Tuesday 13 January 2015

မိုဇမ်ဘစ်တွင် ရိုးရာဘီယာအဆိပ်သင့်၍ လူ ၅၆ဦး သေဆုံး

မိုဇမ်ဘစ်တွင် ရိုးရာဘီယာအ ဆိပ်သင့်သောကြောင့် လူ ၅၆ ဦး သေဆုံးသည်ဟု ကျန်းမာရေး အာဏာပိုင် များကဆိုသည်။

တေးတေးပြည်နယ်အရှေ့ မြောက်ပိုင်းရှိ ချိတီမာနှင့် ဆွန်ဂိုခ ရိုင်တို့တွင် နောက်ထပ်လူ ၄၉ ဦးတို့ကို ဆေးရုံသို့ တင်ပို့လိုက်ရ ပြီးအ ဆိပ်သင့်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် လူ ၁၄၆ ဦးတို့ကိုလည်း ဆေးရုံသို့ စေလွှတ်လိုက်ရကြောင်း ခရိုင်ကျန်း မာရေးအရာရှိ အလက်စ်အယ်လ် ဘာတိနီက မိုဇမ်ဘစ်ရေဒီယိုမှ ဖော် ပြသည်။

အဆိပ်အတောက်ဖြစ်စေသော ရိုးရာဘီယာကို သောက်ခဲ့သူများ သည် ဇန်နဝါရီ ၁ဝရက်၌ ထိုဒေသရှိ အသုဘအခမ်းအနား တစ်ခုသို့ တက်ရောက်ခဲ့သူများဖြစ်ကြသည် ဟု အယ်လ်ဘာတိနီက ဆိုသည်။

ရိုးရာမိုးဇမ်ဘစ်ဘီယာပွမ် ဘေးသည် လူးမှုန့်မှသော်လည်း ကောင်း၊ ပြောင်းမှုန့်မှသော်လည်း ကောင်း ချက်လုပ်သည့် ဘီယာဖြစ် သည်။

အသုဘ၌တိုက်သောဘီယာ သည် မိကျောင်းသည်းခြေအဆိပ် သင့်ထားပုံရသည်ဟု အာဏာပိုင်များက ယုံကြည်နေကြသည်။

စမ်းသပ်စစ်ဆေးရန် အဆိပ် သင့်သူများထံမှ သွေးနမူနာများနှင့် ရိုးရာဘီယာနမူနာများကို မြို့တော် မာပုတိုသို့ပေးပို့လိုက်သည် ဟု ပြည် နယ်ကျန်းမာရေး ညွှန်ကြားရေးမှူး ကားလ်မော့စ်ကဆိုသည်။

အသုဘအခမ်းအနား၌ ရိုးရာဘီယာသောက်ခဲ့သူများသည် ကျန်းမာရေးကောင်းသူများဖြစ်ကြောင်း၊ အသုဘ၌ ရိုးရာဘီ ယာသောက်ပြီး မှသာ ဖောက်ပြန်ပြီး နာမကျန်းဖြစ် လာကြကြောင်း အာဏာပိုင်များက ဆိုသည်။

ဧည့်သည်များ သချိုင်းသို့ အသုဘသွားပို့နေစဉ် ဘီယာထဲ၌ အဆိပ်ခပ်ထားသည်ဟု ယုံကြည်ကြောင်း အာဏာပိုင်များကဆို သည်။ သေဆုံးသူများတွင် ဘီယာချက်သူ အမျိုးသမီးလည်း ပါဝင်သည်။ ထိုကိစ္စကို ရဲက စုံစမ်းစစ် ဆေးနေသည်။

Ref : The Guardian
‎Democracytoday‬

No comments:

Post a Comment