Tuesday 13 January 2015

အမေရိကန်သို့ မြန်မာ့ ကျွန်းသစ် ခန့်မှန်းတန်ချိန် ၃၀၀ ကျော် ယခုနှစ်အတွင်း တင်ပို့ရောင်းချမည်

Photo: အမေရိကန်သို့ မြန်မာ့ ကျွန်းသစ် ခန့်မှန်းတန်ချိန် ၃၀၀ ကျော် ယခုနှစ်အတွင်း တင်ပို့ရောင်းချမည်
Tuesday, January 13, 2015

အမေရိကန်နိုင်ငံသို့ မြန်မာ့ကျွန်းသစ် အချောထည်များကို ယခုနှစ်အတွင်း ခန့်မှန်းတန်ချိန်သုံးရာကျော် တင်ပို့ရောင်းချသွားရန် သဘောတူညီမှု ရရှိထားသည်ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်းများအသင်းမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဘာဘာချိုက မဇ္ဈိမကို ပြောသည်။

အမေရိန်ကန်သို့ မြန်မာ့ ကျွန်းသစ် အချောထည်များကို ယခုနှစ်အတွင်း တင်ပို့ရောင်းချသွားမည် ဖြစ်သည်။

“မတ်လမကုန်ခင်မှာပေါ့ ကွန်တိန်နာ ၂၅ လုံး သို့မဟုက် ၃၀ လောက်ပို့မယ်။ ဒါက ခန့်မှန်းပေါ့ အတိအကျ ကြီးမဟုက်ဘူး။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာတင်ပို့ ရောင်းချသွားမှာပါ”ဟု ဦးဘာဘာချိုက ပြောသည်။

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှာ ကျွန်းသစ်အပြင် အခြားအမျိုးအစားများ ဖြစ်သည့် လူသိနည်း သစ်အမျိုးအစားများကိုလည်း ၀ယ်ယူရန် ခွင့်ပြုပေးထားသည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့သစ်များကို ၀ယ်ယူရန် တစ်နှစ်လိုင်စင်ဖြင့် ခွင့်ပြုပေးခြင်းဖြစ်ပြီး တစ်နှစ်ပြီးတစ်နှစ်လေ့လာပြီးမှ သာလျှင် ဆက်လက်ဝယ်ယူခွင့်များ ပြုမည်ဖြစ်သည်။

မြန်မာကျွန်းသစ်အချောအထည်များကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် သစ်အရွယ်အစားနှင့် အရည်အသွေး အပေါ်မှုတည်ပြီး တစ်တန်လျှင် အနည်းဆုံး ကန်ဒေါ်လာ ၃,၅၀၀ မှ ၆,၅၀၀ အထိ ရရှိသည်ဟု သိရသည်။

“ဦးတို့လုပ်ငန်းရှင်တွေအနေနဲ့က အစိုး ရသစ်လုပ်ငန်းကနေ တရားဝင်ဝယ်ယူပြီး ကုန်ချောထုတ်လုပ်ပြီး ရောင်းချတာပါ။ တရားမ၀င်သစ်တွေကို ၀ယ်ယူပြီးတင်ပို့တာ မဟုက်ဘူး”ဟု ဦးဘာဘာချိုက ပြောသည်။

လက်တလောတွင် မြန်မာကျွန်းသစ်များကိုသာ အချောထည်အဖြစ် တင်ပို့ ရောင်းချခြင်းဖြစ်ပြီး အခြားသစ် အမျိုးအစားများကို တင်ပို့ရောင်းချနိုင်ခြင်း မရှိသေးပေ။ ကွန်တိန်နာတစ်လုံးလျှင် သစ်တန်ချိန် ၁၂ တန် အထိ ထည့်သွင်းပြီး တင်ပို့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် သစ်အချော ထည်လုပ်ငန်းများကို နိုင်ငံတကာ အဆင့်မီ လုပ်ဆောင်နိုင်သည့် လုပ်ငန်းရှင်ဦးရေ ၁၀ ဂဏန်းသာရှိသည်ဟု သိရသည်။

Mizzima - News in Burmese 

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ပရိဘောဂပြုလုပ်သည့် နေရာတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ပရိဘောဂပြုလုပ်သည့် နေရာတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)  
အမေရိကန်နိုင်ငံသို့ မြန်မာ့ကျွန်းသစ် အချောထည်များကို ယခုနှစ်အတွင်း ခန့်မှန်းတန်ချိန်သုံးရာကျော် တင်ပို့ရောင်းချသွားရန် သဘောတူညီမှု ရရှိထားသည်ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်းများအသင်းမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဘာဘာချိုက မဇ္ဈိမကို ပြောသည်။

အမေရိန်ကန်သို့ မြန်မာ့ ကျွန်းသစ် အချောထည်များကို ယခုနှစ်အတွင်း တင်ပို့ရောင်းချသွားမည် ဖြစ်သည်။

“မတ်လမကုန်ခင်မှာပေါ့ ကွန်တိန်နာ ၂၅ လုံး သို့မဟုက် ၃၀ လောက်ပို့မယ်။ ဒါက ခန့်မှန်းပေါ့ အတိအကျ ကြီးမဟုက်ဘူး။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာတင်ပို့ ရောင်းချသွားမှာပါ”ဟု ဦးဘာဘာချိုက ပြောသည်။

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှာ ကျွန်းသစ်အပြင် အခြားအမျိုးအစားများ ဖြစ်သည့် လူသိနည်း သစ်အမျိုးအစားများကိုလည်း ၀ယ်ယူရန် ခွင့်ပြုပေးထားသည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့သစ်များကို ၀ယ်ယူရန် တစ်နှစ်လိုင်စင်ဖြင့် ခွင့်ပြုပေးခြင်းဖြစ်ပြီး တစ်နှစ်ပြီးတစ်နှစ်လေ့လာပြီးမှ သာလျှင် ဆက်လက်ဝယ်ယူခွင့်များ ပြုမည်ဖြစ်သည်။

မြန်မာကျွန်းသစ်အချောအထည်များကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် သစ်အရွယ်အစားနှင့် အရည်အသွေး အပေါ်မှုတည်ပြီး တစ်တန်လျှင် အနည်းဆုံး ကန်ဒေါ်လာ ၃,၅၀၀ မှ ၆,၅၀၀ အထိ ရရှိသည် ဟု သိရသည်။

“ဦးတို့လုပ်ငန်းရှင်တွေအနေနဲ့က အစိုး ရသစ်လုပ်ငန်းကနေ တရားဝင်ဝယ်ယူပြီး ကုန်ချောထုတ်လုပ်ပြီး ရောင်းချတာပါ။ တရားမ၀င်သစ်တွေကို ၀ယ်ယူပြီးတင်ပို့တာ မဟုက်ဘူး”ဟု ဦးဘာဘာချိုက ပြောသည်။

လက်တလောတွင် မြန်မာကျွန်းသစ်များကိုသာ အချောထည်အဖြစ် တင်ပို့ ရောင်းချခြင်းဖြစ်ပြီး အခြားသစ် အမျိုးအစားများကို တင်ပို့ရောင်းချနိုင်ခြင်း မရှိသေးပေ။ ကွန်တိန်နာတစ်လုံးလျှင် သစ်တန်ချိန် ၁၂ တန် အထိ ထည့်သွင်းပြီး တင်ပို့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် သစ်အချော ထည်လုပ်ငန်းများကို နိုင်ငံတကာ အဆင့်မီ လုပ်ဆောင်နိုင်သည့် လုပ်ငန်းရှင်ဦးရေ ၁၀ ဂဏန်းသာရှိသည်ဟု သိရသည်။

Mizzima - News in Burmese 

No comments:

Post a Comment