Monday 26 January 2015

မဒေးကျွန်းဆိပ်ကမ်းသို့ တရုတ်ရေနံတင်သင်္ဘော ဆိုက်ရောက်

Photo: မဒေးကျွန်းဆိပ်ကမ်းသို့ တရုတ်ရေနံတင်သင်္ဘော ဆိုက်ရောက်
Monday, January 26, 2015

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မဒေးကျွန်း ရေနက်ဆိပ်ကမ်းသို့
တရုတ်နိုင်ငံပိုင် ရေနံတင်သင်္ဘောတစ်စင်း ဆိုက်ရောက်လာကြောင်း
သတင်းရရှိသည်။

အဆိုပါ ရေနံတင်သင်္ဘောမှာ မဒေးကျွန်း ရေနက်ဆိပ်ကမ်းသို့ ဇန်န၀ါရီ ၂၄ရက်
မွန်းလွဲပိုင်းက ဆိုက်ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ ရေနံစိမ်း တန်ချိန်
တစ်သိန်း သုံးသောင်းခန့်ကို သယ်ဆောင်လာကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက အဲ့ဒီ သင်္ဘောဟာ ကျောက်ဖြူနဲ့
ရေမိုင်၃၀လောက် အကွာမှာ ကျောက်ချ ရပ်နား နေပါတယ်။
ရေနံပိုက်လိုင်းဖွင့်ပွဲလုပ်ဖို့ အဆင်သင့်မဖြစ်သေးလို့ နားနေတာဖြစ်ပါတယ်”
ဟု ကျောက်ဖြူ ဆိပ်ကမ်းအာဏာပိုင်တစ်ဦး ကပြောသည်။

မဒေးကျွန်း ရေနက်ဆိပ်ကမ်းသို့ ၀င်ရောက်လာသည့် ရေနံတင် သင်္ဘော Xin Run Yang
သည် ဟောင်ကောင် တွင် မှတ်ပုံတင်ထားသော သင်္ဘောဖြစ်ပြီး၊ အလျား ၃၃၀မီတာ၊ အနံ
၆၀မီတာ ကျယ်ဝန်းကာ ရေနံစိမ်းတန်ချိန် ၁သိန်းနီးပါး တင်ဆောင်နိုင်သည်။

ထိုကဲ့သို့ တန်ချိန်များစွာတင်ဆောင်နိုင်သော ရေနံတင်သင်္ဘောကြီးများ
မဒေးကျွန်းသို့ ၀င်ထွက်သွားလာမှုကြောင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသော
မဒေးကျွန်းဒေသခံများအတွက် အခက်အခဲဖြစ်စေနိုင်သဖြင့် ရေနံတင်သင်္ဘောကြီးများ
ဝင်ထွက်သွားလာမှုကို ဒေသခံများက ကန့်ကွက်မှုများရှိခဲ့သည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ၊ မဒေးကျွန်း (မြဒေးကျွန်း) တွင်
တရုတ်နိုင်ငံက ရေနံသိုလှောင်ကန်ကြီးများ တည်ဆောက်ထားသည်။ မဒေးကျွန်းသို့
ဒေသအသီးသီးမှ ၀င်ရောက်လာမည့် ရေနံတင်သင်္ဘောများက ရေနံသိုလှောင်ကန်များတွင်
ရေနံများဖြည့်ပြီးနောက် တရုတ်နိုင်ငံအတွင်းသို့ ပိုက်လိုင်းမှ တစ်ဆင့်
ရေနံများကို ပို့လွှတ်ရန် စီစဉ်ထားသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့
ပို့လွှတ်မည့် ရေနံပိုက်လိုင်း ဖွင့်ပွဲကို ယခုလ ၃၀ရက်နေ့တွင်
ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မဒေးကျွန်းသို့ ၀င်ရောက်လာသည့် တရုတ်ရေနံတင်သင်္ဘော Xin Run Yang ကိုတွေ့ရစဉ်။

Rakhine News Agency
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
မဒေးကျွန်းသို့ ၀င်ရောက်လာသည့် တရုတ်ရေနံတင်သင်္ဘော Xin Run Yang ကိုတွေ့ရစဉ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မဒေးကျွန်း ရေနက်ဆိပ်ကမ်းသို့ တရုတ်နိုင်ငံပိုင် ရေနံတင်သင်္ဘော တစ်စင်း ဆိုက်ရောက်လာကြောင်း သတင်းရရှိသည်။

အဆိုပါ ရေနံတင်သင်္ဘောမှာ မဒေးကျွန်း ရေနက်ဆိပ်ကမ်းသို့ ဇန်န၀ါရီ ၂၄ရက် မွန်းလွဲပိုင်းက ဆိုက် ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ ရေနံစိမ်းတန်ချိန်တစ်သိန်းသုံးသောင်းခန့်ကို သယ်ဆောင်လာကြောင်းသိရသည်။

“လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက အဲ့ဒီ သင်္ဘောဟာ ကျောက်ဖြူနဲ့ ရေမိုင်၃၀လောက် အကွာမှာ ကျောက်ချ ရပ်နား နေပါတယ်။ ရေနံပိုက်လိုင်းဖွင့်ပွဲလုပ်ဖို့ အဆင်သင့်မဖြစ်သေးလို့ နားနေတာဖြစ်ပါတယ်”
ဟု ကျောက်ဖြူ ဆိပ်ကမ်းအာဏာပိုင်တစ်ဦး ကပြောသည်။

မဒေးကျွန်း ရေနက်ဆိပ်ကမ်းသို့ ၀င်ရောက်လာသည့် ရေနံတင် သင်္ဘော Xin Run Yang သည် ဟောင် ကောင် တွင် မှတ်ပုံတင်ထားသော သင်္ဘောဖြစ်ပြီး၊ အလျား ၃၃၀မီတာ၊ အနံ ၆၀မီတာ ကျယ်ဝန်းကာ ရေနံစိမ်းတန်ချိန် ၁သိန်းနီးပါး တင်ဆောင်နိုင်သည်။

ထိုကဲ့သို့ တန်ချိန်များစွာတင်ဆောင်နိုင်သော ရေနံတင်သင်္ဘောကြီးများ မဒေးကျွန်းသို့ ၀င်ထွက်သွားလာမှု ကြောင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသော မဒေးကျွန်းဒေသခံများအတွက် အခက်အခဲဖြစ်စေနိုင်သဖြင့် ရေနံတင်သင်္ဘောကြီးများ ၀င်ထွက်သွားလာမှုကို ဒေသခံများက ကန့်ကွက်မှုများရှိခဲ့သည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ၊ မဒေးကျွန်း (မြဒေးကျွန်း) တွင် တရုတ်နိုင်ငံက ရေနံသိုလှောင်ကန်ကြီးများ တည်ဆောက်ထားသည်။ မဒေးကျွန်းသို့ ဒေသအသီးသီးမှ ၀င်ရောက်လာမည့် ရေနံတင်သင်္ဘောများက ရေနံသိုလှောင်ကန်များတွင် ရေနံများဖြည့်ပြီးနောက် တရုတ်နိုင်ငံအတွင်းသို့ ပိုက်လိုင်းမှ တစ်ဆင့် ရေနံ များကို ပို့လွှတ်ရန် စီစဉ်ထားသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ပို့လွှတ်မည့် ရေနံပိုက်လိုင်း ဖွင့်ပွဲကို ယခုလ ၃၀ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Rakhine News Agency
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment