Monday 26 January 2015

စီမံကိန်းများကြောင့် အာဆီယံနိုင်ငံများတွင် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာရန် မျှော်မှန်း

Photo: စီမံကိန်းများကြောင့် အာဆီယံနိုင်ငံများတွင် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာရန် မျှော်မှန်း
Monday, January 26, 2015

ခရီးသွားလုပ်ငန်း စီမံကိန်းများကြောင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာလိမ့်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ အာဆီယံ ခရီးသွား လုပ်ငန်းဆိုင်ရာ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာ အစီအစဉ် (၂ဝ၁ဝ-၁၅) နှင့် အာဆီယံ ခရီးသွားလုပ်ငန်းဈေးကွက် ရှာဖွေမြှင့်တင်ရေး မဟာဗျူဟာ အစီအစဉ်တို့တွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အတွက် အာဆီယံ နိုင်ငံများတွင် ခရီးသွား လုပ်ငန်း ကဏ္ဍသည် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဟု ဖိုရမ်သို့ တက်ရောက်သည့် ခရီးသွား လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဆီယံ ခရီးသွားဖိုရမ်တွင် ယခင်ချမှတ် အကောင်အထည်ဖော်နေသည့် ခရီးသွားလုပ်ငန်း ကဏ္ဍဆိုင်ရာ စီမံကိန်းများအပြင် ၂ဝ၁၅ ခုနှစ်နောက်ပိုင်းကာလအတွက် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာ အစီအစဉ် (၂ဝ၁၆-၂ဝ၂၅) ဖြစ်သည့် ၁ဝ နှစ် စီမံကိန်း
ရေးဆွဲရေးကို အဓိကဆွေးနွေးလျက် ရှိသည်။

ဇန်နဝါရီ ၂၂ ရက်မှ ၂၉ ရက်အထိ ကျင်းပလျက်ရှိသည့် အာဆီယံ ခရီးသွား ဖိုရမ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအချင်းချင်း
တွေ့ဆုံဆွေးနွေးခြင်းအပြင် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုးရီးယား၊ အိန္ဒိယ၊ ရုရှနိုင်ငံများနှင့် ခရီးသွား လုပ်ငန်းကဏ္ဍများကို
တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် အာဆီယံ ခရီးသွားဖိုရမ်တွင် ခရီးသွားပြခန်းပေါင်း ၄၈ဝ ကျော်ပါဝင် ပြသထားပြီး
ပြည်တွင်းပြည်ပမှ ပြပွဲတက်ရောက်သူကိုယ်စားလှယ် ၁,၇ဝဝ ကျော် ပါဝင်တက်ရောက်လျက် ဖြစ်သည်။

မြန်မာနိုင်ငံသို့ ၂ဝ၁၄ ခုနှစ်တွင် ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက်မှု စံချိန်တင် သုံးသန်းကျော်ရှိခဲ့ပြီး ကမ္ဘာလုံး အတိုင်းအတာဖြင့် ၂ဝ၁၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍသည် လေးရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင် နှုန်းရှိခဲ့သည်ဟု ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်က ဆိုသည်။

Mizzima - News in Burmese 

၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား သုံးသန်းကျော် ဝင်ရောက်ခဲ့သည်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား သုံးသန်းကျော် ဝင်ရောက်ခဲ့သည်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
ခရီးသွားလုပ်ငန်း စီမံကိန်းများကြောင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက် လာလိမ့်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ အာဆီယံ ခရီးသွား လုပ်ငန်း ဆိုင်ရာ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာ အစီအစဉ် (၂ဝ၁ဝ-၁၅) နှင့် အာဆီယံ ခရီးသွားလုပ်ငန်း ဈေးကွက် ရှာဖွေမြှင့်တင်ရေး မဟာဗျူဟာ အစီအစဉ်တို့တွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်းစဉ်များကို အဖွဲ့ဝင် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အတွက် အာဆီယံ နိုင်ငံများတွင် ခရီးသွား လုပ်ငန်း ကဏ္ဍသည် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဟု ဖိုရမ်သို့ တက်ရောက်သည့် ခရီးသွား လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဆီယံ ခရီးသွားဖိုရမ်တွင် ယခင်ချမှတ် အကောင်အထည်ဖော်နေသည့် ခရီးသွားလုပ်ငန်း ကဏ္ဍဆိုင်ရာ စီမံကိန်းများအပြင် ၂ဝ၁၅ ခုနှစ်နောက်ပိုင်းကာလအတွက် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာ အစီအစဉ် (၂ဝ၁၆-၂ဝ၂၅) ဖြစ်သည့် ၁ဝ နှစ် စီမံကိန်း ရေးဆွဲရေးကို အဓိကဆွေးနွေးလျက် ရှိသည်။

ဇန်နဝါရီ ၂၂ ရက်မှ ၂၉ ရက်အထိ ကျင်းပလျက်ရှိသည့် အာဆီယံ ခရီးသွား ဖိုရမ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံ များ အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်းအပြင် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုးရီးယား၊ အိန္ဒိယ၊ ရုရှနိုင်ငံများနှင့် ခရီးသွား လုပ်ငန်းကဏ္ဍများကို တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် အာဆီယံ ခရီးသွားဖိုရမ်တွင် ခရီးသွားပြခန်းပေါင်း ၄၈ဝ ကျော်ပါဝင် ပြသထားပြီး ပြည်တွင်းပြည်ပမှ ပြပွဲတက်ရောက်သူကိုယ်စားလှယ် ၁,၇ဝဝ ကျော် ပါဝင် တက်ရောက်လျက် ဖြစ်သည်။

မြန်မာနိုင်ငံသို့ ၂ဝ၁၄ ခုနှစ်တွင် ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက်မှု စံချိန်တင် သုံးသန်းကျော်ရှိခဲ့ပြီး ကမ္ဘာ လုံး အတိုင်းအတာဖြင့် ၂ဝ၁၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍသည် လေးရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင် နှုန်းရှိခဲ့သည်ဟု ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်က ဆိုသည်။

Mizzima - News in Burmese 

No comments:

Post a Comment