Tuesday 13 January 2015

တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့နိုင်ရန်အတွက် ဆန်စပါးအများပိုင် ကုမ္ပဏီများကိုအခြေခံကာ ကနဦးဆန်တင်ပို့ရောင်းချမည့် ကုမ္ပဏီကို ရွေးချယ်သွားမည်

တရုတ် နိုင်ငံသို့ တရားဝင် ဆန်တင်ပို့နိုင်ရန်အတွက် ဆန်စပါး အများပိုင် ကုမ္ပဏီများကို အခြေခံကာ ကနဦး ဆန်တင်ပို့ရောင်းချမည့် ကုမ္ပဏီ ကိုရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ သိရသည်။

တရုတ်နိုင်ငံကုန်ပစ္စည်းအရည် အသွေးစစ်ဆေးရေးနှင့် ကွပ်ကဲရေးဆိုင်ရာ အာဏာပိုင်ဝန်ကြီးဌာနမှ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်အား တရုတ်နိုင်ငံသို့ ကနဦးစတင်တင်ပို့ ရောင်းချမည့် ကုမ္ပဏီ ၁၀ ခုထက် မပိုသော အရေအတွက်ကို ရွေးချယ် ပေးရန်တောင်းဆိုထားကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှ ဒေါက်တာစိုးထွန်းက'' သူတို့ တွေအနေနဲ့ ကုမ္ပဏီ ၁၀၀၊ ၂၀၀ လောက်နဲ့ စာချုပ်ချုပ်ဖို့ဆိုတာ မဖြစ် နိုင်ဘူး။ ကုမ္ပဏီ နည်းနည်းနဲ့ပဲ စာချုပ် ချုပ်ချင်တယ်။ အဲဒါကြောင့် အားလုံး တင်ပို့နိုင်အောင်လို့ ဆန် စပါးအများ ပိုင်ကုမ္ပဏီတွေကို အခြေခံပြီး ရွေး ချယ်သွားမှာပါ'' ဟုဆိုသည်။

လက်ရှိအချိန်တွင် တရုတ် နိုင်ငံသို့ ဆန်တင်ပို့နိုင်ရေးအတွက် တရုတ်ကုန်စည် စစ်ဆေးရေးအဖွဲ့ (CCIC)အနေဖြင့် ရန်ကုန်တွင် အမြန် ဆုံးရုံးခန်းဖွင့်နိုင်ရန် စီစဉ်လျက်ရှိသည်။

လက်ရှိ တရုတ်နိုင်ငံသည် ဆန်တန်ချိန် သုံးသန်းကျော်ကို ဈေးကွက်လိုအပ်ချက်ပေါ် အခြေခံကာ ပြည်ပမှ တင်သွင်းလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ ရန်အတွက် ထိုင်း၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံများ နှင့် ယှဉ်ပြိုင်ကာ တင်ပို့ရ မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံကုန်ပစ္စည်းအရည် အသွေးစစ်ဆေးရေးနှင့် ကွပ်ကဲရေးဆိုင်ရာ အာဏာပိုင်ဝန်ကြီးဌာနသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အပါအဝင် ပြည်တွင်းဆန်လုပ်ငန်းရှင်များကို ဖိတ်ခေါ် ကာ မြန်မာ ဆန် တရားဝင်တင်ပို့ နိုင်ရေး သဘောတူစာချုပ်နှင့်ပတ်သက်သော ဆက်စပ် လုပ်ငန်းများကို ပြင် ဆင်နိုင်ရန် ဖိတ်ခေါ်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

AK
Democracytoday‬

No comments:

Post a Comment