Tuesday 13 January 2015

တရားမဝင် ရွှေ့ပြောင်း လုပ်သားများပြဿ နာ အဖြေရှာ

မလေးရှားနိုင်ငံတွင် တရားမဝင်နိုင်ငံခြားသားများဖမ်းဆီးမှုအစီအစဉ်အား ဇန်နဝါရီ ၁၁ ရက်က ပြန်လည် စတင်လိုက်သည် ကိုတွေ့ရသည်။ ယခုဖမ်းဆီး မှုသည် မလေးရှားနိုင်ငံတွင် အော်ပရာဇီဟုခေါ်သော မလေးရှားနိုင်ငံ၏ နိုင်ငံရေးအရ ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးရာတွင်လည်း စစ်ဆင်ရေးဖြင့် အုပ်စု လိုက် ထိုင်ခိုင်းကာ ဖဖ်းဆီးခဲ့ခြင်းဖြစ်သည်။ မလေးရှားနိုင်ငံ ကွာလာ လမ်ပူမြို့လယ်တွင် မလေးရှားရဲ ၆၀ ခန့်က အရပ်ဝတ်များဖြင့် လမ်းများကို ပိတ်ဆို့ကာ ဖမ်းဆီးခဲ့သည့် ယခု အော် ပရာဇီတွင် တရားမဝင်နိုင်ငံခြားသား ၈၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။ ထိုဖမ်းဆီး မှုတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ ခန့် ဖမ်းဆီးခံ လိုက်ရ ကြောင်း သိရသည်။

မလေးရှားအစိုးရက နိုင်ငံအတွင်းတရားမဝင်နေထိုင်သူများ၊ ဗီဇာသက်တမ်း လွန်ဖြင့်နေထိုင်သူများကြောင့် မလေးရှားနိုင်ငံ တွင်ဖြစ်ပေါ်နေသည့်ပြစ်မှု၊ မှုခင်းများ ကို ကိုင်တွယ်ရန်ခက်ခဲနေသည့်အပြင် နိုင်ငံ၏ တရားစီရင်ရေး စရိတ်များစွာ ကုန် ကျနေသည့် အတွက် ထိုကဲ့သို့ တရားမဝင်နေထိုင်သူများကို ဒီဇင်ဘာ ၃၁ရက် နောက် ဆုံးထားပြီး တိုင်းပြည်မှရှင်းလင်းသွားမည်ဟု တရားဝင် ထုတ်ပြန်ကြေညာပြီးနောက် ယခုကဲ့သို့ စတင်ဖမ်းဆီး လိုက်ခြင်းဖြစ် သည်ကို တွေ့ရသည်။ ဖမ်းဆီးခံရသူများကို ယခင်က ထောင် ဒဏ်သာ အပြစ်ပေး ခဲ့သော်လည်း ယခုအခါထောင်ဒဏ်အပြင် ကြိမ်ဒဏ်ကိုပါ တိုးမြှင့်ချမှတ်လာကြသည်။

မလေးရှားနိုင်ငံတွင် တရားမဝင်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရမှုသည် ယခု နောက်ပိုင်း မကြာခဏဆိုသလို ကြားနေရသည်။ ဖမ်းဆီး ခံရသည့်ဖြစ်စဉ်တိုင်းတွင်လည်း မြန်မာ ရွှေ့ပြောင်း လုပ်သားများက အနည်းနှင့်အများ ဆိုသလိုပါဝင်နေ သည်သာမက ယခုနောက်ပိုင်း မြန်မာ လုပ်သားအချို့၏သေဆုံးမှု ဖြစ်စဉ်ကလည်း ယခင်ထက်ပိုဖြစ်နေ သည်ကို တွေ့ လာရ သည်။

သို့သော် တစ်ဖက် တွင်လည်း မလေးရှားနိုင်ငံကို တရားမဝင်သွားရောက် လုပ်ကိုင်လိုသည့် မြန်မာ လုပ်သား များက နည်းမျိုးစုံဖြင့် သွားရောက်လုပ် ကိုင်နေကြသည်ကို တွေ့ရသည်။ လက်ရှိပြည်ပ နိုင်ငံများ သို့ သွားရောက်လုပ် ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ် သားများသည် အခြား နိုင်ငံများထက် မလေးရှား နိုင်ငံကို ပိုပြီးရွေးချယ်လာကြသည်။ ထိုသို့ရွေးချယ်ရခြင်း၏ အားသာချက်ကလည်း မလေးရှားနိုင်ငံ တွင်ရှိနေသည်။ လစာကောင်းမွန်မှု၊ လူတန်း စားမရွေးအလုပ်ရရှိမှု၊ ကုန်ကျစရိတ်သက် သာမှုများ၏ အားသာချက်များက အလုပ်လက်မဲ့ဖြစ်နေသော မြန်မာလုပ်သားများအတွက် မျှော်လင့်ချက်တစ်ခုဖြစ်နေ သည်။ မလေးရှားနိုင်ငံ တွင် လက်ရှိလုပ် ကိုင်နေကြ သည့် မြန်မာလုပ်သား များအနက် အများစုသည် တရားမဝင် သွားရောက် လုပ်ကိုင်နေကြသူများဖြစ်လာသည်ကို ယခုနောက်ပိုင်း ပိုတွေ့လာရသည်။ မည်သည့်အတွက်ကြောင့် ယခုလို တရား မဝင်သွားရောက် မှု မြင့်တက်လာရသည်ကို မေးခွန်းထုတ်ကြည့် သည်။

မလေးရှားသို့ လက်ရှိသွားရောက်လုပ်ကိုင်မည်ဆိုလျှင် ကုန်ကျမည့် စရိတ်နှင့် အေဂျင်စီ ဝန်ဆောင်ခများ သည် အခြားအိမ်နီးချင်း နိုင်ငံများ ထက် ပိုပေးနေရသည်။ တစ်ဖက် တွင်လည်း အခွန်ရှောင်လိုကြသည့် အတွက် အောက် လမ်းကိုအသုံးပြုကာ တရား မဝင်လုပ် သားများအဖြစ် သွားရောက်လုပ်ကိုင်နေကြသည်။ ထိုသို့ သွားရောက် လုပ်ကိုင်နေကြခြင်း ၏ နောက်ဆက်တွဲပြဿ နာကို လည်း မြန် မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ယခုအချိန်အထိ ကြုံတွေ့နေ ရဆဲဖြစ်သည်။

အထူးသဖြင့် ပြည်တွင်းတွင်အလုပ်အကိုင်အခွင့်အလမ်းများနည်းပါးနေသေး သရွေ့ ထိုပြဿ နာများက ထပ်မံကြုံတွေ့ နေရဦးမည်ဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် တစ်နေ့ထက်တစ်နေ့ ပိုများလာသော တရား မဝင်မြန်မာရွှေ့ပြောင်း လုပ်သားများ နည်းပါးလာစေရန် နည်းလမ်းများ ရှာဖွေ ပေးရတော့မည်ဖြစ်သည်။ တရားမဝင်သွားရောက်လုပ်ကိုင်ရခြင်း (ဝါ) တရားမဝင်ရွှေ့ပြောင်း လုပ်သားများ အဖြစ် ရောက်မှန်းမသိရောက်သွား ရခြင်း၏ အခြေခံအကြောင်းအရာများကိုလည်း ဖော်ထုတ် ကာ မြန် မာရွှေ့ပြောင်း လုပ်သားများတရားဝင်ဖြစ်လာစေ ရန် ဆောင် ရွက် ပေးရန်လိုမည်ဖြစ်သည်။

ထို့နည်းတူရွှေ့ပြောင်းလုပ်သားများအနေဖြင့်လည်း နိုင်ငံ တော်သို့ပေးသင့်ပေး ထိုက်သည့်အခွန်အခများကို အပြည့်အဝပေးဆောင်ကာ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သွားမည်ဆိုပါက မလေးရှားတွင်မကြာ ခဏဖြစ် ပေါ်နေသည့် တရားမဝင်မြန်မာရွှေ့ပြောင်းလုပ် သားများပြဿ နာသည် ယခုထက်ပိုမို နည်းပါးသွား နိုင်မည်ဖြစ်ပါကြောင်း ဒီမိုကရေစီတူဒေး သတင်းစာက တိုက်တွန်းရေးသားလိုက်ရ ပါသည်။

အယ်ဒီတာ (ဇန်နဝါရီ ၁၂၊ ၂၀၁၅)
Democracytoday‬

No comments:

Post a Comment