Friday 16 August 2013

စိန်လက်ကောက် ခိုးယူသူအား ဖမ်းဆီးရမိ

Photo: စိန်လက်ကောက်ခိုးယူသူအား ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၆

၁၅.၈.၂၀၁၃ရက်နေ့ ၁၀၀၀ အချိန်တွင်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည်လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် မှုခင်းကျဆင်းရေးဆောင်ရွက်စဉ် ၎င်းလမ်းပေါ်ရှိ န၀လီရွှေဆိုင်သို့ စိန်လက်ကောက်(၁)ကွင်းအားလိုက်လံ
ရောင်းချနေကြောင်းသတင်းရရှိသူ မစုလှိုင် (ဘ)ဦးဝင်း၊ ပိန္နဲကုန်းရပ်ကွက်၊
အင်းစိန်မြို့နယ်နေသူထံမှအလေးချိန် ၈ ပဲ ၂ ရွေးရှိ စိန်လက်ကောက် (၁)ကွင်းနှင့်အတူတွေ့ရှိစစ်မေးခဲ့ရာ အစ်မဖြစ်သူ၏ ပစ္စည်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့်၎င်း၏ အစ်မဖြစ်သူမစန္ဒာအေး(ခ)မစန္ဒာအားဆက်လက် စစ်ဆေးခဲ့ပါသည်။

အဆိုပါလက်ကောက်နှင့်ပတ်သက်၍ မစန္ဒာအေး(ခ)မစန္ဒာသည် ၁၉.၇.၂၀၁၃ ရက်နေ့တွင် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ရွာသစ်(၁)လမ်းထဲရှိ အိမ်တစ်အိမ်၏ အလှူတွင်ဝိုင်းကူလုပ်ပေးစဉ် ၎င်းနေအိမ်ဗီရိုအတွင်းမှ ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့်
ပြန်လည်သိမ်းဆည်းပြီး မစန္ဒာအေး(ခ)စန္ဒာအား အင်းစိန်မြို့မရဲစခန်း (ပ)၈၈၉/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
၁၅.၈.၂၀၁၃ရက်နေ့ ၁၀၀၀ အချိန်တွင်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည်လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် မှုခင်းကျ ဆင်းရေးဆောင်ရွက် စဉ် ၎င်းလမ်းပေါ်ရှိ န၀လီရွှေဆိုင်သို့ စိန်လက်ကောက်(၁)ကွင်းအားလိုက်လံ ရောင်း ချနေကြောင်းသတင်းရရှိသူ မစုလှိုင် (ဘ)ဦးဝင်း၊ ပိန္နဲကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူထံမှအလေးချိန် ၈ ပဲ ၂ ရွေးရှိ စိန်လက်ကောက် (၁)ကွင်းနှင့်အတူတွေ့ရှိစစ်မေးခဲ့ရာ အစ်မဖြစ်သူ၏ ပစ္စည်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့်၎င်း၏ အစ်မဖြစ်သူမစန္ဒာအေး(ခ)မစန္ဒာအားဆက်လက် စစ်ဆေးခဲ့ပါသည်။

အဆိုပါလက်ကောက်နှင့်ပတ်သက်၍ မစန္ဒာအေး(ခ)မစန္ဒာသည် ၁၉.၇.၂၀၁၃ ရက်နေ့တွင် အင်းစိန်မြို့ နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ရွာသစ်(၁)လမ်းထဲရှိ အိမ်တစ်အိမ်၏ အလှူတွင်ဝိုင်းကူလုပ်ပေးစဉ် ၎င်းနေအိမ်ဗီရို အတွင်းမှ ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ပြန်လည်သိမ်းဆည်းပြီး မစန္ဒာအေး(ခ) စန္ဒာ အား အင်းစိန်မြို့မရဲစခန်း (ပ)၈၈၉/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

No comments:

Post a Comment