Tuesday 13 January 2015

ရခိုင်-ဘင်္ဂါလီအရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု ရခိုင် တိုင်းရင်းသား များ ရပ်ဆိုင်းလိုက်ပြီ

ရခိုင်- ဘင်္ဂါလီပဋိပက္ခကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းနှင့်တွေ့ ဆုံဆွေးနွေးကာ ပူးပေါင်း ဆောင်ရွက်မှုကို ရခိုင်တိုင်းရင်း သားများအနေ ဖြင့် ဆက်လက်မလုပ်တော့ဘဲ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရခိုင်နှင့် ဘင်္ဂါလီပြဿနာကို လက်ရှိမြန်မာ့နိုင်ငံရေးကစားကွက်တစ်ခုကဲ့သို့ ကစားနေကြသည်ဟု ယူဆ သည့် အတွက် ရခိုင်တိုင်းရင်းသားများအနေဖြင့် ကစားခံမဖြစ်စေရန် ယခုကဲ့သို့ရပ်ဆိုင်း လိုက်ရ ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်က ပြောသည်။

''ဘင်္ဂါလီ-ရခိုင်ပဋိပက္ခပြေငြိမ်း ရေးအတွက် နိုင်ငံတကာအဖွဲ့ စည်းတွေ၊ သံရုံးတွေနဲ့တွေ့ဆုံမှုအား လုံး၊ အီးယူအပါအဝင် တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံမှု အားလုံးကို သူတို့ကိုယ်တိုင်ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းတစ်ခုသို့ရောက်တဲ့အထိ ကျွန်တော်တို့ရပ်ဆိုင်းသွား မှာပါ''ဟု ဒေါက်တာအေး မောင်က ပြောသည်။

ယင်းသို့ရပ်ဆိုင်းမည့်အကြောင်း နှင့်စပ်လျဉ်း၍ ယခုလ ၉ရက်နေ့ကလည်း ရခိုင်အမျိုးသားပါတီဗဟို အလုပ် အမှုဆောင် ကော်မတီဝင်များ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ရခိုင် အမျိုးသားပါတီက ပြည်နယ် ဝန်ကြီးချုပ် ထံ အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းအိတ်ဖွင့်ပေးစာတွင် (၆၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ တတိယကော်မတီ၏ဘင်္ဂါလီ အရေးနှင့်ပတ်သက်၍ ထွက်ပေါ်လာသောဆုံးဖြတ် ချက်မှာ ဒေသခံရခိုင် ပြည်သူများ၏ဆန္ဒကို အလေး မထားသည်သာမ က ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏အချုပ်အခြာအာဏာကိုပါထိပါးပြီး ကုလသမဂ္ဂက ထုတ်ပြန်ထားသောဒေသခံများ၏ အခွင့်အရေးဆိုင်ရာထုတ်ပြန်ထားချက်နှင့်လည်း ဆန့်ကျင်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ ဘင်္ဂါလီအရေးနှင့် ပတ် သက်ပြီး ၁၉၈၂ခုနှစ်၊ နိုင်ငံသားဥပ ဒေနှင့်အညီစိစစ်ပြီး နိုင်ငံသားဖြစ် ခွင့်ရသူများအား မြန်မာနိုင်ငံအတွင်း၌ လွတ်လပ်စွာအခြေချ၍နေ ထိုင်ခွင့်ပြုရေး၊ နိုင်ငံသားဖြစ်ခွင့်မ ရှိသော တရားမဝင်ဘင်္ဂါလီများကို နိုင်ငံတကာဥပဒေနှင့် အညီ ဆောင် ရွက်ရေးတို့အား လုံးဝလျစ်လျူရှုကာ ဖိအားပေးဆောင်ရွက်နေမှုများ ပြုလုပ်ကြခြင်းမှာ ရခိုင်ပြည်သူများအား မလိုလား အပ်သော အခြေအနေ များဖြစ်ပွားလာစေရန် သွေးထိုး လှုံ့ဆော်မှုများပြု ရာရောက်ကြောင်း ဖော်ပြထား သည်။

ယင်းအခြေအနေတွင် ရခိုင် ပြည်နယ်အစိုးရအနေဖြင့် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး တိကျသည့် အဖြေ တစ်ခုကို ထုတ်ပြန်ပေးရန်လိုပြီး ရခိုင်ပြည်သူတို့၏သဘောထားဆန္ဒများကို အလေးမထား သမျှကာ လပတ်လုံး ရခိုင်ပြည်သူတို့အနေဖြင့် အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်မည်သည့် အခါမျှ ပူးပေါင်း ဆောင်ရွက်တော့မည်မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီက ဆိုသည်။

''ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကို နိုင်ငံတကာက သဘောပေါက် သွားမှပဲ ကျွန်တော်တို့အနေနဲ့ဆက် လက်ပူးပေါင်းသွားမှာပါ''ဟု ဒေါက် တာအေးမောင်က ပြောသည်။

GC
Democracytoday‬

No comments:

Post a Comment