Monday 26 January 2015

ထီဈေးပိုတင်ရောင်းလျှင် ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ရန် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထား

ထီလက်မှတ်ကို သတ်မှတ်ဈေးနှုန်းထက်ပိုရောင်းပါက အနည်းဆုံး ထောင်ဒဏ် ခြောက် လမှ တစ်နှစ်အပြင် ငွေဒဏ်ကျပ်သိန်း ၅၀ အထိ ချမှတ်နိုင်ရန် အစိုးရအောင်ဘာလေထီဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲ ထားကြောင်း သတင်းရရှိသည်။

ထီဈေးမြှင့်၍ ရောင်းချနေ ခြင်းအပေါ် ထိုဥပဒေကြမ်းအ တည်ပြုထွက်ပေါ်လာပါက ထိရောက်စွာ ထိန်းကွပ် ဆောင်ရွက် သွားနိုင်မည်ဖြစ်ပြီး  ဥပဒေမရှိသေး သောကြောင့် လက်ရှိအချိန်၌ အ ရေးယူရန် ခက်ခဲနေ ကြောင်း ပြည် တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဥပဒေကြမ်းတွင် အစိုးရထီ ရုံးမှ တာဝန်ရှိသူ (သို့မဟုတ်) ထီ ရောင်းချသူမည်သူမျှ ထီလက် မှတ်ကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုရဟု ရေးဆွဲထားသည်။ ယင်းတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ပါက အနည်းဆုံးထောင်ဒဏ် ခြောက် လမှ အများဆုံးထောင်ဒဏ် တစ် နှစ်အထိ ဖြစ်စေ၊ ထောင် ဒဏ် အ ပြင် ငွေဒဏ်ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၅၀ အထိဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ရေးဆွဲထားခြင်း ဖြစ်သည်။

အဆိုပါ ပြစ်ဒဏ်မှာ ခေတ် ကာလအနေအထားနှင့် တွက်ပါက မျှတသည်ဟုထင်ကြောင်း အ ထက်တန်း ရှေ့နေ ဦးတင်စိန်က မှတ်ချက်ပြုသည်။

‘‘နောက်ပိုင်း ထီလုပ်ငန်းပို ဖွံ့ဖြိုးလာချိန်မှာ ဥပဒေကြောင်း အရ ထိထိရောက်ရောက်ကြပ် မတ်နိုင်ဖို့ လိုတာကြောင့် ပြစ်မှုပြစ်ဒဏ်တွေကို မြှင့်ထားရတဲ့ သဘောပါ’’ဟု ပြည်တွင်းအခွန်များဦးစီး ဌာန၊ အောင်ဘာလေ သိန်းဆုဌာန ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

တရားဝင်သတ်မှတ်နှုန်းထားမှာ တစ်စောင်လျှင် ၂၀၀ ကျပ်  ဖြစ်သော်လည်း ထီအရောင်းဆိုင်များတွင် တစ်စောင်လျှင် ၂၅၀ ကျပ် မှ ၄၀၀ ကျပ်ခန့်အထိ ဈေးတင်ရောင်းချနေကြ သည်။ ထိုသို့ ဈေးတင်ရောင်းချ နေသော်လည်း ထိရောက်စွာ အ ရေးယူနိုင်သည့် ဥပဒေမရှိခြင်း ကြောင့် ထီကံစမ်းသူများအနေ ဖြင့် နစ်နာမှုများ အချိန်ကြာ ကြုံ တွေ့နေရသည်။

‘‘ဈေးတင်ရောင်းတာကို ပြင်း ပြင်းထန်ထန်အရေးယူနိုင်တဲ့ ဥပ ဒေလိုအပ်နေတာကြာပြီ။ ဒီဥပဒေကြမ်း အမြန်ဆုံးအတည်ပြုလာဖို့ မျှော်လင့်တယ်’’ဟု အောင်ဘာ လေထီကံစမ်းလေ့ရှိသူ ကိုကျော်စွာဝင်းက ပြောသည်။

အောင်ဘာလေသိန်းဆုဌာန အနေဖြင့် ထီအရောင်းကိုယ်စား လှယ်များအား တစ်စောင်လျှင် ငွေကျပ် ၂၀၀၊ ဆယ်စောင် တစ်အုပ်လျှင် တစ်စောင်ပိုပေးစနစ်ဖြင့် ဖြန့်ချိပေးထားသည်။ ထီအရောင်းဆိုင်များမှ အပိုပေးသော ထီလက်မှတ်စောင်ရေရောင်းချမှုမှ အမြတ်ခံစားရန် ဖြစ်သည်။ သို့သော် ထီအရောင်းဆိုင် များက သယ်ယူစရိတ်နှင့် အခြားအထွေထွေ ကုန်ကျစရိတ်များတွက်ချက်ကာ ဈေးတင်ရောင်းချကြသည်။

7Day DAILY 

No comments:

Post a Comment