Monday 26 January 2015

ငါးမွေးမြူကန် များအား လယ်ယာမြေ ကဲ့သို့ (လန) ချပေးရန် လိုအပ်နေဟုဆို

ငါး၊ ပုစွန် မွေးမြူရေးကန် များအား လယ်ယာမြေ ကဲ့သို့ (လန) ပုံစံ သတ်မှတ်ချထား ပေးရန် လိုအပ် နေ ကြောင်း ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမိုးလွင်က ပြောသည်။ လက်ရှိ အခြေ အနေတွင် လုပ်ငန်းရှင်များ အနေဖြင့် တစ်နိုင် တစ်ပိုင် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ စီးပွားဖြစ် လုပ် ကိုင်ခြင်း ဖြစ်သည့် အတွက် ငွေကြေး အရင်းအနှီး ရရှိရန် လိုအပ်လျက် ရှိကြောင်း ၎င်းက ဆိုသည်။

ကျွန်တော်တို့မှာ အခက်အခဲရှိ နေတာက လယ်ယာ စိုက်ပျိုးတဲ့ တောင်သူ လယ်သမားတွေလို မြေ အမျိုး အစား သတ်မှတ်ချက် မရှိတော့ ချေးငွေ ရရှိဖို့ အလွန်ခက်ခဲ ပါတယ်။ အဲဒီတော့ နိုင်ငံ့ စီးပွားရေး တိုးတက်ဖို့ ဆိုရင် ဒီလို လုပ်ငန်းမျိုးတွေ ကိုလည်း အားပေးဖို့ လိုအပ်တယ် ဟု ဦးမိုးလွင် က ပြောသည်။

ငါး၊ ပုစွန် မွေးမြူရေးကန် များမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ပင် ငါးမွေးကန်ဧက (၆၀၀၀၀) ကျော်နှင့် ပုစွန်မွေး ကန်ဧက (၁၀၀၀၀) ၀န်းကျင် ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မွေးမြူရေးကန် ဧကပေါင်း လေးသိန်းကျော် ရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။ ကျွန်တော်တို့နေနဲ့ မွေးမြူရေး လုပ်ငန်းတွေ အတွက် ကျေးလက် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကနေ ပံ့ပိုးနိုင်ဖို့ ဘဏ္ဍာရေး အဖွဲ့တွေ ဖွဲ့ထား ပြီးပါပြီ။ မြေသတ်မှတ်ဖို့ ဆိုတဲ့ အနေ အထားကိုတော့ အထက်ကို တင်ပြ သွားဖို့ ရှိပါတယ် ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်လွင်ဝင်းက ပြောသည်။

လယ်ယာစိုက် တောင်သူများကို ယခင် လယ်ယာမြေ ပိုင်ဆိုင်မှု ပုံစံ (လန-၃၉) ဖြင့် ထုတ်ဖော်ပေး ခဲ့ရာ ယခု ပြည်ထောင်စု လွှတ်တော်၏ လယ်ယာမြေ ဥပဒေသစ် အရ ပုံစံ (၇) ဖြင့် အစားထိုး ထုတ်ပေးကာ စိုက်ဧက တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် စိုက်စရိတ် ထုတ်ပေး ခဲ့ကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment