Monday 26 January 2015

ရေစကြိုတွင် ဗိုလ်ချုပ်နှစ်တစ်ရာပြည့် ပြပွဲ၊ ပြိုင်ပွဲများ ၁၃ ရက်ကြာပြုလုပ်မည်

မကွေးတိုင်းဒေသကြီး ရေ စကြိုမြို့တွင် ဗိုလ်ချုပ်အောင် ဆန်းနှစ် (၁၀၀)ပြည့်အထိမ်းအ မှတ်ပြပွဲ၊ ပြိုင်ပွဲ များကို ဖေဖော် ဝါရီ ၁ ရက်မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်မည်ဟု သတင်းရ ရှိသည်။

ရေစကြိုမြို့ ပွဲတော်ခင်း ကွင်းပြင်နှင့် အမျိုးသားဇာတ်ရုံ တွင် ကျင်းပမည်ဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်း အမှတ်တရပန်းချီ၊ ဓာတ်ပုံနှင့် အမှတ်တရပစ္စည်း များပြပွဲတို့ ထည့်သွင်းပြသမည် ဖြစ်သည်။

‘‘ရေစကြိုမြို့နယ် စာပေချစ် မြတ်နိုးသူများအဖွဲ့က ဦးဆောင်ပြီး ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲတွေ ကျင်းပသွားမှာဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်များ ဗိုလ်ချုပ်စိတ်ဓာတ် ထွန်းကားလာစေရန်နဲ့ ဇာတိသွေး၊ ဇာတိမာန်များ တက်ကြွလာစေဖို့ ရည်ရွယ်ပြီးကျင်းပတာပါ’’ဟု ပြပွဲ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင် ဦးသန်းနိုင်ဦးက ပြောသည်။

အလယ်တန်း၊ အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ် ချုပ်မိန့်ခွန်းစကားပြောပြိုင်ပွဲ၊ တစ်ပင်တိုင် ခြင်းလုံး အလှခတ် ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဆယ် နှစ်အောက်ကလေးငယ်များ အတွက် အား ကစားနည်းဆယ်မျိုး ကိုလည်း ကျင်းပမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၃ ရက်ည တွင် ဆုရရှိသူများအား ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ဗိုလ်ချုပ်အမှတ် တရကဗျာရွတ် ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းအား ဂါရဝပြု ဆီမီးထွန်းညှိပွဲများ ကျင်းပရန် စီစဉ် ထားသည်။

‘‘ဗိုလ်ချုပ်အောင်ဆန်း (၉၇) နှစ်ပြည့်အထိမ်းအမှတ်တုန်းက ရေစကြိုမြို့နယ် စာပေချစ်မြတ် နိုးသူများအဖွဲ့ က ကဗျာရွတ်ပွဲနဲ့ ကဗျာစာအုပ် ထုတ်ဝေခဲ့ဖူးပါ တယ်။ အခုဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အနေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပတာက မျိုးဆက်သစ်လူငယ်တွေ ဗိုလ်ချုပ်အောင်ဆန်းကို အားကျအတု ယူစေချင်လို့ပါ’’ဟု ရေစကြိုမြို့ နယ်၊ စာပေချစ်မြတ်နိုးသူများ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

7Day Daily

No comments:

Post a Comment