Tuesday 13 January 2015

အစွန်းရောက်အကြမ်းဖက်တိုက်ဖျက်ရေးညီလာခံတစ်ခုကို ဝါရှင်တန်မြို့တွင် ဖေဖော်ဝါရီလ၌ ကျင်းပမည်

Photo: အစွန်းရောက်အကြမ်းဖက်တိုက်ဖျက်ရေးညီလာခံတစ်ခုကို ဝါရှင်တန်မြို့တွင် ဖေဖော်ဝါရီလ၌ ကျင်းပမည်
Tuesday, January 13, 2015

ပဲရစ်မြို့တွင် ဆိုးဆိုးရွားရွားတိုက် ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အစွန်း ရောက်အကြမ်းဖက်မှုတိုက်ဖျက်ရေး ညီလာခံတစ်ခုကို ဝါရှင်တန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း အမေ ရိကန်ရှေ့နေချုပ်အဲရစ်ဟိုဒါက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ထိုလုံခြုံရေးညီလာခံကို ဝါရှင် တန်မြို့တွင် ဖေဖော်ဝါရီလ ၁၈ရက် နေ့၌ ကျင်းပမည်ဟုလည်း ယင်းက ဆိုသည်။

''ကမ္ဘာတစ်ဝန်းလုံးမှာ ပေါ်ပေါက်နေတဲ့အစွန်းရောက်အ ကြမ်းဖက်မှုတွေကို ဘယ်လိုတုံ့ပြန် ရမလဲဆိုတဲ့နည်းလမ်းတွေ ကို ဆွေး နွေးဖို့ မဟာမိတ်နိုင်ငံတွေအားလုံး အတူတကွပါဝင်ဆောင်ရွက်သွားမှာ ပါ''ဟုလည်း ဟိုဒါက ပြောသည်။

လက်ရှိအချိန်တွင် ဟိုဒါသည် ပဲရစ် မြို့သို့ရောက်ရှိနေပြီး ပြင်သစ်ပြည် ထဲရေးဝန်ကြီးဘားနက်ကာဇန်အူဗီ ဦးဆောင်ကျင်းပသည့် အစည်းအ ဝေးသို့ တက်ရောက်လျက်ရှိသည်။

ထိုအစည်းအဝေးတွင်လည်း နောက် ထပ်အကြမ်းဖက်မှုများမပေါ်ပေါက် လာစေရန် ပို၍နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ရေး မူဝါဒများကို ချမှတ် ရန် ဥရောပ ၁၁ နိုင်ငံမှ ပြည်ထဲ ရေးဝန်ကြီး ၁၁ဦးက ဆွေးနွေးမှုပြု လုပ်ခဲ့သည်။

ထိုအစည်းအဝေးပြုလုပ်ပြီး နောက် ပြင်သစ်ပြည်ထဲရေးဝန်ကြီးက နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ခရီးသည်များကို ဂရုတစိုက်စစ်ဆေး ရန်နှင့် လေကြောင်းလိုင်းများသို့ စာရင်းပေးထားသည့် ခရီးသည်များ ၏ အချက်အလက်များကို စစ်ဆေး နိုင်သည့် စနစ်တစ်ခုကို အလျင်အ မြန်ဖော်ဆောင်ရန် လိုအပ်နေသည် ဟုလည်း ပြောခဲ့သည်။

Ref : Xinhua
Democracytoday
ပဲရစ်မြို့တွင် ဆိုးဆိုးရွားရွားတိုက် ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အစွန်း ရောက်အကြမ်းဖက်မှုတိုက်ဖျက်ရေး ညီလာခံတစ်ခုကို ဝါရှင်တန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း အမေ ရိကန်ရှေ့နေချုပ်အဲရစ်ဟိုဒါက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ထိုလုံခြုံရေးညီလာခံကို ဝါရှင် တန်မြို့တွင် ဖေဖော်ဝါရီလ ၁၈ရက် နေ့၌ ကျင်းပမည်ဟုလည်း ယင်းက ဆိုသည်။

''ကမ္ဘာတစ်ဝန်းလုံးမှာ ပေါ်ပေါက်နေတဲ့အစွန်းရောက်အ ကြမ်းဖက်မှုတွေကို ဘယ်လိုတုံ့ပြန် ရမလဲဆိုတဲ့ နည်းလမ်းတွေကို ဆွေးနွေးဖို့ မဟာမိတ်နိုင်ငံတွေအားလုံး အတူတကွပါဝင်ဆောင်ရွက်သွားမှာ ပါ''ဟုလည်း ဟိုဒါက ပြောသည်။

လက်ရှိအချိန်တွင် ဟိုဒါသည် ပဲရစ် မြို့သို့ရောက်ရှိနေပြီး ပြင်သစ်ပြည် ထဲရေးဝန်ကြီးဘားနက်ကာဇန်အူဗီ ဦးဆောင်ကျင်းပသည့် အစည်းအ ဝေးသို့ တက်ရောက်လျက်ရှိသည်။

ထိုအစည်းအဝေးတွင်လည်း နောက်ထပ်အကြမ်းဖက်မှုများမပေါ်ပေါက် လာစေရန် ပို၍နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ရေး မူဝါဒများကိုချမှတ်ရန် ဥရောပ ၁၁ နိုင်ငံမှ ပြည်ထဲ ရေးဝန်ကြီး ၁၁ဦးက ဆွေးနွေးမှုပြု လုပ်ခဲ့သည်။

ထိုအစည်းအဝေးပြုလုပ်ပြီးနောက် ပြင်သစ်ပြည်ထဲရေးဝန်ကြီးက နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ခရီး သည်များကို ဂရုတစိုက်စစ်ဆေး ရန်နှင့် လေကြောင်းလိုင်းများသို့ စာရင်းပေးထားသည့် ခရီးသည်များ၏ အချက်အလက်များကို စစ်ဆေး နိုင်သည့် စနစ်တစ်ခုကို အလျင်အ မြန်ဖော်ဆောင်ရန် လိုအပ်နေသည် ဟုလည်း ပြောခဲ့သည်။

Ref : Xinhua
‎Democracytoday‬

No comments:

Post a Comment