Tuesday 13 January 2015

အမေရိကန် ဗဟို စစ်ဌာနချုပ်ရုံးကို အိုင်အက်စ်အဖွဲ့ က ဟက်ကာတိုက်ခိုက်

Photo: အမေရိကန် ဗဟို စစ်ဌာနချုပ်ရုံးကို အိုင်အက်စ်အဖွဲ့ က ဟက်ကာတိုက်ခိုက်
Tuesday, January 13, 2015

အမေရိကန် ဗဟို စစ်ဌာနချုပ်၏ တွစ်တာနှင့် ယူကျူ့ အကောင့်များကို အိုင်အက်စ်စစ်သွေးကြွအဖွဲ့ က ကွန်ပြူတာ ထိုးဖောက်ဝင်ရောက်ကာ ဟက်ကာတိုက်ခိုက်ပြီး ကြိမ်းမောင်းစာများ ရေးသားသွားခဲ့သည်။

ကလီဖိရ်ဆိုသည်မှာ မွတ်စလင်နိုင်ငံတော်တည်ထောင်ခြင်းဖြစ်ပြီး အိုင်အက်စ်အဖွဲ့ မှ ဆိုင်ဘာကလီဖိရ်ဆိုသည့် အဖွဲ့ က အရှေ့ အလယ်ပိုင်း တွင် စစ်ဆင်ရေးများဆောင်ရွက်နေသည့် အမေရိကန်ဗဟိုစစ်ဌာနချုပ်ရုံးကို ဇန်န၀ါရီ ၁၂ ရက်က စတင် ထိုးဖောက်ဝင်ရောက်ပြီး အမေရိကန် စစ်သားများကို ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

" အမေရိကန်စစ်သားတွေ ငါတို့ လာပြီ။ မင်းတို့ နောက်မှာ အိုင်အက်စ်တွေ ရောက်နေပြီ။"ဟု ယင်းအဖွဲ့ က အမေရိကန်စစ်ဌာနချုပ်ရုံး၏ တွစ်တာပေါ်တွင် ရေးသားသွားခြင်းဖြစ်သည်။

ယင်းသို့ ဟက်ကာတိုက်ခိုက်ခံရပြီးနောက် တစ်နာရီခန့် တွင် ယင်းတွစ်တာအကောင့်ကို ယာယီပိတ်ခဲ့ရသည်။

အမေရိကန်စစ်ဌာနချုပ်၏ ယူကျူ့ ကိုလည်း ယင်းအဖွဲ့ က ဟက်ကာဖောက်ထွင်းခဲ့ပြီး "အိုင်အက်စ်တို့ ၏ စစ်မီးလျှံများ"နှင့် "သစ္စာရှိ စစ်သားများ ရှေ့ သို့ ချီတက်ကြစို့ "ဆိုသည့် ဗီဒီယိုဖိုင်များကို တင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းသို့ တိုက်ခိုက်ခံရခြင်းဆိုသည်ကို အတည်ပြုခဲ့သည်။

PRESS TV
Mizzima - News in Burmese
အမေရိကန် ဗဟိုစစ်ဌာနချုပ်၏ တွစ်တာနှင့် ယူကျူ့ အကောင့်များကို အိုင်အက်စ်စစ်သွေးကြွအဖွဲ့က ကွန်ပြူတာထိုးဖောက်ဝင်ရောက်ကာ ဟက်ကာတိုက်ခိုက်ပြီး ကြိမ်းမောင်းစာများ ရေးသားသွားခဲ့သည်။

ကလီဖိရ်ဆိုသည်မှာ မွတ်စလင်နိုင်ငံတော်တည်ထောင်ခြင်းဖြစ်ပြီး အိုင်အက်စ်အဖွဲ့ မှ ဆိုင်ဘာကလီဖိရ် ဆိုသည့် အဖွဲ့ က အရှေ့ အလယ်ပိုင်း တွင် စစ်ဆင်ရေးများဆောင်ရွက်နေသည့် အမေရိကန်ဗဟိုစစ်ဌာန ချုပ်ရုံးကို ဇန်န၀ါရီ ၁၂ ရက်က စတင်ထိုးဖောက်ဝင်ရောက်ပြီး အမေရိကန် စစ်သားများကို ခြိမ်းခြောက် ခဲ့ခြင်းဖြစ်သည်။

" အမေရိကန်စစ်သားတွေ ငါတို့ လာပြီ။ မင်းတို့ နောက်မှာ အိုင်အက်စ်တွေ ရောက်နေပြီ။"ဟု ယင်းအဖွဲ့ က အမေရိကန်စစ်ဌာနချုပ်ရုံး၏ တွစ်တာပေါ်တွင် ရေးသားသွားခြင်းဖြစ်သည်။

ယင်းသို့ ဟက်ကာတိုက်ခိုက်ခံရပြီးနောက် တစ်နာရီခန့် တွင် ယင်းတွစ်တာအကောင့်ကို ယာယီပိတ် ခဲ့ရ သည်။

အမေရိကန်စစ်ဌာနချုပ်၏ ယူကျူ့ ကိုလည်း ယင်းအဖွဲ့ က ဟက်ကာဖောက်ထွင်းခဲ့ပြီး "အိုင်အက်စ်တို့ ၏ စစ်မီးလျှံများ"နှင့် "သစ္စာရှိ စစ်သားများ ရှေ့ သို့ ချီတက်ကြစို့ "ဆိုသည့် ဗီဒီယိုဖိုင်များကို တင်ခဲ့ခြင်းဖြစ် သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းသို့ တိုက်ခိုက်ခံရခြင်းဆိုသည်ကို အတည်ပြုခဲ့သည်။

PRESS TV
Mizzima - News in Burmese 

No comments:

Post a Comment