Tuesday 13 January 2015

ပြင်သစ်နိုင်ငံတ၀န်း လုံခြုံရေး ၁ သောင်း တိုးမြှင့်

လွန်ခဲ့တဲ့ ၃ ရက်က ပြင်သစ်မြို့တော်နဲ့ ပတ်ဝန်းကျင်မှာ အကြမ်းဖက်တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့အပြီး ပြင်သစ်နိုင်ငံရဲ့ လုံခြုံရေးဆက်လက် ခြိမ်းခြောက်နေသေးတာကြောင့် နိုင်ငံတ၀န်းတပ်အင်အား ၁ သောင်း တိုးမြှင့်ချထားတယ်လို့ ပြင်သစ်ဝန်ကြီးချုပ်က ကြေညာပါတယ်။

သေနတ်သမားတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့သူတွေလို့ ယုံကြည်ရတဲ့သူတွေကို ပြင်သစ်ရဲတွေက လိုက်ရှာနေကြပါတယ်။ ဇန်န၀ါရီလ ၁၂ ရက်နေ့က အရေးပေါ်လုံခြုံရေးအစည်းအဝေး အပြီးမှာ နိုင်ငံတ၀န်း လုံခြုံရေးအင်အား တိုးမြှင့်လိုက်တာလည်းဖြစ်ပါတယ်။

ပါရီမြို့တော်မှာ တိုက်ခိုက်ခဲ့သူ ၃ ဦးလုံးကို ဇန်န၀ါရီလ ၁၆ ရက်နေ့က ပြင်သစ်လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အသေပစ်သတ်လိုက်ခဲ့ကြပါတယ်။ ဇန်န၀ါရီလ ၁၁ ရက်နေ့က သေနတ်သမား တဦးရဲ့ တိုက်ခိုက်မှု အစီအစဉ်တွေကို ပြောပြနေပုံတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတခု ထွက်ပေါ်လာခဲ့ပြီး အဲဒီဗွီဒီယိုကို အင်တာနက်ပေါ်တင်လိုက်သူကိုလည်း ပြင်သစ်ရဲတွေက ရှာဖွေနေကြပါတယ်။

ပြင်သစ်နိုင်ငံဟာ မွတ်စလင်အကြမ်းဖက်တွေနဲ့ စစ်ဆင်ရေးကာလကို ဖြတ်သန်းနေရတာ ဖြစ်တယ် လို့လည်း ၀န်ကြီးချုပ်က ပြောဆိုပါတယ်။

ပြင်သစ်နိုင်ငံတ၀န်းက ဂျူးစာသင်ကျောင်း ၇၀၀ ကို လုံခြုံရေးအင်အား ၅ ထောင် တာဝန်ယူထားကြ ပါတယ်။

ကုန်တိုက်တခုမှာ ဓားစာခံဖမ်းဆီးခဲ့တဲ့ သေနတ်သမား Coulibaly ရဲ့ အဖော် ကိုလည်း ပြင်သစ်ရဲတွေက ရှာဖွေနေကြချိန်မှာပဲ သူဟာ ဆီးရီးယားနိုင်ငံထဲကို ၀င်ရောက်သွားပြီလို့ တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

Coulibaly က ပြင်သစ်ရဲမေတဦးကို ပစ်သတ်ခဲ့တဲ့ လွန်ခဲ့တဲ့ သောကြာနေ့မှာပဲ တူရကီနိုင်ငံကို ဖြတ်ပြီး ဆီးရီးယားနိုင်ငံတွင်း ၀င်ရောက်သွားတာလို့ ပြောဆိုပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း သေဆုံးသွားကြတဲ့သူ ၁၇ ဦး ကို ဂုဏ်ပြု ချီတက်ပွဲ ပြင်သစ်နိုင်ငံ တ၀န်းမှာ ဇန်န၀ါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့ပြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေနဲ့အတူ ချီတက်သူ ၃.၇ သန်း ရှိခဲ့တယ်လို့ ဖော်ပြပါ တယ်။ ပဲရစ်မြို့တော်မှာတော့ ချီတက်သူ ၁.၆ သန်းလောက်ရှိခဲ့တယ်လို့ သိရ ပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment