Tuesday 13 January 2015

တောင်ကြီးမြို့ အကြမ်းဖက်ဆူပူမှု တရားခံများ ထောင်ဒဏ် စီရင်ခံရ

Photo: တောင်ကြီးမြို့ အကြမ်းဖက်ဆူပူမှု တရားခံများ ထောင်ဒဏ် စီရင်ခံရ
Tuesday, January 13, 2015 

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံတော် အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲ ခံထားရတဲ့ အစ္စလာမ်ဘာသာဝင် ၂၀ ဦးထဲက ၁၈ ဦးကို ထောင်ဒဏ် ၁၄ နှစ်စီ၊ တစ်ဦးကို ထောင်ဒဏ် ၁၉ နှစ်နဲ့ ၁ ဦးကို ၇ နှစ် ပြစ်ဒဏ်ကျခံဖို့ တောင်ကြီး ခရိုင်တရားရုံးက ဒီနေ့ အမိန့်ချ မှတ်လိုက်ပါတယ်။

အမိန့်ချခံရသူတွေရဲ့ မိသားစုဝင်တွေက ကျေနပ်မှုမရှိတဲ့အတွက် ရှမ်းပြည်နယ်တရားလွတ်တော်ထံ အယူ ခံဝင်ကြမယ်လို့ အမိန့်ချခံရသူ ၂၀ ဦးထဲက ၃ ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းရွှေ က ပြောပါတယ်။

"တရားစီရင်ရေးနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ကတော့ ဒီအမှုတွဲပေါ်ပေါက်ချက်အရဆိုရင်တော့ ကျနော်တို့ဘက်က ကျေနပ်မှုမရှိဘူး၊ အချခံရတဲ့ ပုဂ္ဂိုလ်တွေအားလုံးကတော့ သူတို့အသီးသီး ကျေနပ်မှုမရှိ ကြတဲ့အတွက်ကြောင့် ရှမ်းပြည်နယ်လွှတ်တော်ကို အသီးသီးအယူခံဝင်တယ်။

အမိန့်ချခံရသူ ၂၀ ဦးထဲက ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသူကို မိတ္တီလာအကျဉ်းထောင်ကို ပို့ဆောင်မှာ
ဖြစ်ပြီး ကျန်တဲ့ ၁၉ ဦးကို တောင်လေးလုံးအကျဉ်းထောင်ကို ပို့ဆောင်မှာဖြစ်ပါတယ်။ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံရသူ ဟာ နိုင်ငံတော်အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅ (ည)၊ ၅ (ဌ)အပြင် မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့နဲ့ အရေးယူခံရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၄ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့မှာ ကျင်းပတဲ့ အစ္စလာမ် ဘာ သာဝင် ဗလီဆရာတစ်ဦးရဲ့ မင်္ဂလာဆောင်ပွဲမှာ ထမင်းဟင်းချက်ပေးဖို့အတွက် အစ္စလာမ်ဘာသာဝင် ၁၄ ဦးတို့သွားရာလမ်းမှာ ရှမ်းပြည်နယ် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က ဖမ်းဆီးခဲ့တာ လို့ သိရပါ တယ်။

အဲဒီနောက်ပိုင်း တောင်ကြီးမြို့မှာ အမှုနဲ့ဆက်စပ်သူလို့ယူဆရသူ နောက်ထပ် ၄ ဦးအပြင် ကွန်ဟိန်းမြို့က မင်္ဂလာစုံတွဲကိုပါ ဖမ်းဆီးလိုက်တဲ့အတွက် စုစုပေါင်း ၂၀ ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါ တယ်။

RFA

No comments:

Post a Comment