Tuesday 13 January 2015

ငမင်သစ်တောနှင့် ပလွေးသစ်တော ကြိုးဝိုင်းများအတွင်းမှ ပိုင်ရှင်မဲ့သစ်များ သိမ်းဆည်း

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဘီဝမ်းကုမ္ပဏီ (သစ်တောဧက ၁ဝဝဝ)တွင် အခြေပြုလျက် ရှိ သော မကွေးရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ချန်ထွန်းအောင်နှင့် သစ်တောဦးစီးဌာန ပူးပေါင်းအဖွဲ့ သည် တောင်တွင်းကြီးမြို့နယ် ငမင် သစ်တောကြိုးဝိုင်းနှင့် နေပြည်တော်ကောင်စီ ဥတ္တရသီရိမြို့နယ် ပလွေး သစ်တောကြိုးဝိုင်းအတွင်း တရား မဝင်သစ်များ ရှာဖွေဖော်ထုတ် စုံစမ်းခဲ့ရာ ကာလတန်ဖိုး ငွေကျပ် ၂၃၈၃၄၇ဝ ရှိ ပိုင်ရှင်မဲ့သစ်များကို ဇန်နဝါရီ ၁ဝ ရက် နံနက် ၇ နာရီခွဲ မှ ညနေ ၄ နာရီအတွင်း ရှာဖွေ သိမ်းဆည်း ရမိခဲ့ ကြောင်း သိရသည်။

ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသော ငမင်သစ်တောကြိုးဝိုင်း အတွင်းမှ အခြားသားတိုင် လေးလုံး (ဝ ဒသမ ၂၃၈)တန်၊ တန်ဖိုးငွေကျပ် ၅၉၅ဝဝကို တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနသို့ လည်းကောင်း၊ နေပြည်တော် ကောင်စီ ဥတ္တရသီရိမြို့နယ် ပလွေးသစ်တောကြိုးဝိုင်း အတွင်းမှ ကျွန်းခွဲသား ၄၃ ချောင်း (ဝ ဒသမ ၆၈၄၂)တန် တန်ဖိုးငွေကျပ် ၆၈၄၂ဝဝ၊ ကျွန်းတိုင်တစ်လုံး (ဝ ဒသမ ၁၆၈၆ တန်) တန်ဖိုး ငွေကျပ် ၁၁၈ဝ၂ဝ၊ သင်းဝံသစ်မာ တစ်ချောင်း (ဝ ဒသမ ဝ၄၂ တန်) တန်ဖိုးငွေကျပ် ၂၁ဝဝဝ၊ အခြားခွဲသား အချောင်း ၂ဝ (၄ ဒသမ ၃ဝ၇၄ တန်) တန်ဖိုး ငွေကျပ် ၁ဝ၇၆၈၅ဝ၊ အခြားသားတိုင် အလုံး ၂ဝ (၂ ဒသမ ၈၂၆ တန်) တန်ဖိုးငွေကျပ် ၄၂၃၉ဝဝ တို့ကို ဥတ္တရသီရိခရိုင် သစ်တောဦးစီးဌာန တောအုပ် ဦးစိုင်းကျော်ဇောထံသို့ လည်းကောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့မှ အပ်နှံခဲ့သည်။

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ နယ်မြေအတွင်းရှိ ခရိုင်၊ မြို့နယ်ရဲတပ် ဖွဲ့များအနေဖြင့် သစ်တောဦးစီးဌာန တာဝန်ရှိအဖွဲ့များနှင့် ပူးပေါင်းကာ သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် သစ်ထုတ်လုပ်မှုများ မရှိစေ ရေး အတွက် သက်ဆိုင်ရာနယ်မြေ ဒေသခံပြည်သူများ အကူအညီဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ကျေးရွာနေ ပြည်သူများအား မှုခင်းပညာပေးခြင်း၊ သစ်တောဥပဒေနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ အသိပညာပေးခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar 

No comments:

Post a Comment