Monday 26 January 2015

ယမကာနှင့် စီးကရက်ခွန်များ မြှင့်တင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာန တင်ပြ

Photo: ယမကာနှင့် စီးကရက်ခွန်များ မြှင့်တင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာန တင်ပြ
Monday, January 26, 2015 

လာမည့် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်မှစ၍ ယမကာနှင့် စီးကရက်ခွန်များကို ပြည်ထောင်စုအစိုးရက အခွန်နှုန်းများ တိုးမြှင့် ကောက်ခံရန် စီစဉ်လျက်ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော် သို့ တင်ပြချက်အရ သိရသည်။

အထူးကုန်စည်များအဖြစ် သတ်မှတ်ထားသည့် ကုန်စည် ၁၆ မျိုးတွင် ပါဝင်နေသည့် ကုန်စည် ၁ဝ မျိုးအနက် စီးကရက်ကို ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို လက်ရှိနှစ်တွင် ကောက်ခံနေသည့် ၁ဝဝ ရာ ခိုင်နှုန်းမှ ၁၂ဝ ရာခိုင်နှုန်း အထိ တိုးမြှင့် ပြင်ဆင်ထားခြင်း ဖြစ်သည်။

ကျန်ကုန်စည်များဖြစ်သော ဆေးရွက်ကြီး၊ ဗာဂျီးနီးယားပေါင်းတင်ပြီး ဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ သောက်ဆေးအမျိုးမျိုး၊ ကွမ်းစားဆေး အမျိုးမျိုး၊ အရက်အမျိုးမျိုးနှင့် ဘီယာအမျိုးမျိုးတို့အပေါ်တွင် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်များကိုလည်း လက်ရှိ ၅ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းသို့ တိုးမြှင့် ကောက်ခံရန် ဖြစ်သည်။

အဆိုပါ ကုန်စည်များအတွက် ကောက်ခံသော ကုန်သွယ်လုပ်ငန်းခွန် နှုန်းထားများကို တိုးမြှင့်သတ်မှတ်ရန် အတွက် ၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ပြင်ဆင်ရေးဆွဲထားခြင်း ဖြစ်သည်။

''ပြည်သူ ပြည်သားများရဲ့ စားသုံးမှုကို အခွန်စနစ်နဲ့ ထိန်းညှိပေးဖို့ဆိုတဲ့ အခွန် ကောက်ခံခြင်းရဲ့ ရည်ရွယ်ချက်ကို သွယ်ဝိုက်ခွန် အမျိုးအစားနဲ့ ဖော်ဆောင်ရပါတယ်'' ဟု အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော် သို့ ယခုလ ၁၉ ရက် တွင် တင်သွင်းရာ၌ ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

အဆိုပါ ကောက်ခံမည့် နှုန်းထားများသည် ပြည်ပမှ တင်သွင်းသည့် ကုန်စည်ဖြစ်ပါက ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင် လည်းကောင်း၊ ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်စည် ဖြစ်ပါက ရောင်းရငွေအပေါ်တွင် လည်းကောင်း ကောက်ခံမည့် နှုန်းထားများ ဖြစ်သည်။ အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်က ပြင်ဆင် ခြင်း မပြုဘဲ အတည်ပြုလျှင် အထက်ပါ နှုန်းထားများသည် လာမည့် ဧပြီ ၁ ရက်မှ စတင် အကျိုးသက်ရောက်မည် ဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ မတ်လက ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အရက်ခွန်ကို ၂ဝဝ ရာခိုင်နှုန်း၊ စီးကရက်ခွန် ကို ၁ဝဝ ရာခိုင်နှုန်းအထိ ကောက်ခံရန် တင်ပြခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

Mizzima - News in Burmese 

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
လာမည့် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်မှစ၍ ယမကာနှင့် စီးကရက်ခွန်များကို ပြည်ထောင်စုအစိုးရက အခွန်နှုန်း များ တိုးမြှင့် ကောက်ခံရန် စီစဉ်လျက်ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော် သို့ တင်ပြချက်အရ သိရသည်။

အထူးကုန်စည်များအဖြစ် သတ်မှတ်ထားသည့် ကုန်စည် ၁၆ မျိုးတွင် ပါဝင်နေသည့် ကုန်စည် ၁ဝ မျိုး အနက် စီးကရက်ကို ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို လက်ရှိနှစ်တွင် ကောက်ခံနေသည့် ၁ဝဝ ရာ ခိုင်နှုန်းမှ ၁၂ဝ ရာခိုင်နှုန်း အထိ တိုးမြှင့် ပြင်ဆင်ထားခြင်း ဖြစ်သည်။

ကျန်ကုန်စည်များဖြစ်သော ဆေးရွက်ကြီး၊ ဗာဂျီးနီးယားပေါင်းတင်ပြီး ဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ သောက်ဆေးအမျိုးမျိုး၊ ကွမ်းစားဆေး အမျိုးမျိုး၊ အရက်အမျိုးမျိုးနှင့် ဘီယာအမျိုးမျိုးတို့အပေါ်တွင် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်များကိုလည်း လက်ရှိ ၅ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းသို့ တိုးမြှင့် ကောက်ခံရန် ဖြစ်သည်။

အဆိုပါ ကုန်စည်များအတွက် ကောက်ခံသော ကုန်သွယ်လုပ်ငန်းခွန် နှုန်းထားများကို တိုးမြှင့်သတ်မှတ်ရန် အတွက် ၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ပြင်ဆင်ရေးဆွဲထားခြင်း ဖြစ်သည်။

''ပြည်သူ ပြည်သားများရဲ့ စားသုံးမှုကို အခွန်စနစ်နဲ့ ထိန်းညှိပေးဖို့ဆိုတဲ့ အခွန် ကောက်ခံခြင်းရဲ့ ရည်ရွယ် ချက်ကို သွယ်ဝိုက်ခွန် အမျိုးအစားနဲ့ ဖော်ဆောင်ရပါတယ်'' ဟု အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော် သို့ ယခုလ ၁၉ ရက် တွင် တင်သွင်းရာ၌ ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

အဆိုပါ ကောက်ခံမည့် နှုန်းထားများသည် ပြည်ပမှ တင်သွင်းသည့် ကုန်စည်ဖြစ်ပါက ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင် လည်းကောင်း၊ ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်စည် ဖြစ်ပါက ရောင်းရငွေအပေါ်တွင် လည်းကောင်း ကောက်ခံမည့် နှုန်းထားများ ဖြစ်သည်။ အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်က ပြင်ဆင် ခြင်း မပြုဘဲ အတည်ပြုလျှင် အထက်ပါ နှုန်းထားများသည် လာမည့် ဧပြီ ၁ ရက်မှ စတင် အကျိုးသက်ရောက် မည် ဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ မတ်လက ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အရက်ခွန်ကို ၂ဝဝ ရာခိုင်နှုန်း၊ စီးကရက်ခွန် ကို ၁ဝဝ ရာခိုင်နှုန်းအထိ ကောက်ခံရန် တင်ပြခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

Mizzima - News in Burmese 

No comments:

Post a Comment