Tuesday 13 January 2015

ဝမ်းဗိုက်တွင်အဆီများပါက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်

Photo: ဝမ်းဗိုက်တွင်အဆီများပါက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်
Tuesday, January 13, 2015

ဝမ်းဗိုက်တွင် အဆီများပါက နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ပွားနိုင်ကြောင်း သိရသည်။

ဝမ်းဗိုက်အဆီများလာပါက နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ရန် အလားအလာပိုများလာသဖြင့် ဝမ်း ဗိုက်အဆီတက်နေသူများ အနေဖြင့် အဆီကျအောင် လျှော့ချသင့်ကြောင်း Secret Garden မှ Aesthetic Medical Clinician ဒေါက်တာအိငြိမ်း ဖြူဖွေးက အကြံပြုပြောကြားသည်။

''ဝမ်းဗိုက်အဆီများတဲ့ သူတွေ အနေနဲ့ နှလုံးသွေးကြောကျဉ်းရော ဂါ၊ နှလုံးအဆီပိတ်တဲ့ရောဂါတွေ ဖြစ်ဖို့အတွက် အခွင့်အရေး ပိုများ ပါတယ်။

ဒါကြောင့် လေ့ကျင့်ခန်းလုပ် တာ၊ အစားအသောက်ကို ထိန်းသိမ်း စားသောက်တာ၊ စက်ပစ္စည်းကိရိယာ အကူအညီနဲ့ ဝမ်းဗိုက် အဆီချတာ တွေကို လုပ်ဆောင်သင့်ပါတယ်'' ဟု ယင်းကဆိုသည်။

ထို့ပြင်အဆီချရာတွင် liposlim ဟုခေါ်သည့် အဆီချေသည့်စက်ဖြင့် ဝမ်းဗိုက်အဆီများကို လျှော့ချပေး သည့်နည်း၊ Body Firming ဟု ခေါ်သည့် အဆီသိပ်မများဘဲ ဝမ်း ဗိုက်သားတွဲကျနေသည့်သူများကို စက်ပစ္စည်းအကူအညီဖြင့် တင်းရင်း အောင်ပြု လုပ်ပေးသည့် နည်းများကို အသုံးပြုနိုင်ကြောင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အစားအသောက်ထိန်း ခြင်းတို့ကို တွဲဖက်ပြုလုပ်ပါက စက် ပစ္စည်းဖြင့် ဝမ်းဗိုက်အဆီချခြင်းများ ကို ပိုမိုထိရောက်စေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် နှလုံးသွေးကြောကျဉ်း ရောဂါမှာ အဆီအစားများသူများတွင် ဖြစ်ပွားလေ့ရှိပြီး တိရစ္ဆာန်တို့၏ အ ဆီများစားသုံးခြင်း၊ ဟင်းအဆီအ နှစ်များ အလွန်အကျွံစားခြင်း၊ ထော ပတ်စသည့် အဆီအဆိမ့်များကို အ လွန်အကျွံ စားသုံးခြင်းတို့ကြောင့် ဖြစ် ပွားပြီး ဆေးလိပ်သောက်သူ၊ သွေးတိုး ရှိသူ၊ ဆီးချိုရှိသူ၊ အဝလွန်သူ၊ သွေး အဆီဓာတ်များသူ၊ ကိုယ်လက်လှုပ် ရှားမှုနည်းသူ၊ မိဘမျိုးရိုးတွင် နှလုံး သွေးကြောကျဉ်းရောဂါရှိသူ၊ စိတ်ဖိ စီးမှုများသူ၊ အရက်အလွန်အကျွံ သောက်သူများတွင်လည်း ဖြစ်ပွား နိုင် ကြောင်း သိရသည်။

နှလုံးသွေးကြောကျဉ်းရောဂါ ၏ လက္ခဏာမှာ ရင်ဘတ်အောင့်ခြင်း ဖြစ်ပြီး ရောဂါရှိ မရှိကို သမားတော် များနှင့် ပြသစစ်ဆေး နိုင်ပြီး ဆေးဝါး ဖြင့်ကုသခြင်း၊ နှလုံးသွေးကြောချဲ့ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်းတို့ဖြင့် ကုသရ မည်ဖြစ်သည်။

NOL
Democracytoday
ဝမ်းဗိုက်တွင် အဆီများပါက နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ပွားနိုင်ကြောင်း သိရသည်။

ဝမ်းဗိုက်အဆီများလာပါက နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ရန် အလားအလာပိုများလာသဖြင့် ဝမ်းဗိုက် အဆီတက်နေသူများ အနေဖြင့် အဆီကျအောင် လျှော့ချသင့်ကြောင်း Secret Garden မှ Aesthetic Medical Clinician ဒေါက်တာအိငြိမ်း ဖြူဖွေးက အကြံပြုပြောကြားသည်။

''ဝမ်းဗိုက်အဆီများတဲ့ သူတွေ အနေနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးအဆီပိတ်တဲ့ရောဂါတွေ ဖြစ်ဖို့ အတွက် အခွင့်အရေး ပိုများ ပါတယ်။

ဒါကြောင့် လေ့ကျင့်ခန်းလုပ် တာ၊ အစားအသောက်ကို ထိန်းသိမ်း စားသောက်တာ၊ စက်ပစ္စည်းကိရိယာ အကူအညီနဲ့ ဝမ်းဗိုက် အဆီချတာ တွေကို လုပ်ဆောင်သင့်ပါတယ်'' ဟု ယင်းကဆိုသည်။

ထို့ပြင်အဆီချရာတွင် liposlim ဟုခေါ်သည့် အဆီချေသည့်စက်ဖြင့် ဝမ်းဗိုက်အဆီများကို လျှော့ချပေး သည့်နည်း၊ Body Firming ဟု ခေါ်သည့် အဆီသိပ်မများဘဲ ဝမ်း ဗိုက်သားတွဲကျနေသည့်သူများကို စက်ပစ္စည်းအကူအညီဖြင့် တင်းရင်းအောင်ပြု လုပ်ပေးသည့်နည်းများကို အသုံးပြုနိုင်ကြောင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အစားအသောက်ထိန်း ခြင်းတို့ကို တွဲဖက်ပြုလုပ်ပါက စက်ပစ္စည်းဖြင့် ဝမ်းဗိုက်အဆီချခြင်းများ ကို ပိုမိုထိရောက်စေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် နှလုံးသွေးကြောကျဉ်း ရောဂါမှာ အဆီအစားများသူများတွင် ဖြစ်ပွားလေ့ရှိပြီး တိရစ္ဆာန်တို့၏ အဆီ များ စားသုံးခြင်း၊ ဟင်းအဆီအ နှစ်များ အလွန်အကျွံစားခြင်း၊ ထောပတ်စသည့် အဆီအဆိမ့်များကို အလွန် အကျွံ စားသုံးခြင်းတို့ကြောင့် ဖြစ်ပွားပြီး ဆေးလိပ်သောက်သူ၊ သွေးတိုးရှိသူ၊ ဆီးချိုရှိသူ၊ အဝလွန်သူ၊ သွေး အဆီဓာတ်များသူ၊ ကိုယ်လက်လှုပ် ရှားမှုနည်းသူ၊ မိဘမျိုးရိုးတွင် နှလုံး သွေးကြောကျဉ်းရောဂါရှိသူ၊ စိတ်ဖိ စီးမှုများသူ၊ အရက်အလွန်အကျွံ သောက်သူများတွင်လည်း ဖြစ်ပွား နိုင် ကြောင်း သိရသည်။

နှလုံးသွေးကြောကျဉ်းရောဂါ၏ လက္ခဏာမှာ ရင်ဘတ်အောင့်ခြင်းဖြစ်ပြီး ရောဂါရှိမရှိကို သမားတော်များ နှင့် ပြသစစ်ဆေးနိုင်ပြီး ဆေးဝါး ဖြင့်ကုသခြင်း၊ နှလုံးသွေးကြောချဲ့ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်းတို့ဖြင့် ကုသရ မည်ဖြစ်သည်။

NOL
Democracytoday

No comments:

Post a Comment