Monday 26 January 2015

အက်စ်ဘီနှင့် စသုံးလုံးကို သမ္မတရုံးလက်အောက်ရွှေ့မည်

ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရှိသော သတင်းတပ်ဖွဲ့(SB)နှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(စစစ)တို့ကို သမ္မတရုံးလက်အောက်သို့ ပြောင်းရွှေ့၍ အဖွဲ့နာမည်နှင့် ယူနီဖောင်းများပါ ပြောင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတရုံးလက်အောက်တွင် Office of Security  andInformation ဌာန ဖွင့်လှစ်ပြီးနောက် လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ သတင်းတပ်ဖွဲ့(SB)နှင့် စသုံးလုံးတပ်ဖွဲ့ဝင်များကို မကြာမီ ပြောင်းလဲဖွဲ့စည်းမည်ဟု သတင်းရရှိသည်။

‘‘ဒီဘတ်ဂျက်မတိုင်ခင်ဖြစ်မယ်လို့တော့ကြားတယ်။ ယူနီဖောင်းရော အခေါ်အဝေါ်ပါပြောင်းသွားမယ်’’ဟု ရန်ကုန်မြို့ အခြေစိုက် သတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။

‘‘ထူးဆန်းတာက စရဖ မပါ ဘူး။ NIBကို ပြန်ဖွဲ့မယ်ပြောပြီး အဲဒါမလုပ်ဘဲနဲ့ ဒီလိုလုပ်တာထူး ခြားတယ်။ သမ္မတရုံးနဲ့ စစ်တပ် သတင်းမဖလှယ်ချင်တဲ့သဘောရောက်နေတယ်’’ဟု ABSDFဥက္က ဋ္ဌဟောင်း ဒေါက်တာ နိုင်အောင်က  သုံသပ်သည်။

လက်ရှိပြည်ထဲရေးဝန်ကြီး လက်အောက်တွင် အလုပ်လုပ် နေရသော သတင်းတပ်ဖွဲ့(SB) နှင့် စသုံးလုံး အဖွဲ့များသည် လုံခြုံရေးကိစ္စအပြင် တရားစွဲခြင်း၊ ဖမ်းဆီးခြင်းလုပ်ငန်းများပါလုပ်ကိုင်ရသဖြင့် လုပ်ရကိုင်ရ အဆင်မပြေ ကြောင်း သတင်းတပ်ဖွဲ့မှ အရာရှိ တစ်ဦးကဆိုသည်။

‘‘အခုလည်း အဆင်ပြေ ကြတာမှ မဟုတ်တာ။ လစာနဲ့ Facility ပိုင်းပေါ်မူတည်တာပဲ။ လုံ ခြုံရေး ကိစ္စပဲ လုပ်ရရင် ပိုအဆင် ပြေတယ်’’ဟု ရန်ကုန်အခြေစိုက် SBတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

တပ်မတော်အစိုးရလက်ထက်တွင် လုံခြုံရေးလုပ်ငန်းများအား တပ်မတော်ထောက်လှမ်းရေးအဖွဲ့က အဓိက လုပ်ကိုင်ပြီး တပ်မတော်ထောက်လှမ်းရေးအဖွဲ့ဖျက်သိမ်းပြီးနောက် သတင်းတပ်ဖွဲ့က ဆောင်ရွက် လာ သည်။ စသုံးလုံးအဖွဲ့အနေဖြင့် စီးပွားရေးနှင့် ပတ်သက်သောအမှုမျာကိုသာ ကိုင်တွယ်ရသည်။

7Day DAILY 

No comments:

Post a Comment