Tuesday 13 January 2015

မြန်မာနိုင်ငံတွင် သစ်ထောက်ခံချက်ပေးရေး အဖွဲ့ ဖွဲ့နိုင်ရန် ကြိုးပမ်း

Photo: မြန်မာနိုင်ငံတွင် သစ်ထောက်ခံချက်ပေးရေး အဖွဲ့ ဖွဲ့နိုင်ရန် ကြိုးပမ်း
Tuesday, January 13, 2015

မြန်မာနိုင်ငံတွင် သစ်ထောက်ခံချက် ပေးရေး အဖွဲ့ ဖွဲ့စည်း နိုင်ရန် အတွက် သစ်တော ဦးစီးဌာန၊ INGO အဖွဲ့ များနှင့် သစ်တော ပညာရှင်များ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း မဟာ အောင်မြေသာစံ မြို့နယ် သစ်တော ဦးစီးဌာနမှ သိရသည်။ အဆိုပါ အဖွဲ့  ဖွဲ့စည်း နိုင်ရန် အတွက် အပြည် ပြည်ဆိုင်ရာ သစ် ထောက်ခံချက် ပေးရေး အဖွဲ့ (ITTO)နှင့် ဆက်သွယ်၍ ၎င်း အဖွဲ့၏ အသိအမှတ်ပြု ထောက်ခံချက် ရရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း ယင်းဌာနမှ ဦးစီး အရာရှိ ဦးလှဦးက ပြောသည်။ ဒီအဖွဲ့ ဖွဲ့ နိုင်ရင် အဖွဲ့က ထောက်ခံတဲ့ သစ်တွေကို Export လုပ်ရင် အရင်ကထက် တန်ရာ တန်ကြေး ပိုမိုရလာ နိုင်မယ်။ အခု (ITTO) အဖွဲ့ကြီးရဲ့ ထောက်ခံချက်ရဖို့ Data  တွေ ကောက်ယူ နေတယ်။ ကောက်ယူ နေတဲ့ အဖွဲ့တွေ ထဲမှာ မြန်မာ နိုင်ငံက အဖွဲ့ အစည်းတွေ အပြင် မြန်မာနိုင်ငံကို စောင့်ကြည့် လေ့လာ နေတဲ့ နိုင်ငံတကာက အဖွဲ့အစည်း တွေလည်း ပါတယ်။ သူတို့နဲ့ ပူးပေါင်းပြီးတော့ ဒီအဖွဲ့ကို ဖွဲ့နိုင်မှာပါ ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် စတင်၍ သစ် ထုတ်လုပ်မှုကို (၅၀) ရာခိုင်နှုန်းခန့် လျှော့ချ ခဲ့ပြီး၊ သစ်လုံး တင်ပို့မှုကို လုံးဝ ရပ်ဆိုင်း ခဲ့ကာ သစ်တောထွက် တင်ပို့မှုများ ကိုလည်း ယခင် ကထက် ထက်ဝက် လျှော့ချခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ သစ်များသည် သစ် ထောက်ခံချက် အဖွဲ့ မရှိသဖြင့် မြန်မာ့သစ်မှာ နိုင်ငံတကာ ဈေးကွက်၌ ရသင့် ရထိုက်သည့် ဈေးနှုန်း မရရှိကြောင်း သိရသည်။

အခုဆိုရင် ရသင့် ရထိုက်တဲ့ ငွေ ပမာဏ မရဘူး။ ထောက်ခံချက်ပေးတဲ့ အဖွဲ့နဲ့ စနစ်တကျ ရောင်းခွင့်ရရင် အခုရ နေတဲ့ ပမာဏထက် အနည်းဆုံး နှစ်ဆခန့် ပိုရလာ နိုင်မယ်။ ရသင့်တဲ့ တန်ဖိုး အမှန်ကို ရမယ် ဆိုရင် အခု သစ် ထုတ်လုပ်မှု လျှော့ချပေမယ့်လည်း အရင်ရ နေတဲ့ ပုံမှန်ဝင်ငွေ ထက်တောင် နိုင်ငံတော်က ပိုရလာ နိုင်မယ် ဟု ၎င်းက ခန့်မှန်း ပြောကြားသည်။

မြန်မာနိုင်ငံ၌ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန် အထိ ရှစ်လတာ ကာလ အတွင်း ပြည်ပသို့ သစ်တော ထွက်တင်ပို့ မှုမှာ အမေရိကန် ဒေါ်လာ (၅၈) သန်းကျော် အထိ တင်ပို့ခဲ့ သော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ် ဒီဇင်ဘာလကုန် တွင်မူ ဒေါ်လာ (၅၄) သန်းကျော်သာ တင်ပို့ နိုင်ခဲ့ရာ ယခင် ဘဏ္ဍာနှစ်နှင့် ကာလတူ နှိုင်းယှဉ်ပါက စုစုပေါင်း တင်ပို့မှု ပမာဏဒေါ်လာ(၅၃၅) သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဌာနမှ သိရသည်။

The Messenger News Journal
မြန်မာနိုင်ငံတွင် သစ်ထောက်ခံချက် ပေးရေး အဖွဲ့ ဖွဲ့စည်း နိုင်ရန် အတွက် သစ်တော ဦးစီးဌာန၊ INGO အဖွဲ့ များနှင့် သစ်တော ပညာရှင်များ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း မဟာ အောင်မြေသာစံ မြို့နယ် သစ်တော ဦးစီးဌာနမှ သိရသည်။
အဆိုပါ အဖွဲ့  ဖွဲ့စည်း နိုင်ရန် အတွက် အပြည် ပြည်ဆိုင်ရာ သစ် ထောက်ခံချက် ပေးရေး အဖွဲ့ (ITTO)နှင့် ဆက်သွယ်၍ ၎င်း အဖွဲ့၏ အသိအမှတ်ပြု ထောက်ခံချက် ရရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း ယင်းဌာနမှ ဦးစီး အရာရှိ ဦးလှဦးက ပြောသည်။ ဒီအဖွဲ့ ဖွဲ့ နိုင်ရင် အဖွဲ့က ထောက်ခံတဲ့ သစ်တွေကို Export လုပ်ရင် အရင်ကထက် တန်ရာ တန်ကြေး ပိုမိုရလာ နိုင်မယ်။ အခု (ITTO) အဖွဲ့ကြီးရဲ့ ထောက်ခံချက်ရဖို့ Data  တွေ ကောက်ယူ နေတယ်။ ကောက်ယူ နေတဲ့ အဖွဲ့တွေ ထဲမှာ မြန်မာ နိုင်ငံက အဖွဲ့ အစည်းတွေ အပြင် မြန်မာနိုင်ငံကို စောင့်ကြည့် လေ့လာ နေတဲ့ နိုင်ငံတကာက အဖွဲ့အစည်း တွေလည်း ပါတယ်။ သူတို့နဲ့ ပူးပေါင်းပြီးတော့ ဒီအဖွဲ့ကို ဖွဲ့နိုင်မှာပါ ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် စတင်၍ သစ် ထုတ်လုပ်မှုကို (၅၀) ရာခိုင်နှုန်းခန့် လျှော့ချ ခဲ့ပြီး၊ သစ်လုံး တင်ပို့မှုကို လုံးဝ ရပ်ဆိုင်း ခဲ့ကာ သစ်တောထွက် တင်ပို့မှုများ ကိုလည်း ယခင် ကထက် ထက်ဝက် လျှော့ချခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ သစ်များသည် သစ် ထောက်ခံချက် အဖွဲ့ မရှိသဖြင့် မြန်မာ့သစ်မှာ နိုင်ငံတကာ ဈေးကွက်၌ ရသင့် ရထိုက်သည့် ဈေးနှုန်း မရရှိကြောင်း သိရသည်။

အခုဆိုရင် ရသင့် ရထိုက်တဲ့ ငွေ ပမာဏ မရဘူး။ ထောက်ခံချက်ပေးတဲ့ အဖွဲ့နဲ့ စနစ်တကျ ရောင်းခွင့်ရရင် အခုရ နေတဲ့ ပမာဏထက် အနည်းဆုံး နှစ်ဆခန့် ပိုရလာ နိုင်မယ်။ ရသင့်တဲ့ တန်ဖိုး အမှန်ကို ရမယ် ဆိုရင် အခု သစ် ထုတ်လုပ်မှု လျှော့ချပေမယ့်လည်း အရင်ရ နေတဲ့ ပုံမှန်ဝင်ငွေ ထက်တောင် နိုင်ငံတော်က ပိုရလာ နိုင်မယ် ဟု ၎င်းက ခန့်မှန်း ပြောကြားသည်။

မြန်မာနိုင်ငံ၌ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန် အထိ ရှစ်လတာ ကာလ အတွင်း ပြည်ပသို့ သစ်တော ထွက်တင်ပို့ မှုမှာ အမေရိကန် ဒေါ်လာ (၅၈) သန်းကျော် အထိ တင်ပို့ခဲ့ သော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ် ဒီဇင်ဘာလကုန် တွင်မူ ဒေါ်လာ (၅၄) သန်းကျော်သာ တင်ပို့ နိုင်ခဲ့ရာ ယခင် ဘဏ္ဍာနှစ်နှင့် ကာလတူ နှိုင်းယှဉ်ပါက စုစုပေါင်း တင်ပို့မှု ပမာဏဒေါ်လာ(၅၃၅) သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဌာနမှ သိရသည်။

The Messenger News Journal 

No comments:

Post a Comment