Tuesday 13 January 2015

တရုတ်နိုင်ငံသူတစ်ဦး တက္ကစီယာဉ်မောင်း၏ လုယက်ခံရ

တရုတ်ဘာသာစကား သင်ကြားပေးနေသော တရုတ်လူမျိုး ဆရာမတစ်ဦးတွင် ပါလာသည့်ပစ္စည်းများကို တက္ကစီ ယာဉ်မောင်းက လုယက်ထွက်ပြေးမှု တစ်ခု ကမာရွတ်မြို့နယ်တွင်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်ရှိသင်တန်းကျောင်းတစ်ခုတွင် တရုတ်ဘာသာစကား သင်ကြားပေးနေသော တရုတ်လူမျိုး ဆရာမတစ်ဦးသည် ဇန်နဝါရီ ၁၁ရက် ညဉ့်သန်းခေါင်ကျော်အချိန် က ဆီဒိုးနားဟိုတယ်ရှေ့မှ ကားငှား စီးကာ အိမ်ပြန်ရာမှ(ယာဉ်နံပါတ် မမှတ်မိ-ဆလွန်းကားအဖြူ) ယခုကဲ့သို့ လုယက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အငှားယာဉ်စီးပြီး ၎င်းနေထိုင်ရာ ကမာရွတ်မြို့နယ်သို့ပြန်လာခဲ့ရာ နေအိမ်တိုက်ခန်းရှေ့အရောက် တွင် ကားခပေးရန် ပိုက်ဆံအိတ်ကို ဖွင့်နေစဉ် ယာဉ်မောင်းမှာ ကားပေါ်မှဆင်းပြီး လည်ပင်းကို ညှစ်၍ ကားပေါ် မှဆွဲချကာ ကားတံခါး နှင့် ဆောင့်တွန်းသဖြင့်လဲကျသွားစဉ် ကားမောင်း ထွက်သွားခဲ့ကြောင်း၊ ထိုကားပေါ်တွင် အမေရိကန်ဒေါ်လာ ၃ဝခန့်၊ မြန်မာငွေ ကျပ် သုံး သောင်းခန့်၊ ဆင်းမ်ကတ်ပါ Lenovo Tablet တစ်လုံး၊ i Phone 4 တစ် လုံး၊ ဒေါက်ဖိနပ်တစ်ရန်နှင့် ပိုက် ဆံအိတ်တစ်လုံး (စုစုပေါင်း တန်ဖိုး ၃၃၀၀၀ဝခန့်) ပါသွားကြောင်း ၎င်း၏မိတ်ဆွေဖြစ်သူ တရုတ်ဘုံ ကျောင်း ဧည့်ကြိုအမျိုးသမီးကို ပြောကြား သဖြင့် ထိုအမျိုးသမီးက ကမာရွတ်မြို့မရဲစခန်းသို့ တရားလို ပြုလုပ်တိုင်တန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်ဘာသာအလယ်တန်း သင်သူ အမျိုးသမီးသည် အသက် ၂၄ နှစ် ရှိပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်းမှ (ပ)၂၁/ ၂၀၁၅၊ ပြစ်မှုပုဒ်မ- ၃၉၄ဖြင့် အမှု ဖွင့်ထားကြောင်းသက်ဆိုင်ရာမြို့နယ် ရဲစခန်းမှ သိရသည်။

၎င်းသည်အခင်းဖြစ်စဉ်ကရရှိ ထားသော လည်ပင်းနီရဲပွန်းပဲ့ဒဏ်ရာ၊ ဝဲချိုစောင်းဖူးရောင်ဒဏ်ရာများ ကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေရသည်။

TTA
Democracytoday‬

No comments:

Post a Comment