Monday 26 January 2015

မြန်မာ-အိန်္ဒိယ နှစ်နိုင်ငံ Nodal Point အစည်းအဝေးကို ဖေဖော်ဝါရီလ ဆန်းပိုင်းတွင် တမူးမြို့၌ ကျင်းပမည်

မြန်မာ-အိန်္ဒိယနှစ်နိုင်ငံဒေသအဆင့် နယ်စပ်အစည်းအဝေးကို လာမည့်ဖေဖော်ဝါရီလဆန်းပိုင်းတွင် တမူးမြို့ ၌ ကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးနယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းအစည်းဝေးတွင် နှစ်နိုင်ငံ နယ်စပ် ဒေသများတွင် လုံခြုံရေး၊ တပ်စခန်းများ အဆင့် ဆွေးနွေးမှုများနှင့် တပ်မတော် အချင်းချင်း ပူးတွဲ ကင်းလှည့်နိုင်ရေး တို့ကို ဆွေးနွေး သွားမည် ဖြစ်သည် ယင်းဆွေးနွေးမှုသည် ခြောက်ကြိမ်မြောက် အဖြစ် ပြုလုပ် သွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

နှစ်နိုင်ငံ လုံခြုံရေးကို ပူးတွဲ ကင်းလှည့် ပေးဖို့ပါ။ မြန်မာ-အိန်္ဒိယ နှစ်နိုင်ငံ ဒေသ အဆင့် ကော်မတီ အစည်း အဝေးပါ။ နယ်စပ် ကင်းစခန်းတွေရဲ့ လုံခြုံရေးကို အဓိကထား ဆွေးနွေးသွားကြ မှာပါ။ ဖေဖော်ဝါရီ လဆန်း ပိုင်းလောက် လုပ်ဖြစ်မယ်။ ရက် အတိအကျတော့ မသိရသေး ပါဘူး ဟု တိုင်းဒေသကြီး နယ်စပ် ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က The Messenger Media  သို့ ပြောသည်။

အဆိုပါ မြန်မာ-အိန်္ဒိယ နှစ်နိုင်ငံဒေသ အဆင့် ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် နယ်စပ် ကင်းလှည့်ခြင်းကို ပူးတွဲ လုပ်ဆောင်နိုင်ရန်နှင့် တပ်မတော်အချင်းချင်း ဆက်သွယ်မှု စနစ် ကောင်းမွန်ရေးတို့ အတွက် အဓိက ထားကာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးထံမှ သိရသည်။ ယင်းသို့ ဆွေးနွေးခြင်းကို ပြီးခဲ့ သည့် ၂၀၁၄ ခုနှစ်အတွင်း ငါးကြိမ်မြောက် ဆွေးနွေးခဲ့ပြီး ဖြစ်ရာ ယခုအခါ ဆွေးနွေးမှုသည် ခြောက်ကြိမ် မြောက် အဖြစ် တမူးမြို့နယ် အတွင်း၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal  

No comments:

Post a Comment