Monday 26 January 2015

ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများကို ဗုံးဖြင့် ပစ်မှတ်ထား တိုက်ခိုက်မှုများဖြစ်ပေါ်နေ၊ နယ်မြေ မတည်ငြိမ်မှုကြောင့်တူးဖော်ရေး လုပ်ငန်းများ ရပ်နားခိုင်းမည်ကို လုပ်ငန်းရှင်များစိုးရိမ်

Photo: ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများကို ဗုံးဖြင့် ပစ်မှတ်ထား
တိုက်ခိုက်မှုများဖြစ်ပေါ်နေ၊ နယ်မြေ မတည်ငြိမ်မှုကြောင့်တူးဖော်ရေး လုပ်ငန်းများ ရပ်နားခိုင်းမည်ကို လုပ်ငန်းရှင်များစိုးရိမ်
Monday, January 26, 2015

ဖားကန့်ရတနာနယ်မြေများအတွင်းရှိ ကျောက်မျက် တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေ သည့် ကုမ္ပဏီများကို ပစ်မှတ်ထားပြီး ဗုံးဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ ဖြစ်ပေါ် နေကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အုပ်စု၊ ယူမာကျေးရွာအနီးရှိ ဖိုးသာ ထူး ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီဝင်းအတွင်းသို့ ဇန်နဝါရီ ၂၃ရက်တွင် အမည်မသိလူလေးဦးမှ ဆိုင်ကယ်သုံးစီးဖြင့် လာရောက်ကာ လက်ပစ်ဗုံးငါးလုံးဖြင့် ပစ်ခတ်ခဲ့ခြင်း နှင့် လုံးခင်းနယ်မြေအတွင်းရှိ ခင်ဇော် နှင့်ညီများ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအား ယင်းနေ့မှာပင် ဗုံးသုံး လုံးဖြင့် ပစ်ဖောက်ခွဲမှုဖြစ်ပေါ်ခဲ့ ကြောင်း အဆိုပါဒေသရှိ သက်ဆိုင် ရာတာဝန်ရှိသူများထံမှ သိရသည်။

လုံးခင်းရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ''ဇန်နဝါရီ ၁၉ရက်ကစပြီး ယနေ့အချိန်ထိ (ဇန်နဝါရီ ၂၅)လုံး ခင်းမှာရှိတဲ့ ကျောက်စိမ်းကုမ္ပဏီသုံး ခုဟာ ပစ်မှတ်ထားပြီးဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပါတယ်။ ဗုံးပေါက် ကွဲမှုကြောင့် လူသေဆုံးမှုတော့ မရှိ ပါဘူး။ နယ်မြေလုံခြုံရေးအတွက် တိုးမြှင့်ဆောင်ရွက်နေပါတယ်'' ဟု ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။

ဇန်နဝါရီ ၂၂ရက်ကလည်း ဖား ကန့်မြို့နယ် မျောက်ဖြူကျေးရွာအနီးရှိ နန်းဦးကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ၏ ဆီဖြည့်ဂိုဒေါင်ခြံစည်းရိုး၌
မိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ခြင်းနှင့် နမ္မကျေးရွာအုပ်စု မှော်စီ စာလမ်းရှိ မြန်မာသူရ ကျောက်မျက် တူးဖော်ရေးကုမ္ပဏီအနီးတွင် လည်း ထောင်မိုင်တစ်လုံး ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး လုံးခင်းနယ်မြေအတွင်းရှိ ဂျိတ် ပါဝါ၊ ကျောက်စိမ်းရုံ စသည့်ကျောက် မျက်တူးဖော်ရေးကုမ္ပဏီများကိုလည်း ဗုံးဖြင့်ပစ်ခတ်ခဲ့ခြင်းများရှိကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ကျောက်စိမ်း တူးဖော်ရေးဌာနကမူ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီများ၏ တူးဖော် မှုလုပ်ငန်းများကို ရပ်နားသွားစေရန် ရည်ရွယ်ပြီး ကိုယ်ကျိုးစီးပွားရှာသူ များက နည်းလမ်းမျိုးစုံသုံးခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်ဟု ဒေသခံများထံမှ သိရသည်။

ဖားကန့်နယ်မြေအတွင်း ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့်အတူ လိုက်ပါသွားသည့် ရဲဝန်ထမ်းသုံးဦးအား ကေအိုင်အေ မှ ဖမ်းဆီးခေါ်ဆောင်သွားရာ တပ် မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ အစပြုပြီး ဖားကန့်ရတနာနယ်မြေအတွင်း ယ ခုကဲ့သို့ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ဖားကန့်ရတနာနယ်မြေအတွင်းရှိ ကျောက် မျက်တူးဖော်ရေး လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ဖားကန့်နယ်မြေအတွင်း ကျောက် မျက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက''ကေအိုင်အေဘက်ကလဲ ကျောက်မျက်တူးဖော်ရေး တွေ ဆက်မလုပ်ဖို့ မှော်ထဲကကုမ္ပဏီတွေကို ညွှန်ကြားထားတယ်။ အစိုးရ ဘက်ကလဲ လုပ်ငန်းတွေကို အရှိန် အဟုန်မပျက် ဆက်လက်ဆောင်ရွက်ဖို့ ညွှန်ကြား ချက်ထုတ်ထား တော့ ဘာလုပ်လို့လုပ်ရမလဲတောင် မသိတော့ဘူး။ ရေ မဆေးကျောက်ရှာ ဖွေသူတွေကလဲ အရင်ကထက် သုံးလေးဆပိုများလာတယ်။ သူတို့နဲ့ လဲ အဆင်ပြေအောင်နေရတယ်။ ဒီကြားထဲ ဗုံးတွေနဲ့ပါပစ်ခတ်ပြီး ခြိမ်းခြောက်လာတဲ့အတွက် တူးဖော် ရေးလုပ်ငန်းရှင်တွေကော၊ တူးဖော် ရေးဝန်ထမ်းတွေကော ထိတ်လန့် နေကြတယ်'' ဟု ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။

ဖားကန့် ရတနာနယ်မြေအတွင်း တပ်မတော်နှင့် ကေအိုင်အေ တို့၏တိုက်ပွဲများအကြား နယ်မြေမ တည်ငြိမ်မှုကြောင့် ၂၀၁၂ခုနှစ် မေလ ကုန်မှစတင်ကာ ကျောက်စိမ်းတူးဖော် ရေးလုပ်ငန်းများကို ရပ်နားခဲ့ရပြီး ၂၀၁၄ခုနှစ် စက်တင်ဘာလမှသာ အစိုးရက ပြန်လည်တူးဖော်ခွင့်ပေးခဲ့ သည်။
''ပထမအကြိမ် နယ်မြေမတည်ငြိမ်လို့ဆိုပြီး ကျောက်တူးဖော်ခွင့် တွေ ရပ်နားခိုင်းတုန်းက တူးဖော်ရေး စက်ပစ္စည်းတွေ ဒီမှာပဲထားခဲ့ရတာ။ အဲဒါတွေက အခုပြန်လည်လုပ်ကိုင်တဲ့ အချိန်ကျတော့ ပျက်စီးကုန်ပြီ။အခုပြန်လုပ်မယ်ဆိုတော့ တူးဖော် ရေးပစ္စည်းတွေ အသစ်ဝယ်ရတာ။ အဲ ဒီအကြွေးတွေတောင် အခုထိမကြေသေးဘူး။ အခု ကျောက်မျက်ကုမ္ပဏီတွေကို ဗုံးနဲ့လာပစ်တာ မျိုးတွေဖြစ် နေတော့ နယ်မြေမတည်ငြိမ်လို့ဆိုပြီး အရင်လိုတူးဖော်ခွင့်တွေ ရပ်ဆိုင်း လိုက်မှာကို လုပ်ငန်းရှင်တွေအားလုံး စိုးရိမ်နေကြတယ်'' ဟု ဆိုသည်။

Democracytoday
ဖားကန့်ရတနာနယ်မြေများအတွင်းရှိ ကျောက်မျက် တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေ သည့် ကုမ္ပဏီများကို ပစ်မှတ်ထားပြီး ဗုံးဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ ဖြစ်ပေါ် နေကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အုပ်စု၊ ယူမာကျေးရွာအနီးရှိ ဖိုးသာ ထူး ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီဝင်းအတွင်းသို့ ဇန်နဝါရီ ၂၃ရက်တွင် အမည်မသိလူလေးဦးမှ ဆိုင်ကယ်သုံးစီးဖြင့် လာရောက်ကာ လက်ပစ်ဗုံးငါးလုံးဖြင့် ပစ်ခတ်ခဲ့ခြင်း နှင့် လုံးခင်းနယ်မြေအတွင်းရှိ ခင်ဇော် နှင့်ညီများ ကျောက်စိမ်း တူးဖော် ရေး ကုမ္ပဏီအား ယင်းနေ့မှာပင် ဗုံးသုံး လုံးဖြင့် ပစ်ဖောက်ခွဲမှုဖြစ်ပေါ်ခဲ့ ကြောင်း အဆိုပါဒေသရှိ သက်ဆိုင် ရာတာဝန်ရှိသူများထံမှ သိရသည်။

လုံးခင်းရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ''ဇန်နဝါရီ ၁၉ရက်ကစပြီး ယနေ့အချိန်ထိ (ဇန်နဝါရီ ၂၅)လုံး ခင်းမှာရှိတဲ့ ကျောက်စိမ်းကုမ္ပဏီသုံး ခုဟာ ပစ်မှတ်ထားပြီးဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပါတယ်။ ဗုံးပေါက် ကွဲမှုကြောင့် လူသေဆုံးမှုတော့ မရှိ ပါဘူး။ နယ်မြေလုံခြုံရေးအတွက် တိုးမြှင့်ဆောင်ရွက်နေပါတယ်'' ဟု ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။

ဇန်နဝါရီ ၂၂ရက်ကလည်း ဖား ကန့်မြို့နယ် မျောက်ဖြူကျေးရွာအနီးရှိ နန်းဦးကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ၏ ဆီဖြည့်ဂိုဒေါင်ခြံစည်းရိုး၌ မိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ခြင်းနှင့် နမ္မကျေးရွာအုပ်စု မှော်စီ စာလမ်းရှိ မြန်မာသူရ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီအနီးတွင်လည်း ထောင်မိုင်တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လုံးခင်းနယ်မြေအတွင်းရှိ ဂျိတ် ပါဝါ၊ ကျောက်စိမ်းရုံ စသည့်ကျောက် မျက်တူးဖော်ရေး ကုမ္ပဏီများကိုလည်း ဗုံးဖြင့်ပစ်ခတ်ခဲ့ခြင်းများရှိကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ကျောက်စိမ်း တူးဖော်ရေးဌာနကမူ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီများ၏ တူးဖော် မှုလုပ်ငန်းများကို ရပ်နားသွားစေရန် ရည်ရွယ်ပြီး ကိုယ်ကျိုးစီးပွားရှာသူ များက နည်းလမ်းမျိုးစုံသုံးခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်ဟု ဒေသခံများထံမှ သိရသည်။

ဖားကန့်နယ်မြေအတွင်း ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့်အတူ လိုက်ပါသွားသည့် ရဲဝန်ထမ်းသုံးဦးအား ကေအိုင်အေ မှ ဖမ်းဆီးခေါ်ဆောင်သွားရာ တပ် မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ အစပြုပြီး ဖားကန့်ရတနာနယ်မြေအတွင်း ယ ခုကဲ့သို့ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ဖားကန့်ရတနာနယ်မြေအတွင်းရှိ ကျောက် မျက်တူးဖော်ရေး လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ဖားကန့်နယ်မြေအတွင်း ကျောက် မျက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက''ကေအိုင်အေ ဘက်ကလဲ ကျောက်မျက်တူးဖော်ရေး တွေ ဆက်မလုပ်ဖို့ မှော်ထဲကကုမ္ပဏီတွေကို ညွှန်ကြားထားတယ်။ အစိုးရ ဘက်ကလဲ လုပ်ငန်းတွေကို အရှိန် အဟုန်မပျက် ဆက်လက်ဆောင်ရွက်ဖို့ ညွှန်ကြား ချက်ထုတ် ထား တော့ ဘာလုပ်လို့လုပ်ရမလဲတောင် မသိတော့ဘူး။ ရေ မဆေးကျောက်ရှာ ဖွေသူတွေကလဲ အရင် ကထက် သုံးလေးဆပိုများလာတယ်။ သူတို့နဲ့ လဲ အဆင်ပြေအောင်နေရတယ်။ ဒီကြားထဲ ဗုံးတွေနဲ့ပါပစ်ခတ်ပြီး ခြိမ်းခြောက်လာတဲ့အတွက် တူးဖော် ရေးလုပ်ငန်းရှင်တွေကော၊ တူးဖော် ရေးဝန်ထမ်းတွေကော ထိတ်လန့် နေကြတယ်'' ဟု ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။

ဖားကန့် ရတနာနယ်မြေအတွင်း တပ်မတော်နှင့် ကေအိုင်အေ တို့၏တိုက်ပွဲများအကြား နယ်မြေမ တည်ငြိမ်မှုကြောင့် ၂၀၁၂ခုနှစ် မေလ ကုန်မှစတင်ကာ ကျောက်စိမ်းတူးဖော် ရေးလုပ်ငန်းများကို ရပ်နားခဲ့ ရပြီး ၂၀၁၄ခုနှစ် စက်တင်ဘာလမှသာ အစိုးရက ပြန်လည်တူးဖော်ခွင့်ပေးခဲ့ သည်။ 

''ပထမအကြိမ် နယ်မြေမတည်ငြိမ်လို့ဆိုပြီး ကျောက်တူးဖော်ခွင့် တွေ ရပ်နားခိုင်းတုန်းက တူးဖော်ရေး စက်ပစ္စည်းတွေ ဒီမှာပဲထားခဲ့ရတာ။ အဲဒါတွေက အခုပြန်လည်လုပ်ကိုင်တဲ့ အချိန်ကျတော့ ပျက်စီးကုန်ပြီ။ အခုပြန်လုပ်မယ်ဆိုတော့ တူးဖော် ရေးပစ္စည်းတွေ အသစ်ဝယ်ရတာ။ အဲ ဒီအကြွေးတွေတောင် အခုထိ မကြေသေးဘူး။ အခု ကျောက်မျက်ကုမ္ပဏီတွေကို ဗုံးနဲ့လာပစ်တာ မျိုးတွေဖြစ် နေတော့ နယ်မြေ မတည်ငြိမ်လို့ဆိုပြီး အရင်လိုတူးဖော်ခွင့်တွေ ရပ်ဆိုင်း လိုက်မှာကို လုပ်ငန်းရှင်တွေအားလုံး စိုးရိမ်နေကြ တယ်'' ဟု ဆိုသည်။

Democracytoday‬

No comments:

Post a Comment