Tuesday 13 January 2015

ကယား ပါတီသုံးခု မဟာမိတ် ဖွဲ့လိုက်ပြီ

ကယားတိုင်းရင်းသားပါတီ သုံးခု ဇန်နဝါရီ ၁၂ ရက်က မဟာမိတ်ပါတီများအဖြစ် ပူးပေါင်းလိုက်ပြီ ဖြစ် ကြောင်း ကယားလူမျိုးစု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစောဒယ်နီယာက မဇ္ဈိမကို ပြောသည်။

ကယားတိုင်းရင်းသားပါတီများဖြစ်သည့် ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယား ပြည်နယ်)နှင့် ကယားလူမျိုးစု ဒီမိုကရေစီပါတီတို့က ၄ ကြိမ်မြောက် ဆွေးနွေးပွဲကို လွိုင်ကော်မြို့ ကယား လူမျိုးစု ဒီမိုကရေစီပါတီရုံးတွင် ပြုလုပ်ခဲ့ပြီး ပူးပေါင်းလိုက်ခြင်းဖြစ်ပြီး ထိုသို့ မဟာမိတ်ပါတီများအဖြစ် ပူးပေါင်း လိုက်ခြင်းကိုလည်း  ဇန်နဝါရီလ ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ဦးစောဒယ်နီယာက “နိုင်ငံရေးအရ  ကယားပြည်သူတွေ တောင်းဆိုတဲ့ကိစ္စကို ပါတီသုံးခုက ပူးပေါင်း လိုက်တာပါ။ တိုင်းရင်းသားဒေသမှာ လိုအပ်တဲ့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာနိုင် ပါတီသုံးခုက အမြင် တူတဲ့ ဟာတွေကို ပူးပေါင်းလုပ်ဆောင်သွားမယ်”ဟု ပြောသည်။

ထုတ်ပြန်ကြေညာချက်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အခွင့်အရေးဖြစ်သော လွတ်လပ်ခြင်း၊ တရား မျှတခြင်း၊ တန်းတူညီမျှခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ထွန်း ပေါ်ပေါက် လာစေရေးအတွက် ပါတီသုံးခုအနေဖြင့် ပူးပေါင်းဆောင် ရွက်သွားမည်ဟု လည်း ဖော်ပြပါရှိ သည်။

ကယန်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက “ ၂၀၁၅ ရွေးကောက်ပွဲကျရင် ကျွန်တော်တို့ အချင်းချင်း မပြိုင်ဘဲ မဲဆန္ဒနယ်ကို ညှိနှိုင်းဆွေးနွေးသွားမှာပါ။ မဲထည့်မယ့် မဲဆန္ဒရှင်ကလည်း မှုန်မှုန် ဝါးဝါးမဖြစ်အောင် မဲသဲကွဲအောင် ကျွန်တော်တို့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။

ယင်းအပြင် ပြည်တွင်းစစ်ရပ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးပီပီပြင်ပြင် ဖြစ်ထွန်း ပေါ်ပေါက် စေရန်၊ အမျိုးသားများပြန်လည်သင်မြတ်ရေးကို ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲ ဆောင် ရွက်သွားမည်ဟူ၍လည်းကောင်း၊ ကယားပြည်နယ်ဒေသအတွင်း နိုင်ငံရေးအင်အားစုများနှင့် ပြည်သူလူထု အားလုံး ပါဝင်သော ဘုံသဘောတူညီချက်ရရှိနိုင်ရန် ညီလာခံတစ်ရပ်ကြိုးပမ်းသွားမည် ဟုလည်း ကြေညာ ထားသည်။ 

Mizzima - News in Burmese 

No comments:

Post a Comment