Monday 26 January 2015

နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ်ရေး ဈေးကြီး တည်ဆောက် မည်

Photo: နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ်ရေး ဈေးကြီး တည်ဆောက် မည်
Monday, January 26, 2015

မြန်မာနိုင်ငံ၌ နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ် ရေးဈေးကြီးကို ရန်ကုန်မြို့ အင်းစိန်မြို့နယ် တညင်းကုန်းတွင် မကြာမီအကောင်အထည်ဖော် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံနိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ(MICA)နှင့် အကျိုးတူပူးပေါင်း ဆောက်လုပ်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များနှင့်အဖွဲ့အစည်းများကို ဖိတ်ခေါ်နေပြီဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ်ရေးဈေး ကြီးကို ရန်ကုန်မြို့အင်းစိန်မြို့နယ် တညင်းကုန်းရှိစက်မှု (၁)ပိုင် အမှတ် ၄ဝ၄ (က)မြေဧရိယာ ၆၇ ဒသမ ၂၄၅ ဧကပေါ်တွင် အကောင်အထည် ဖော်တည်ဆောက်သွားမည်ဖြစ်သည်။

ဒီဇိုင်းပုံစံ အဆိုပြုရာတွင် ဆောက်လုပ်မည့် ကုမ္ပဏီအနေဖြင့် အခန်းတစ်ခန်း၏ အလျား၊ အနံ၊ အမြင့်နှင့် အဆိုပါ အဆောက်အအုံ များတွင် ပါဝင်ရမည့် လှေကား၊ အဝင်လမ်း၊ အထွက်လမ်းမှအစ အလင်းရောင်ရရှိမှုအပါ အဝင်လေဝင် လေထွက်ကောင်းမွန်သော အနေအထားကောင်းများ ဖြစ်စေရန် အထူးဂရုပြုရမည့် အစိတ်အပိုင်းများ ပါဝင်ရမည်ဖြစ်ကြောင်း အဆိုပြုလွှာ တွင် ထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရသည်။

'' ကျွန်တော်တို့ အခုလို နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေးကြီးကို တည်ဆောက်ဖို့ လုပ်ဆောင်တာကတော့ ဒီမှာကအသားဖြန့်ဖြူးထုတ်လုပ်တဲ့ အခါ နိုင်ငံတကာအဆင့်မီထုပ်ပိုး လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် နိုင်ငံတကာ အဆင့်မီတင်ပို့ ရောင်းချနိုင်ရေးနဲ့ နိုင်ငံတစ်ဝန်း သားငါးထုတ်လုပ်ငန်းရှင်တွေ တစ်စုတစ်စည်းတည်း ရောင်းဝယ်ဖောက် ကားနိုင်အောင် အထူးသဖြင့် နောင်အနာ ဂတ်မှာ ပြည်တွင်း၊ ပြည်ပကြီးမား တဲ့ဈေး ကွက်ကြီးတစ်ခု ရရှိအောင်၊ အခုလို အကောင်အထည် ဖော်ရည်ရွယ် လုပ်ဆောင်တာဖြစ်ပါတယ်''ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦး က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် သုံးလေးနှစ်အတွင်း ပြည်တွင်းစားနပ်ရိက္ခာ၏ လိုအပ်ချက်အရ အသားထုတ်လုပ်မှု တိုးတက်လာသော်လည်းပြီးခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ပြည်တွင်းအသားထုတ်လုပ်မှုမှာ သိသိသာသာ လျော့နည်းခဲ့သည်။

အထူးသဖြင့် ပြည်တွင်းအသား ထုတ်လုပ်မှုမှာ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် တွင် ၁၉၅၆ ဒသမ ၂၁ မက်ထရစ် တန်၊ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ၂ဝ၇၃ ဒသမ ၆၇ မက်ထရစ်တန်၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် မက်ထရစ်တန် ၂၂၇၄ ဒသမ ၉ဝ နှင့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ၁၅၂၆ ဒသမ ၃၆ အထိ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ပြည်တွင်း လူတစ်ဦး၏ အသားစားသုံးမှုကို လေးနှစ်အတွင်း ပြန်လည်သုံးသပ် ကြည့်လျှင် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ၃၂ ဒသမ ၅ ကီလို ဂရမ်၊ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ၃၄ ဒသမ ၁ ကီလိုဂရမ်၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ၃၇ ကီလိုဂရမ်နှင့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ် တွင် ၄ဝဒသမ ၂ ကီလိုဂရမ်အထိ မြင့်တက် ခဲ့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေး လက်ဒေသ ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် စာရင်းများအရသိရသည်။

'' ဝန်ကြီးဌာနကဦးစီးပြီး တညင်းကုန်းမှာ မကြာမီအကောင်အထည် ဖော်တည်ဆောက်ပေးမယ့် မြန်မာနိုင်ငံရဲ့ အကြီးဆုံးသားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေးကြီးဟာ နောင်ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်တွေ အတွက် များစွာအထောက်အကူပြုမှာပါ။ ဒီဈေးကြီးဟာ ပြည်တွင်းမွေးမြူ ရေးလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာက ဈေးကွက်တွေဝင်လာရင် နိုင်ငံတကာလို အဆင့်မီမီရောင်းဝယ် ဖောက်ကားနိုင်ဖို့ကို အမှန်တကယ် အထောက်အကူပြုမှာ ဖြစ်ပါတယ်။

ကျွန်တော် တို့ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့အနေနဲ့ ဒီဈေးကြီးဖြစ် မြောက်ရေးအတွက် အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံမွေး မြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးမြင့်သူ (ဒုတိယဥက္ကဋ္ဌ-၂)က ပြောကြားသည်။

ယခုအခါ မြန်မာနိုင်ငံ၏ သားငါးကဏ္ဍအပါ အဝင် မွေးမြူရေးပိုင်းဆိုင်ရာ မြှင့်တင်ရေးကို အစ္စရေး၊ နယ်သာလန်၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်နှင့်အခြားကမ္ဘာ့ မွေးမြူရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအများစုက နိုင်ငံတော်နှင့်ပူးပေါင်း၍ နည်းပညာပိုင်း အပါအဝင် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင် လာကြသည်ကို သိရှိရသည်။
''ခုလို နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ်နိုင်တဲ့ ဈေးကြီးက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိသင့်တာကြာပါပြီ။ ကျွန်တော်တို့ဆီလောက် သားငါးသယံဇာတ ပေါကြွယ်ဝမှုမရှိသေးတဲ့နိုင်ငံတွေမှာတောင် ရှိနေတာကြာပါပြီ။ ခုဆိုရင် ကျွန်တော်တို့ဆီမှာ ရောင်းဝယ်ဖောက် ကားနေတဲ့ သားငါးထုတ်ကုန်ရောင်းဝယ်ရေးဟာ နိုင်ငံတကာနဲ့ကြည့် ရင်အဆင့်မမီသေးပါဘူး။ ခုလိုနိုင်ငံတော်က ကျွန်တော်တို့ သားငါးမွေးမြူရေးလုပ်ငန်းရှင်တွေအတွက် နိုင်ငံတကာအဆင့်မီဈေးကြီး တည်ဆောက်ပေးမယ်ဆိုတော့ ကျွန်တော့်အနေနဲ့ကတော့ အလွန်ဝမ်းသာပါတယ်'' ဟု မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးဌေးအောင်က ပြောသည်။

မြ၀တီ
မြန်မာနိုင်ငံ၌ နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ် ရေးဈေးကြီးကို ရန်ကုန်မြို့ အင်းစိန်မြို့ နယ် တညင်းကုန်းတွင် မကြာမီအကောင်အထည်ဖော် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံနိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ(MICA)နှင့် အကျိုးတူပူးပေါင်း ဆောက်လုပ်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များနှင့်အဖွဲ့အစည်းများကို ဖိတ်ခေါ်နေပြီဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ်ရေးဈေးကြီးကို ရန်ကုန်မြို့အင်းစိန်မြို့နယ် တညင်းကုန်းရှိစက်မှု (၁)ပိုင် အမှတ် ၄ဝ၄ (က)မြေဧရိယာ ၆၇ ဒသမ ၂၄၅ ဧကပေါ်တွင် အကောင် အထည် ဖော်တည်ဆောက်သွားမည်ဖြစ်သည်။

ဒီဇိုင်းပုံစံ အဆိုပြုရာတွင် ဆောက်လုပ်မည့် ကုမ္ပဏီအနေဖြင့် အခန်းတစ်ခန်း၏ အလျား၊ အနံ၊ အမြင့်နှင့် အဆိုပါ အဆောက်အအုံ များတွင် ပါဝင်ရမည့် လှေကား၊ အဝင်လမ်း၊ အထွက်လမ်းမှအစ အလင်းရောင် ရရှိမှုအပါ အဝင်လေဝင် လေထွက်ကောင်းမွန်သော အနေအထားကောင်းများ ဖြစ်စေရန် အထူးဂရုပြု ရမည့် အစိတ်အပိုင်းများပါဝင်ရမည်ဖြစ်ကြောင်း အဆိုပြုလွှာတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရ သည်။

'' ကျွန်တော်တို့ အခုလို နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေးကြီးကို တည်ဆောက်ဖို့ လုပ်ဆောင်တာကတော့ ဒီမှာကအသားဖြန့်ဖြူးထုတ်လုပ်တဲ့ အခါ နိုင်ငံတကာအဆင့်မီထုပ်ပိုး လုပ်ဆောင် နိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် နိုင်ငံတကာ အဆင့်မီတင်ပို့ ရောင်းချနိုင်ရေးနဲ့ နိုင်ငံတစ်ဝန်း သားငါး ထုတ်လုပ်ငန်းရှင်တွေ တစ်စုတစ်စည်းတည်း ရောင်းဝယ်ဖောက် ကားနိုင်အောင် အထူးသဖြင့် နောင်အနာ ဂတ်မှာ ပြည်တွင်း၊ ပြည်ပကြီးမား တဲ့ဈေး ကွက်ကြီးတစ်ခု ရရှိအောင်၊ အခုလို အကောင်အထည် ဖော်ရည် ရွယ် လုပ်ဆောင်တာဖြစ်ပါတယ်''ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦး က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် သုံးလေးနှစ်အတွင်း ပြည်တွင်းစားနပ်ရိက္ခာ၏ လိုအပ်ချက်အရ အသားထုတ်လုပ်မှု တိုးတက်လာသော်လည်းပြီးခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ပြည်တွင်း အသား ထုတ်လုပ်မှုမှာ သိသိသာသာ လျော့နည်းခဲ့သည်။

အထူးသဖြင့် ပြည်တွင်းအသား ထုတ်လုပ်မှုမှာ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် တွင် ၁၉၅၆ ဒသမ ၂၁ မက်ထရစ် တန်၊ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ၂ဝ၇၃ ဒသမ ၆၇ မက်ထရစ်တန်၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် မက်ထရစ်တန် ၂၂၇၄ ဒသမ ၉ဝ နှင့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ၁၅၂၆ ဒသမ ၃၆ အထိ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ပြည်တွင်း လူတစ်ဦး၏ အသားစားသုံးမှုကို လေးနှစ်အတွင်း ပြန်လည်သုံးသပ် ကြည့်လျှင် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ၃၂ ဒသမ ၅ ကီလို ဂရမ်၊ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ၃၄ ဒသမ ၁ ကီလိုဂရမ်၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ၃၇ ကီလိုဂရမ်နှင့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ် တွင် ၄ဝဒသမ ၂ ကီလိုဂရမ်အထိ မြင့်တက် ခဲ့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေး လက်ဒေသ ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် စာရင်းများအရသိရသည်။

'' ဝန်ကြီးဌာနကဦးစီးပြီး တညင်းကုန်းမှာ မကြာမီအကောင်အထည် ဖော်တည်ဆောက်ပေးမယ့် မြန်မာ နိုင်ငံရဲ့ အကြီးဆုံးသားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေးကြီးဟာ နောင်ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်တွေ အတွက် များစွာအထောက်အကူပြုမှာပါ။ ဒီဈေးကြီးဟာ ပြည်တွင်းမွေးမြူ ရေးလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာက ဈေးကွက်တွေဝင်လာရင် နိုင်ငံတကာလို အဆင့်မီမီရောင်းဝယ် ဖောက်ကားနိုင်ဖို့ကို အမှန်တကယ် အထောက်အကူပြုမှာ ဖြစ်ပါတယ်။

ကျွန်တော် တို့ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့အနေနဲ့ ဒီဈေးကြီးဖြစ် မြောက်ရေးအတွက် အားသွန် ခွန်စိုက် ပူးပေါင်းပါဝင်လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံမွေး မြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးမြင့်သူ (ဒုတိယဥက္ကဋ္ဌ-၂)က ပြောကြားသည်။

ယခုအခါ မြန်မာနိုင်ငံ၏ သားငါးကဏ္ဍအပါ အဝင် မွေးမြူရေးပိုင်းဆိုင်ရာ မြှင့်တင်ရေးကို အစ္စရေး၊ နယ်သာ လန်၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်နှင့်အခြားကမ္ဘာ့ မွေးမြူရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအများစုက နိုင်ငံတော်နှင့်ပူးပေါင်း၍ နည်းပညာပိုင်း အပါအဝင် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင် လာကြသည်ကို သိရှိရသည်။

''ခုလို နိုင်ငံတကာအဆင့်မီ သားငါးထုတ်ကုန်ရောင်းဝယ်နိုင်တဲ့ ဈေးကြီးက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိသင့်တာကြာပါပြီ။ ကျွန်တော်တို့ဆီလောက် သားငါးသယံဇာတ ပေါကြွယ်ဝမှုမရှိသေးတဲ့ နိုင်ငံတွေမှာ တောင် ရှိနေတာကြာပါပြီ။ ခုဆိုရင် ကျွန်တော်တို့ဆီမှာ ရောင်းဝယ်ဖောက် ကားနေတဲ့ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဟာ နိုင်ငံတကာနဲ့ကြည့် ရင်အဆင့်မမီသေးပါဘူး။ ခုလိုနိုင်ငံတော်က ကျွန်တော်တို့ သားငါးမွေးမြူရေးလုပ်ငန်းရှင်တွေအတွက် နိုင်ငံတကာအဆင့်မီဈေးကြီး တည်ဆောက်ပေးမယ်ဆိုတော့ ကျွန်တော့်အနေနဲ့ကတော့ အလွန်ဝမ်းသာပါတယ်'' ဟု မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဌေးအောင် က ပြောသည်။

မြ၀တီ 

No comments:

Post a Comment