Wednesday 22 August 2012

မပြီးဆုံးသေးတဲ့  ဆာဟင် နဲ့  အာဆင်နယ် ရဲ့  အခြေအနေ

 
အာဆင်နယ်အသင်း က ကောက်ကောက်ပါအောင် လိုက်နေတဲ့  ရီးယဲမက်ဒရစ်ကွင်းလယ်လူ  နူရီဆာဟင်  ကို ခေါ်ယူဖို့  ကိစ္စဟာ ရုတ်တရက် ကြန့် ကြာနေပါတယ်။ The Daily Mail သတင်းဌါန ကတော့  အာဆင်နယ်အသင်း ဟာ ရီးယဲကွင်းလယ်လူကို အသင်းက သတ်မှတ်ထားတဲ့ အတိုင်း အဌါးဘဲခေါ်ယူမယ်လို့  ဖော်ပြထားပါတယ်။ အာဆင်ဝင်းဂါးဟာ အသင်းကအလယ်တန်းလူ ဆောင်း  နေရာ မှာ အစားထိုး ဖို့  အသက်(၂၃)နှစ်အရွယ် ရီးယဲကွင်းလယ်လူ ဆာဟင် ကို တနှစ်အဌါး ခေါ်ပြီး နောက် လာမဲ့ နှစ်မှာတော့  အသင်း ကို ပြင်ဆင်ဖို့  ရီးယဲ အသင်းနဲ့ စေ့စပ် ညှိနှိုင်းပြီး တရားဝင်စာချုပ်ဖို့  လိုလားနေ ပါတယ်။ လီဗာပူး အသင်း ကလဲ ဆာဟင် ကို စိတ်ဝင်စားနေပေမဲ့  ချန်ပီယံလိဂ် ကန်ခွင့် ရထားတဲ့  အာဆင်နယ်ကတော့  အခွင့် အရေး ပိုရှိနေတယ် လို့  သိရပါတယ်။

No comments:

Post a Comment