Tuesday 13 January 2015

ငွေချေးသက် သေခံလက်မှတ် ရောင်းဝယ်မှု ကုမ္ပဏီများကို အမြင့်ဆုံး မတည်ရင်းနှီးငွေ ကျပ် ၁၅ ဘီလီယံ သတ်မှတ်ထား

Photo: ငွေချေးသက် သေခံလက်မှတ် ရောင်းဝယ်မှု ကုမ္ပဏီများကို အမြင့်ဆုံး မတည်ရင်းနှီးငွေ ကျပ် ၁၅ ဘီလီယံ သတ်မှတ်ထား
Tuesday, January 13, 2015

 ငွေချေးသက်သေခံ လက်မှတ် ရောင်းဝယ်မည့် ကုမ္ပဏီများအတွက် လုပ်ငန်း လိုင်စင် လေးမျိုးခွဲခြားထားပြီး အမြင့်ဆုံး မတည်ရင်းနှီးငွေကို ကျပ် ၁၅ ဘီလီယံ သတ်မှတ်ထားသည်ဟု ချေးငွေသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ဇန်န၀ါရီ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ကျပ် ၁၅ ဘီလီလံ မတည်ပြီး ဖြန့်ချီရောင်းချခြင်းလုပ်ငန်း လိုင်စင်ရရှိထားသည့် ကုမ္ဗဏီသည် အခြားလုပ်ငန်းသုံးခုကိုလည်း လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

လုပ်ငန်းလိုင်စင်များကို ဖြန့်ချိရောင်းချခြင်း လုပ်ငန်းလိုင်စင်၊ ကိုယ်ပိုင်ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်၊ အကျိုးဆောင် ကိုယ်စားလှယ် လုပ်ငန်းလိုင်စင်နှင့် ရောင်းဝယ်မှုများအတွက် အကြံပေးလုပ်ငန်း လိုင်စင်စသည်ဖြင့် လေးမျိုးခွဲခြားထားခြင်း ဖြစ်သည်ဟု ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော် မရှင်၏ (၁/၂၀၁၄)ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၎င်းငွေချေး သက်သေခံလက်မှတ် ရောင်းဝယ်မှုကုမ္ပဏီများသည် အစိုးရငွေချေး သက်သေခံလက်မှတ် (Bond) များအပြင် စတော့ အိတ်ချိန်း ပေါ်ပေါက်လာပါကလည်း ပုဂ္ဂလိကကုမ္ပဏီရှယ်ယာများ ရောင်းဝယ်မှုများကိုလည်း လုပ်ကိုင်ကြလေ့ရှိသည်ဟု စီးပွားရေးလုပ်ငန်း တစ်ခုမှ အကြံပေးအဖြစ် လုပ်ကိုင်လျက်ရှိသူ ဦးလှမောင်က ပြောကြားသည်။

“ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်တဲ့ကုမ္ပဏီတွေကတော့ အစိုးရ Bond တွေကိုရော ပုဂ္ဂလိက ကုမ္ပဏီတွေက ရှယ်ယာတွေ ကိုပါ ရောင်းဝယ်ပေးတာ လုပ်ကြပါတယ်” ဟု ပြောသည်။ထုတ်ပြန်ကြေညာ ချက်အရ အမြင့်ဆုံးဖြစ်သော ကျပ်ငွေ ၁၅ ဘီလီယံ မတည်ရင်းနှီးငွေ ထည့်သွင်းကာ ဖြန့်ချိ ရောင်းချခြင်း လုပ်ငန်းလိုင်စင် ရရှိထားသည့် ကုမ္ပဏီသည် အခြားလုပ်ငန်း သုံးခုကိုလည်း လုပ်ကိုင်ခွင့်ရရှိမည်ဟု ဖော် ပြထားသည်။

ကိုယ်ပိုင်ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်ဖြင့် လုပ်ကိုင်မည့်ကုမ္ပဏီသည် ကျပ်ငွေ ၁၀ ဘီလီယံ၊ ကိုယ်စား လုပ်ငန်းလိုင်စင်ဖြင့် လုပ်ကိုင်မည့် ကုမ္ပဏီသည် ကျပ်ငွေ ခုနစ် ဘီလီယံနှင့် အကြံပေးလိုင်စင်ဖြင့် လုပ်ကိုင် မည့်ကုမ္ပဏီသည် ကျပ်ငွေ သန်း ၃၀ (၀ ဒသမ ၀၃ ဘီလီယံ)ဖြင့် အသီးသီးထည့် ၀င်ရမည်ဟု ကြေညာ ထားသည်။

ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီအဖြစ် လုပ်ကိုင်မည့်ကုမ္ပဏီသည် ကုမ္ပဏီမှတ်ပုံတင် ထားရှိပြီးဖြစ်ရ မည့်အပြင် လိုင်စင် ရရှိရေး လျှောက်ထားရာတွင်လည်း ကုမ္ပဏီအမည်ကို “ငွေချေးသက်သေခံ လက်မှတ်” အမည်ပါရှိရန် ပြောင်းလဲသတ်မှတ်ရမည်ဟု ပါရှိသည်။

ထို့အပြင် ဒါရိုက်တာအဖွဲ့များသည် နာမည်ပျက်စာရင်း(Black List) အထိခံထားရသူများကို လုပ်ကိုင်ခွင့်ပြု မည်မဟုတ်ဘဲ မတည်ရင်းနှီးငွေ ထည့်ဝင်ရာတွင် ဘဏ်ချေးငွေနှင့် အခွန်ဆောင်ထားခြင်း မရှိသည့် ငွေကြေးများဖြင့် ဆောင်ရွက်ခွင့်ရမည် မဟုတ်ဟုလည်း သတ်မှတ်ချက် ၌ ဖော်ပြထားသည်။

လျှောက်ထားသူများသည်လည်း မိမိ လျှောက်ထားလိုသည့် လိုင်စင်အမျိုးအစားအလိုက် ထည့်ဝင်ရမည့် မတည်ရင်းနှီးငွေ၏ ၁၀ ရာခိုင်နှုန်းကို အစိုးရငွေတိုက်စာချုပ် (bond) ၀ယ်ထားရမည်ဖြစ်သည်။ သို့မဟုတ် ပါက အစိုးရဘဏ်တွင် ဘဏ်စာရင်း ဖွင့်လှစ်ထားရှိရမည် ဖြစ်သည်။ ထိုသို့ထားရှိရာတွင် ငွေချေးသက် သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အမည်ဖြင့် ထားရှိရမည်ဖြစ်ပြီး နည်းလမ်းနှစ်မျိုးစလုံးဖြင့် ခွဲခြားကာ ထည့်သွင်းထားရမည်ဟုလည်း စည်းကမ်း သတ်မှတ်ထားသည်။

ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီလုပ်ကိုင်ရန် လိုင်စင်ရယူလိုသည့် ကုမ္ပဏီများသည် လျှောက်လွှာများကို မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ် တွင် ယခု ဇန်န၀ါရီ ၁၉ ရက်မှ စတင်ရယူနိုင်ကာ ဖေဖော်ဝါရီ ၂၇ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Mizzima - News in Burmese 

အစိုးရငွေချေးစာချုပ်များ ထုတ်ရောင်းနေသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ရုံးကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

 ငွေချေးသက်သေခံ လက်မှတ် ရောင်းဝယ်မည့် ကုမ္ပဏီများအတွက် လုပ်ငန်း လိုင်စင် လေးမျိုးခွဲခြား ထားပြီး အမြင့်ဆုံး မတည်ရင်းနှီးငွေကို ကျပ် ၁၅ ဘီလီယံ သတ်မှတ်ထားသည်ဟု ချေးငွေသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ဇန်န၀ါရီ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ကျပ် ၁၅ ဘီလီလံ မတည်ပြီး ဖြန့်ချီရောင်းချခြင်းလုပ်ငန်း လိုင်စင်ရရှိထားသည့် ကုမ္ဗဏီသည် အခြား လုပ်ငန်းသုံးခုကိုလည်း လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

လုပ်ငန်းလိုင်စင်များကို ဖြန့်ချိရောင်းချခြင်း လုပ်ငန်းလိုင်စင်၊ ကိုယ်ပိုင်ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်၊ အကျိုးဆောင် ကိုယ်စားလှယ် လုပ်ငန်းလိုင်စင်နှင့် ရောင်းဝယ်မှုများအတွက် အကြံပေးလုပ်ငန်း လိုင်စင် စသည်ဖြင့် လေးမျိုးခွဲခြားထားခြင်း ဖြစ်သည်ဟု ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော် မရှင်၏ (၁/၂၀၁၄)ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၎င်းငွေချေး သက်သေခံလက်မှတ် ရောင်းဝယ်မှုကုမ္ပဏီများသည် အစိုးရငွေချေး သက်သေခံလက်မှတ် (Bond) များအပြင် စတော့ အိတ်ချိန်း ပေါ်ပေါက်လာပါကလည်း ပုဂ္ဂလိကကုမ္ပဏီရှယ်ယာများ ရောင်းဝယ် မှုများကိုလည်း လုပ်ကိုင်ကြလေ့ရှိသည်ဟု စီးပွားရေးလုပ်ငန်း တစ်ခုမှ အကြံပေးအဖြစ် လုပ်ကိုင်လျက်ရှိသူ ဦးလှမောင်က ပြောကြားသည်။

“ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်တဲ့ကုမ္ပဏီတွေကတော့ အစိုးရ Bond တွေကိုရော ပုဂ္ဂလိက ကုမ္ပဏီတွေက ရှယ်ယာတွေ ကိုပါ ရောင်းဝယ်ပေးတာ လုပ်ကြပါတယ်” ဟု ပြောသည်။ထုတ်ပြန်ကြေညာ ချက်အရ အမြင့်ဆုံးဖြစ်သော ကျပ်ငွေ ၁၅ ဘီလီယံ မတည်ရင်းနှီးငွေ ထည့်သွင်းကာ ဖြန့်ချိ ရောင်းချခြင်း လုပ်ငန်းလိုင်စင် ရရှိထားသည့် ကုမ္ပဏီသည် အခြားလုပ်ငန်း သုံးခုကိုလည်း လုပ်ကိုင်ခွင့်ရရှိမည်ဟု ဖော် ပြထားသည်။

ကိုယ်ပိုင်ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်ဖြင့် လုပ်ကိုင်မည့်ကုမ္ပဏီသည် ကျပ်ငွေ ၁၀ ဘီလီယံ၊ ကိုယ်စား လုပ်ငန်းလိုင်စင်ဖြင့် လုပ်ကိုင်မည့် ကုမ္ပဏီသည် ကျပ်ငွေ ခုနစ် ဘီလီယံနှင့် အကြံပေးလိုင်စင်ဖြင့် လုပ်ကိုင် မည့်ကုမ္ပဏီသည် ကျပ်ငွေ သန်း ၃၀ (၀ ဒသမ ၀၃ ဘီလီယံ)ဖြင့် အသီးသီးထည့် ၀င်ရမည်ဟု ကြေညာ ထားသည်။

ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီအဖြစ် လုပ်ကိုင်မည့်ကုမ္ပဏီသည် ကုမ္ပဏီမှတ်ပုံတင် ထားရှိပြီးဖြစ်ရ မည့်အပြင် လိုင်စင် ရရှိရေး လျှောက်ထားရာတွင်လည်း ကုမ္ပဏီအမည်ကို “ငွေချေးသက်သေခံ လက်မှတ်” အမည်ပါရှိရန် ပြောင်းလဲသတ်မှတ်ရမည်ဟု ပါရှိသည်။

ထို့အပြင် ဒါရိုက်တာအဖွဲ့များသည် နာမည်ပျက်စာရင်း(Black List) အထိခံထားရသူများကို လုပ်ကိုင်ခွင့်ပြု မည်မဟုတ်ဘဲ မတည်ရင်းနှီးငွေ ထည့်ဝင်ရာတွင် ဘဏ်ချေးငွေနှင့် အခွန်ဆောင်ထားခြင်း မရှိသည့် ငွေကြေးများဖြင့် ဆောင်ရွက်ခွင့်ရမည် မဟုတ်ဟုလည်း သတ်မှတ်ချက် ၌ ဖော်ပြထားသည်။

လျှောက်ထားသူများသည်လည်း မိမိ လျှောက်ထားလိုသည့် လိုင်စင်အမျိုးအစားအလိုက် ထည့်ဝင်ရမည့် မတည်ရင်းနှီးငွေ၏ ၁၀ ရာခိုင်နှုန်းကို အစိုးရငွေတိုက်စာချုပ် (bond) ၀ယ်ထားရမည်ဖြစ်သည်။ သို့မဟုတ် ပါက အစိုးရဘဏ်တွင် ဘဏ်စာရင်း ဖွင့်လှစ်ထားရှိရမည် ဖြစ်သည်။ ထိုသို့ထားရှိရာတွင် ငွေချေးသက် သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အမည်ဖြင့် ထားရှိရမည်ဖြစ်ပြီး နည်းလမ်းနှစ်မျိုးစလုံးဖြင့် ခွဲခြားကာ ထည့်သွင်းထားရမည်ဟုလည်း စည်းကမ်း သတ်မှတ်ထားသည်။

ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီလုပ်ကိုင်ရန် လိုင်စင်ရယူလိုသည့် ကုမ္ပဏီများသည် လျှောက်လွှာများကို မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ် တွင် ယခု ဇန်န၀ါရီ ၁၉ ရက်မှ စတင်ရယူနိုင်ကာ ဖေဖော်ဝါရီ ၂၇ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Mizzima - News in Burmese 

No comments:

Post a Comment