Tuesday 13 January 2015

ထိုင်းနိုင်ငံသား ထံမှ ထိုင်းငွေစက္ကူအတုများ တာချီလိတ်၌ ဖမ်းဆီးရရှိ

Photo: ထိုင်းနိုင်ငံသား ထံမှ ထိုင်းငွေစက္ကူအတုများ တာချီလိတ်၌ ဖမ်းဆီးရရှိ
Tuesday, January 13, 2015

ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့နယ်ရှိ တာလော့ဈေးအတွင်း၌ တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ရောက်ရှိလာသည့် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးထံမှ ထိုင်းဘတ်ငွေ အတုများကို ဇန်န၀ါရီလ
(၁၂)ရက် နေ့လယ်ပိုင်းက ဖမ်းဆီး သိမ်းဆည်းရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ချင်းရိုင်းမြို့နယ်၊ မယ်ဆိုင် - ချင်းရိုင်းလမ်းအနီးတွင် နေထိုင်သူ Mr.Audomsak သည် မယ်ဆိုင်မြို့မှ တဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ရောက်ရှိလာပြီး အမှတ်(၁) ချစ်ကြည်ရေး တံတားအနီးရှိ တာလော့ဈေးတွင် ထိုင်းဘတ်ငွေ အတုများဖြင့် ဈေးဝယ်နေစဉ် ဆိုင်ရှင်မှ မသင်္ကာ၍ မေးမြန်းရာ ထွက်ပြေးတိမ်းရှောင်သွားသည့် အတွက် ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် တာဝန်သိ ပြည်သူများဖြစ်သည့် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ်တက္ကစီသမားများ၊ ဈေးသည်များ၊ ၊ ရပ်ကွက် အဖွဲ့ဝင်များမှ စုပေါင်း၍ ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ရွှေတာချီခရီးသွားလုပ်ငန်း ဆိုင်ကယ်တက္ကစီ အဖွဲ့မှ ကော်မတီဝင် ဦးကျော်မြင့်က "ထိုင်းနိုင်ငံသားတစ်ဦး ဘတ်ငွေ တစ်ထောင်တန်အတုနဲ့ တာလော့ဈေးမှာ ၀ယ်နေတုန်း ဆိုင်ရှင်က မသင်္ကာလို့ စစ်မေးတဲ့အခါမှာ ထိုင်းနိုင်ငံသားက ထွက်ပြေးတိမ်းရှောင်လို့ ရွှေတာချီဆိုင်ကယ် တက္ကစီအဖွဲ့က ပါဝင်ပြီး အများနဲ့အတူ ရှာဖွေပြီး ၀ိုင်းဝန်း ဖမ်းဆီးခဲ့ကြပါတယ်"ဟု ပြောသည်။
"အခုလို ထိုင်းဘတ်ငွေတွေနဲ့အတူ ဖမ်းဆီးရမိတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မယ်ဆိုင်ဘက်က သက်ဆိုင်ရာတွေလည်း လာကြည့်သွားတယ်၊ ကျွန်တော်တို့ဘက်ကလည်း ဥပဒေအရ အရေးယူဆောင်ရွက် ထားပါတယ်.."ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက ပြောသည်။
ဖမ်းဆီးရမိသော ထိုင်းနိုင်ငံသားထံမှ ထိုင်းဘတ်ငွေအတု တစ်ထောင်တန်(၁၈)ရွက် နှင့် တစ်ရာတန်(၁၆)ရွက်တို့အား ရှာဖွေတွေ့ရှိရ၍ တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၁၃/၂၀၁၅ ပြစ်မှုပုဒ်မ ၄၈၉(ခ)(ဂ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရှိရသည်။
တာချီလိတ်မြို့တွင် ယခုလို ထိုင်းငွေစက္ကူအတုများ ဖမ်းဆီးရမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ (၀၁း၃၀)နာရီအချိန်ခန့်က လူမျိုးခြား (၄)ဦးထံမှ ထိုင်းဘတ်ငွေစက္ကူအတု တစ်ထောင်တန် (၂၅၀)ရွက်အား ဖမ်းဆည်းသိမ်းရမိခဲ့ကြောင်းကို မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းထံမှ သိရှိရသည်။

Tachileik Online News
ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့နယ်ရှိ တာလော့ဈေးအတွင်း၌ တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ရောက်ရှိလာသည့် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးထံမှ ထိုင်းဘတ်ငွေ အတုများကို ဇန်န၀ါရီလ(၁၂)ရက် နေ့လယ်ပိုင်းက ဖမ်းဆီး သိမ်းဆည်းရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှသိရသည်။

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ချင်းရိုင်းမြို့နယ်၊ မယ်ဆိုင် - ချင်းရိုင်းလမ်းအနီးတွင် နေထိုင်သူ Mr.Audomsak သည် မယ်ဆိုင်မြို့မှ တဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ရောက်ရှိလာပြီး အမှတ်(၁) ချစ်ကြည်ရေး တံတားအနီးရှိ တာလော့ဈေးတွင် ထိုင်းဘတ်ငွေ အတုများဖြင့် ဈေးဝယ်နေစဉ် ဆိုင်ရှင်မှ မသင်္ကာ၍ မေးမြန်းရာ ထွက်ပြေးတိမ်းရှောင်သွားသည့် အတွက် ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် တာဝန်သိ ပြည်သူများဖြစ်သည့် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ်တက္ကစီသမားများ၊ ဈေးသည်များ၊ ၊ ရပ်ကွက် အဖွဲ့ဝင်များမှ စုပေါင်း၍ ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ရွှေတာချီခရီးသွားလုပ်ငန်း ဆိုင်ကယ်တက္ကစီ အဖွဲ့မှ ကော်မတီဝင် ဦးကျော်မြင့်က "ထိုင်းနိုင်ငံသားတစ်ဦး ဘတ်ငွေ တစ်ထောင်တန်အတုနဲ့ တာလော့ဈေးမှာ ၀ယ်နေတုန်း ဆိုင်ရှင်က မသင်္ကာလို့ စစ်မေးတဲ့အခါမှာ ထိုင်းနိုင်ငံသားက ထွက်ပြေးတိမ်းရှောင်လို့ ရွှေတာချီဆိုင်ကယ် တက္ကစီအဖွဲ့က ပါဝင်ပြီး အများနဲ့အတူ ရှာဖွေပြီး ၀ိုင်းဝန်း ဖမ်းဆီးခဲ့ကြပါတယ်"ဟု ပြောသည်။

"အခုလို ထိုင်းဘတ်ငွေတွေနဲ့အတူ ဖမ်းဆီးရမိတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မယ်ဆိုင်ဘက်က သက်ဆိုင် ရာ တွေလည်း လာကြည့်သွားတယ်၊ ကျွန်တော်တို့ဘက်ကလည်း ဥပဒေအရ အရေးယူ ဆောင်ရွက် ထားပါ တယ်.."ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက ပြောသည်။ 

ဖမ်းဆီးရမိသော ထိုင်းနိုင်ငံသားထံမှ ထိုင်းဘတ်ငွေအတု တစ်ထောင်တန်(၁၈)ရွက် နှင့် တစ်ရာတန်(၁၆)ရွက်တို့အား ရှာဖွေတွေ့ရှိရ၍ တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၁၃/၂၀၁၅ ပြစ်မှုပုဒ်မ ၄၈၉(ခ)(ဂ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရှိရသည်။ 

တာချီလိတ်မြို့တွင် ယခုလို ထိုင်းငွေစက္ကူအတုများ ဖမ်းဆီးရမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ (၀၁း၃၀)နာရီအချိန်ခန့်က လူမျိုးခြား (၄)ဦးထံမှ ထိုင်းဘတ်ငွေစက္ကူအတု တစ်ထောင်တန် (၂၅၀)ရွက်အား ဖမ်းဆည်းသိမ်းရမိခဲ့ကြောင်းကို မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်း ထံမှ သိရှိရသည်။

Tachileik Online News

No comments:

Post a Comment