ပေးမှာပေါ့။ မြို့နယ် အဆင့်စိစစ် တဲ့အဖွဲ့ထဲမှာကမန်ကိုယ်စားလှယ်၊ ဘင်္ဂါလီကိုယ်စားလှယ်၊ ရခိုင်ကိုယ် စားလှယ်တွေပါတော့ အောက်ခြေ ကအကြောင်းအရာတွေအကုန်သိ ပါတယ်။ ရိုဟင်ဂျာလို့ပြောလာရင် တော့လျှောက်လွှာ လက်ခံမှာမဟုတ် ပါဘူး''ဟု ဦးခင်စိုးကပြောသည်။

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ခြင်းကို စမ်းသပ် ဒေသအဖြစ် မြေပုံမြို့နယ်ရှိ တောင် ပေါ်ဒုက္ခသည်စခန်းတွင် ဆောင် ရွက်ခဲ့ဖူးပြီး နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီ ၁၂ဝဝ ကျော်ရှိခဲ့သည်။

ထိုသို့နိုင်ငံသားဖြစ်ခွင့်လျှောက် ထားသူများအနက် ပြည်နယ်နိုင်ငံ သားစိစစ်ရေးအဖွဲ့က စိစစ်ပြီးစီး သည့် ဘင်္ဂါလီ ၃ဝဝ ကို ဗဟိုနိုင်ငံ သားစိစစ်ရေးအဖွဲ့သို့တင်ပြခဲ့ရာဗဟို နိုင်ငံသားစိစစ်ရေးအဖွဲ့က နိုင်ငံသား အဖြစ် ၄ဝ၊ နိုင်ငံသားပြုခွင့်ရ သူအဖြစ် ၁၆၉ ဦး စုစုပေါင်း ၂ဝ၉ ဦးကို ဥပဒေအရ နိုင်ငံသားအဖြစ် သတ်မှတ်ပေးခဲ့သည်။

သုတ(RNA)
The Union Daily 

No comments:

Post a Comment