Monday 26 January 2015

လှည်းကူး အမှတ်(၇)လမ်းမဘေး ကျူးကျော်အိမ်များ ဇန်န၀ါရီ ၂၇ ရက် နောက်ဆုံးထား၍ဖယ်ရန် ထပ်မံညွှန်ကြား

လှည်းကူးမြို့နယ် အမှတ်(၇)လမ်းမဘေးရှိ ကျူးကျော်အိမ်ခြေ ၄၀၀ ကျော်ကို ဇန်န၀ါရီ ၂၇ ရက် နောက်ဆုံး ထား ဖယ်ရှားရန် ညွှန်ကြားထားသဖြင့် နေထိုင်သူများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။

‘‘စီမံချက်နေရာဖြစ်တဲ့အတွက် ဖယ်ပေးရမှာ’’ နောက်ဆုံးအဆင့်အနေနဲ့ အသနားခံစာတင်ထားတာပေါ့’’ဟု လှည်းကူးမြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးသက်ခိုင်က ပြောသည်။

ကျူးကျော်နေထိုင်သူ ဆယ် ဦးကို လမ်းမကြီးဥပဒေ ၇ (က)၊ ၇ (ခ) ဖြင့် စည်ပင်လမ်းတံတား ဌာနက တရားစွဲဆိုထားသည်။ ၂၀၁၄ အတွင်း ယင်းကျူးကျော်နေသူများကို ထွက်ခွာပေးရန် နှစ်ကြိမ်ထက် မနည်း အကြောင်းကြားထားပြီး ၂၀၁၅ တွင် နောက်ဆုံးအကြိမ်ဖယ်ရှားပေးရန် အကြောင်းကြားထားခြင်းဖြစ်သည်။

‘‘ရွာတည်တော့ အိမ်နေရာ မြေတစ်ကွက်မှမရှိတဲ့သူတွေက ရွာသစ်တည်မယ့်နေရာမှာ မြေဖို့ ကြရတယ်။ တကယ်တမ်း အိမ် နေရာမြေရတော့ လက်သင့်ရာ တွေကို မြေနေရာပေးလိုက်ကြ တယ်။ အခုအချိန်ထိ အိမ်နေရာ မရတော့ဘဲ အခုလို နေကြရတာ ပါ’’ဟု မတ်လစ်ကျေးရွာသူ ဒေါ်နု နုလွင်က ပြောသည်။

ကျူးကျော် မြေနေရာများတွင် ရေကျော်၊ မတ်လစ်၊ ဘာ လာတံခွန်တိုင်ကျေးရွာတို့မှ လာရောက်နေထိုင် ကြပြီး ဧရာဝတီ တိုင်း၊ ဖျာပုံမြို့နယ်မှလာရောက် နေထိုင်သူများလည်းရှိနေသည်။

ကျူးကျော်နေထိုင်သူများတွင် ကျေးရွာရပ်ကွက်ထောက်ခံ စာနှင့်အတူ နေအိမ်သန်းခေါင်စာ ရင်းများ ရှိထားကြပြီး ၂၀၁၀ ရွေးကောက်ပွဲ၌ မဲပေးခွင့်ရရှိခဲ့ကြသည်ဟုဆိုသည်။ လွှတ်တော် ကိုယ်စားလှယ် အချို့ကိုလည်း တစ်စုံတစ်ရာကူညီပေးရန်တောင်းခံထားကြသည်ဟု သိရသည်။

7Day DAILY 

No comments:

Post a Comment