Tuesday 13 January 2015

တရုတ်သို့ မြန်မာ့ဆန် တရားဝင်ရောင်းချနိုင်ရေး ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်နေ

Photo: တရုတ်သို့ မြန်မာ့ဆန် တရားဝင်ရောင်းချနိုင်ရေး ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်နေ
Tuesday, January 13, 2015

မြန်မာနိုင်ငံသည် တရုတ်သို့ ဆန်တင်ပို့ရာတွင် ထိုင်း၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံ များနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အတွင်းရေးမှူး ဦးရဲမင်းအောင်က တရုတ်သို့ လေးရက်ကြာ ဆန်တင်ပို့ရေးအတွက် သွားရောက် ဆွေးနွေးချက်များအပေါ် အခြေခံကာ ပြောသည်။

ရန်ကုန်မြို့ရှိ ဆန်ပွဲရုံတစ်ရုံတွင် ဆန်အိတ်များ အတင်အချပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) တရုတ်သို့ တရားဝင်ဆန်တင်ပို့နိုင်ရန် ကနဦး စတင်တင်ပို့ရောင်းချမည့် ကုမ္ပဏီ ၁၀ ခုထက်မပိုသော အရေအတွက်ကို အမြန်ဆုံးရွေးချယ်ကာ ပေးပို့ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်စက်အသင်း၊ ဆန်စပါးကုန်သည်အသင်း၊ မူဆယ်၊ မန္တလေးဆန်ကုန် စည်ဒိုင်များမှ ကိုယ်စားလှယ်များ၊ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့နှင့် တရုတ်နိုင်ငံ ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေးနှင့် ကွပ်ကဲရေးအာဏာပိုင် ဝန်ကြီးဌာန (AQSIQ) တို့သည် တရုတ်နိုင်ငံတွင် လေးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ၏ လက်ရှိမူဝါဒအရ ဆန်တန်ချိန် ငါးသန်းခန့် နှစ်စဉ်ခွဲတမ်း (Quota) ထုတ်ပေးနေပြီး ယခင်နှစ်က ခွဲတမ်းအဖြစ် တန်ချိန် ငါးသန်း ထုတ်ပေးခဲ့သော်လည်း ဈေးကွက်လိုအပ်ချက်အရ တန်ချိန် သုံးသန်းကျော်ကိုသာ တင်သွင်းခဲ့သည်ဟု ဆိုသည်။

ခွဲတမ်းများ ထုတ်ပေးရာတွင် ပုဂ္ဂလိက ကုမ္ပဏီများကို ၅၀ ရာခိုင်နှုန်း ထုတ်ပေးပြီး ကျန်ရှိသည့် ခွဲတမ်း ၅၀ ရာခိုင်နှုန်းကို တရုတ်အစိုးရပိုင် COFCO ကို ထုတ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် တရုတ်သို့ ဆန်တင် သွင်းရာတွင် ဒေသတွင်း ခြောက်နိုင်ငံနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်နေခြင်း ဖြစ်သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံချုပ်ဆိုထားသည့် သဘာတူစာချုပ်အရ မြန်မာမှ ၂၀၁၅ ဇန်န၀ါရီလတွင် ပင်လယ် ရေကြောင်းမှ ဆန်တန်ချိန် တစ်သိန်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ဆန်တန်ချိန် တစ်သိန်း စုစု ပေါင်း ဆန်တန်ချိန် နှစ်သိန်း တင်ပို့ရန် သဘာတူညီမှု ရရှိထားပြီး ဖြစ်သည်။

တရုတ်သို့ တရားဝင် ဆန်တင်ပို့နိုင်ရန် ကနဦး စတင်တင်ပို့ရောင်းချမည့်ကုမ္ပဏီ ၁၀ ခုထက်မပိုသော အရေအတွက်ကို အမြန်ဆုံးရွေးချယ် ကာ တရုတ်ဘက်သို့ ပေးပို့ရမည်ဖြစ်ပြီး AQSIQ လက်မှတ် ထုတ်ပေးမည့် တရုတ် ကုန်စည်စစ်ဆေးရေးအဖွဲ့ (CCIC) ရန်ကုန်၌ ရုံးခန်းဖွင့်လှစ်နိုင်ရန် အမြန်ဆုံး ဆောင်ရွက်ရမည် ဖြစ်သည်။

တရုတ်သို့ ဆန်တင်ပို့နိုင်ရန် ကုမ္ပဏီ ၁၀ ခုထက်မပိုသော အရေအတွက်ကိုသာ တရုတ်ဘက်မှ တောင်းခံထားခြင်းကြောင့် တစ်ဦးချင်း၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများထက် အသင်းအဖွဲ့ပိုင် ကုမ္ပဏီများ၊ ဆန်ကုန်သည် အများစုပါဝင်သည့် ကုမ္ပဏီများနှင့် ဆန်ကုန်စည်ဒိုင်၊ ကုန်သည်များကို အခြေပြုသည့် ကုမ္ပဏီများကိုသာ ဦးစားပေး စာရင်းသွင်းရန် အကြံပြုထားသည်ဟု မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း၊ ဗဟိုအလုပ် အမှုဆောင် ဦးနေလင်းဇင်က ပြောသည်။

Mizzima - News in Burmese

ရန်ကုန်မြို့ရှိ ဆန်ပွဲရုံတစ်ရုံတွင် ဆန်အိတ်များ အတင်အချပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 

မြန်မာနိုင်ငံသည် တရုတ်သို့ ဆန်တင်ပို့ရာတွင် ထိုင်း၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံ များနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အတွင်းရေးမှူး ဦးရဲမင်းအောင်က တရုတ်သို့ လေးရက်ကြာ ဆန်တင်ပို့ရေးအတွက် သွားရောက် ဆွေးနွေးချက်များအပေါ် အခြေခံကာ ပြောသည်။
တရုတ်သို့ တရားဝင်ဆန်တင်ပို့နိုင်ရန် ကနဦး စတင်တင်ပို့ရောင်းချမည့် ကုမ္ပဏီ ၁၀ ခုထက်မပိုသော အရေအတွက်ကို အမြန်ဆုံးရွေးချယ်ကာ ပေးပို့ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်စက်အသင်း၊ ဆန်စပါးကုန်သည်အသင်း၊ မူဆယ်၊ မန္တလေးဆန်ကုန် စည်ဒိုင်များမှ ကိုယ်စားလှယ်များ၊ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့နှင့် တရုတ်နိုင်ငံ ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေးနှင့် ကွပ်ကဲရေးအာဏာပိုင် ဝန်ကြီးဌာန (AQSIQ) တို့သည် တရုတ်နိုင်ငံတွင် လေးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ၏ လက်ရှိမူဝါဒအရ ဆန်တန်ချိန် ငါးသန်းခန့် နှစ်စဉ်ခွဲတမ်း (Quota) ထုတ်ပေးနေပြီး ယခင်နှစ်က ခွဲတမ်းအဖြစ် တန်ချိန် ငါးသန်း ထုတ်ပေးခဲ့သော်လည်း ဈေးကွက်လိုအပ်ချက် အရ တန်ချိန် သုံးသန်းကျော်ကိုသာ တင်သွင်းခဲ့သည်ဟု ဆိုသည်။

ခွဲတမ်းများ ထုတ်ပေးရာတွင် ပုဂ္ဂလိက ကုမ္ပဏီများကို ၅၀ ရာခိုင်နှုန်း ထုတ်ပေးပြီး ကျန်ရှိသည့် ခွဲတမ်း ၅၀ ရာခိုင်နှုန်းကို တရုတ်အစိုးရပိုင် COFCO ကို ထုတ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် တရုတ်သို့ ဆန်တင် သွင်းရာတွင် ဒေသတွင်း ခြောက်နိုင်ငံနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်နေခြင်း ဖြစ်သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံချုပ်ဆိုထားသည့် သဘာတူစာချုပ်အရ မြန်မာမှ ၂၀၁၅ ဇန်န၀ါရီလတွင် ပင်လယ် ရေကြောင်းမှ ဆန်တန်ချိန် တစ်သိန်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ဆန်တန်ချိန် တစ်သိန်း စုစု ပေါင်း ဆန်တန်ချိန် နှစ်သိန်း တင်ပို့ရန် သဘာတူညီမှု ရရှိထားပြီး ဖြစ်သည်။

တရုတ်သို့ တရားဝင် ဆန်တင်ပို့နိုင်ရန် ကနဦး စတင်တင်ပို့ရောင်းချမည့်ကုမ္ပဏီ ၁၀ ခုထက်မပိုသော အရေအတွက်ကို အမြန်ဆုံးရွေးချယ်ကာ တရုတ်ဘက်သို့ ပေးပို့ရမည်ဖြစ်ပြီး AQSIQ လက်မှတ် ထုတ်ပေး မည့် တရုတ် ကုန်စည်စစ်ဆေးရေးအဖွဲ့ (CCIC) ရန်ကုန်၌ ရုံးခန်းဖွင့်လှစ်နိုင်ရန် အမြန်ဆုံး ဆောင်ရွက် ရမည် ဖြစ်သည်။

တရုတ်သို့ ဆန်တင်ပို့နိုင်ရန် ကုမ္ပဏီ ၁၀ ခုထက်မပိုသော အရေအတွက်ကိုသာ တရုတ်ဘက်မှ တောင်းခံ ထားခြင်းကြောင့် တစ်ဦးချင်း၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများထက် အသင်းအဖွဲ့ပိုင် ကုမ္ပဏီများ၊ ဆန်ကုန်သည် အများစုပါဝင်သည့် ကုမ္ပဏီများနှင့် ဆန်ကုန်စည်ဒိုင်၊ ကုန်သည်များကို အခြေပြုသည့် ကုမ္ပဏီများကိုသာ ဦးစားပေး စာရင်းသွင်းရန် အကြံပြုထားသည်ဟု မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်း၊ ဗဟိုအလုပ် အမှုဆောင် ဦးနေလင်းဇင်က ပြောသည်။

Mizzima - News in Burmese 

No comments:

Post a Comment