Tuesday 13 January 2015

စည်ပင် ရေပိုက်သွယ်တန်းသည့် ကိစ္စ မကျေနပ်၍ တိုင်းဝန်ကြီးချုပ်ထံ တိုင်မည်

မင်္ဂလာဒုံမြို့နယ် ၃/ခရပ်ကွက်တွင် စည်ပင်၏ရေသန့်ရေပိုက်သွယ်တန်းသည့် ကိစ္စမကျေနပ်၍ ရန်ကုန် တိုင်းဝန်ကြီးချုပ်ထံ ရပ်ကွက် နေပြည်သူများက တိုင်ကြားမည်ဟု အဆိုပါရပ်ကွက်မှ ရပ်ကွက်နေ ပြည်သူ ကိုဇော်လေးက ပြောသည်။

အဆိုပါရပ်ကွက်တွင် ရပ်ကွက် ရေရရှိ ရေးကော်မတီက ၂၀၁၄ သြဂုတ်လက စည်ပင်ရေပိုက်မရောက်နိုင် သော နေရာများအတွက် ရေရ ရှိရန် ကိုယ်ထူကိုယ်ထအဖြစ် ရေပါမစ်ကြေးအပါအဝင် မီတာခများကို စည်ပင် ပင်မရေပိုက်နှင့် အနီးအဝေးပေါ် မူတည်၍ ငွေကျပ်နှစ်သောင်း မှ ခြောက်သောင်းအထိ ကောက်ခံ ခဲ့သည်။ ယင်းသို့ ကောက်ခံရာတွင် အိမ်တိုင်းသုံးလက်မ ပိုက်တစ်ပြေးညီ ဆင်ပေးမည်ဟု ဆိုကာ ကောက်ခံ ခဲ့သော်လည်း နှစ်လက်မ ပိုက်များသာ တပ်ဆင်ပေးခဲ့ သဖြင့်ရပ်ကွက် နေပြည်သူများက မကျေမနပ်ဖြစ် ကာ ဇန်န၀ါရီ ၁၁ ရက်က ရပ်ကွက်အုပ်ချုပ်ရေး မှူးနှင့် မင်္ဂလာဒုံမြို့နယ် ရေပေးဝေရေး တာဝန်ခံအပါအ၀င် တာဝန်ရှိသူများနှင့် ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်းရှင်းလင်းပွဲ၏ရလဒ်ကို ရပ်ကွက်နေပြည်သူများက မကျေနပ်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် မြို့တော် ၀န်ထံသို့ တိုင်ကြားမည်ဖြစ်သည်။

ကိုဇော်လေးက “ကျွန်တော်တို့ကိုပြောထားသလို သုံးလက်မပိုက်နဲ့ ပြန်လုပ်ပေးရင် လုပ်ပေး၊ ဒါမှ မဟုတ်ရင် ပိုငွေပြန်ပေးပေါ့” ဟု ပြောသည်။

မင်္ဂလာဒုံမြို့နယ် ရေပေးဝေရေး တာဝန်ခံဦးအောင်ဘညိုက “ရေလည်းရမယ်၊ အခွန်လည်း စနစ်တကျ ဖြစ် အောင် လုပ်ခဲ့တယ်။ သုံးလက် မပိုက် တပ်မယ်ဆို ဒီငွေနဲ့ ဘယ်လိုမှမလောက်ပါဘူး။ တိုင်မယ်ဆို လည်း ရှင်းလင်းဖို့ အဆင်သင့်ပါပဲဗျာ”ဟု ပြောသည်။

၃/ခ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းက “ရပ်ကွက် ရေတကယ်ရအောင် ကြိုးစားခဲ့တယ်။ ဒီအပေါ်မှာ တစ်ဖက် သတ် အမြင်စောင်းတာပါ။ ဒီကိစ္စမှာ လော်မာမှုတစ်ခုမှ မရှိဘူးဗျ”ဟု ပြောသည်။

အဆိုပါရေသွယ်ယူမှုနှင့်ပတ်သက်၍ ဇန်န၀ါရီ ၁၁ ရက်တွင် ရှင်းလင်းပွဲ ပြုလုပ်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Mizzima - News in Burmese 

No comments:

Post a Comment