Tuesday 13 January 2015

ဒေသခံတိုင်းရင်းသားများအား SSPP/SSA အဖွဲ့မှ အတင်းအကြပ် လူသစ်စုဆောင်းမှုများပြုလုပ်လာ

Photo: ဒေသခံတိုင်းရင်းသားများအား SSPP/SSA အဖွဲ့မှ အတင်းအကြပ် လူသစ်စုဆောင်းမှုများပြုလုပ်လာ
Tuesday, January 13, 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ နားဟီးကျေးရွာအတွင်းသို့ ဇန်နဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်တိုးတက်ရေး ပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့မှ လူသစ်စုဆောင်းရန် ရောက်ရှိလာကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။

အဆိုပါအဖွဲ့သည် ကဒူးကြီးကျေးရွာအုပ်စု၊ နားဟီးကျေးရွာသို့ ရောက်ရှိလာပြီး ရွာမှတာဝန်ရှိသူများကို ခေါ်ကာ ရွာရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူ စာရင်းကောက်ခံခဲ့ကြောင်း ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။
“ရွာမှာ အသက် ၁၅ နှစ်လောက်တည်းက မနေရဲကြတော့ဘူး၊ သူတို့တွေက လူသစ်ခဏခဏလာစုနေတော့ လူငယ်တွေက မြို့ပေါ်တွေမှာ သွားနေရတယ်၊ အခုလည်း လူသစ်လာစုတာဆိုတော့ ရှိတဲ့လူတွေကို အတင်းအကြပ် ခေါ်သွားအုံးမယ်ထင်တယ်”ဟု နားဟီးရွာသားတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ကျေးရွာအုပ်စုများနှင့် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား များအား ရွာရှိ လူငယ်လူရွယ် စာရင်းများကောက်၍ လူသစ်အဖြစ် အတင်းအကြပ်စုဆောင်းလျက်ရှိသည်ဟု သိရသည်။

“လူငယ်တွေလည်း ရွာမှမရှိကြတော့ တောင်ယာကလည်း ကောင်းကောင်း မစိုက်နိုင်၊ ဒေသကလည်း မငြိမ်းချမ်းနေသေးတော့ စားရေးသောက်ရေးကအစ အခက်အခဲတွေဖြစ်လာပြီ၊ ဒီကြားထဲ သူတို့က ဆက်ကြေးတစ်မျိုး၊ လူသစ်က တစ်ဖုံ အမျိုးမျိုးကိုခေါင်းစဉ်ပြပြီး တောင်းနေတော့ ရွာသားတွေမှာ ဒုက္ခ ပင်လယ်ဝေနေပါတယ်”ဟု အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသွားသည်။

စိုင်းလူ
Credit >>> Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ နားဟီးကျေးရွာအတွင်းသို့ ဇန်နဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်တိုးတက်ရေး ပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့မှ လူသစ်စုဆောင်းရန် ရောက်ရှိလာကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။

အဆိုပါအဖွဲ့သည် ကဒူးကြီးကျေးရွာအုပ်စု၊ နားဟီးကျေးရွာသို့ ရောက်ရှိလာပြီး ရွာမှတာဝန်ရှိသူများကို ခေါ်ကာ ရွာရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူ စာရင်းကောက်ခံခဲ့ကြောင်း ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။
“ရွာမှာ အသက် ၁၅ နှစ်လောက်တည်းက မနေရဲကြတော့ဘူး၊ သူတို့တွေက လူသစ်ခဏခဏ လာစုနေ တော့ လူငယ်တွေက မြို့ပေါ်တွေမှာ သွားနေရတယ်၊ အခုလည်း လူသစ်လာစုတာဆိုတော့ ရှိတဲ့လူတွေကို အတင်းအကြပ် ခေါ်သွားအုံးမယ်ထင်တယ်”ဟု နားဟီးရွာသားတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ကျေးရွာအုပ်စုများနှင့် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား များအား ရွာရှိ လူငယ်လူရွယ် စာရင်းများကောက်၍ လူသစ်အဖြစ် အတင်းအကြပ်စုဆောင်းလျက်ရှိသည်ဟု သိရသည်။

“လူငယ်တွေလည်း ရွာမှမရှိကြတော့ တောင်ယာကလည်း ကောင်းကောင်း မစိုက်နိုင်၊ ဒေသကလည်း မငြိမ်းချမ်းနေသေးတော့ စားရေးသောက်ရေးကအစ အခက်အခဲတွေဖြစ်လာပြီ၊ ဒီကြားထဲ သူတို့က ဆက်ကြေးတစ်မျိုး၊ လူသစ်က တစ်ဖုံ အမျိုးမျိုးကိုခေါင်းစဉ်ပြပြီး တောင်းနေတော့ ရွာသားတွေမှာ ဒုက္ခ ပင်လယ်ဝေနေပါတယ်”ဟု အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသွားသည်။

စိုင်းလူ
Credit >>> Shan News 

No comments:

Post a Comment