Monday 26 January 2015

"သွန်ဘူရီ ဆေးရုံလုပ်ငန်းစု (THG) က ရန်ကုန်တွင် ဆေးရုံ ၂ ရုံဖွင့်လှစ်မည်"

Photo: "သွန်ဘူရီ ဆေးရုံလုပ်ငန်းစု (THG) က ရန်ကုန်တွင် ဆေးရုံ ၂ ရုံဖွင့်လှစ်မည်"
Monday, January 26, 2015

ထိုင်းနိုင်ငံရှိ တတိယအကြီးဆုံး ပုဂ္ဂလိက ဆေးရုံလုပ်ငန်းစု ဖြစ်သည့် သွန်ဘူရီဆေးရုံလုပ်ငန်းစု (THG) သည် ရန်ကုန်မြို့ရှိ ဂမုန်းပွင့် ကုမ္ပဏီနှင့် ပူးပေါင်း၍ အဆင့်မြင့် ဆေးရုံ ၂ ရုံကို ဖွင့်လှစ်နိုင်ရန် လာမည့် ရက်သတ္တပတ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံအပြင် အခြားနိုင်ငံများတွင် ဆေးရုံစုစုပေါင်း ၂၂ လုံးကို လုပ်ကိုင်လျက်ရှိသည့် သွန်ဘူရီ ဆေးရုံလုပ်ငန်းစု၏ ပိုင်ရှင် ဒေါက်တာဘွန်ဗန်နာစင်သည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် အကုန်အကျခံ၍ ရန်ကုန်မြို့တွင် ဆေးရုံ ၂ ရုံတည်ဆောက်သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆေးရုံ ၂ ရုံ၏ ၄၀ ရာခိုင်နှုန်းကို THG က ပိုင်ဆိုင်မည် ဖြစ်ကာ ၆၀ ရာခိုင်နှုန်းကိုမူ မြန်မာပြည်တွင်းရှိ ဂမုန်းပွင့် ကုမ္ပဏီက ပိုင်ဆိုင်မည် ဖြစ်သည်။

ဂမုန်းပွင့် ကုမ္ပဏီကို ၁၉၉၁ ခုနှစ်မှ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကုန်စည်လက်လီရောင်းချမှု၊ အိမ်ခြံမြေနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

အဆိုပါ ဆေးရုံ ၂ ရုံကို ပြီးခဲ့သည့် ဒီဇင်ဘာကတည်းက စတင်တည်ဆောက်နေပြီ ဖြစ်ကာ လာမည့် နှစ်အနည်းငယ်အတွင်း ပြီးစီးမည် ဖြစ်ကြောင်း၊ ယင်းဆေးရုံ ၂ ရုံတွင် စုစုပေါင်း ခုတင် ၄၀၀ ၀င်ဆံ့မည်ဖြစ်ကြောင်း သိရသည်။

'THG က မြန်မာနိုင်ငံမှာ ဆေးရုံတရုံကို အပြည့်အ၀ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်မယ့် ပထမဆုံး ထိုင်းကုမ္ပဏီတခုဖြစ်တယ်၊ ဒီစီမံကိန်းတွေက မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးအဆင့်အတန်း ကောင်းမွန်အောင် ကူညီပေးနိုင်မှာပါ၊ နောက်ပြီး ဒီအထိ လာကုဖို့မလိုတဲ့အတွက် စရိတ်စကလည်း သက်သာသွားမယ်' ဟု ဒေါက်တာဘွန်က ပြောကြားသည်။

ထိုင်းနိုင်ငံသို့ ပြည်ပမှ လာရောက် ဆေးကုသသူများတွင် မြန်မာပြည်သူများက အများဆုံး ဖြစ်ပြီး ယင်းနောက်တွင် ဥပရောတိုက်သားများနှင့် အာရပ်နိုင်ငံများမှ လာရောက်မှု အများဆုံး ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ဆေးရုံလုပ်ငန်းသည် တနှစ်လျှင် ၁၀ ရာခိုင်နှုန်းအထိ ကြီးထွားလာလျက်ရှိပြီး စီးပွားရေးပိုမိုတိုးတက်လာပါက ၁၅ ရာခိုင်နှုန်းအထိ ကြီးထွားလာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ကျော်လင်းထွန်း
Ref: Bangkokpost
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ထိုင်းနိုင်ငံရှိ တတိယအကြီးဆုံး ပုဂ္ဂလိက ဆေးရုံလုပ်ငန်းစု ဖြစ်သည့် သွန်ဘူရီဆေးရုံလုပ်ငန်းစု (THG) သည် ရန်ကုန်မြို့ရှိ ဂမုန်းပွင့် ကုမ္ပဏီနှင့် ပူးပေါင်း၍ အဆင့်မြင့် ဆေးရုံ ၂ ရုံကို ဖွင့်လှစ်နိုင်ရန် လာမည့် ရက်သတ္တပတ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံအပြင် အခြားနိုင်ငံများတွင် ဆေးရုံစုစုပေါင်း ၂၂ လုံးကို လုပ်ကိုင်လျက်ရှိသည့် သွန်ဘူရီ ဆေးရုံ လုပ်ငန်းစု၏ ပိုင်ရှင် ဒေါက်တာဘွန်ဗန်နာစင်သည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် အကုန်အကျခံ၍ ရန်ကုန်မြို့တွင် ဆေးရုံ ၂ ရုံတည်ဆောက်သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆေးရုံ ၂ ရုံ၏ ၄၀ ရာခိုင်နှုန်းကို THG က ပိုင်ဆိုင်မည် ဖြစ်ကာ ၆၀ ရာခိုင်နှုန်းကိုမူ မြန်မာပြည် တွင်း ရှိ ဂမုန်းပွင့် ကုမ္ပဏီက ပိုင်ဆိုင်မည် ဖြစ်သည်။

ဂမုန်းပွင့် ကုမ္ပဏီကို ၁၉၉၁ ခုနှစ်မှ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကုန်စည်လက်လီရောင်းချမှု၊ အိမ်ခြံ မြေနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

အဆိုပါ ဆေးရုံ ၂ ရုံကို ပြီးခဲ့သည့် ဒီဇင်ဘာကတည်းက စတင်တည်ဆောက်နေပြီဖြစ်ကာ လာမည့်နှစ် အနည်းငယ်အတွင်း ပြီးစီးမည် ဖြစ်ကြောင်း၊ ယင်းဆေးရုံ ၂ ရုံတွင် စုစုပေါင်း ခုတင် ၄၀၀ ၀င်ဆံ့မည် ဖြစ် ကြောင်း သိရသည်။

'THG က မြန်မာနိုင်ငံမှာ ဆေးရုံတရုံကို အပြည့်အ၀ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်မယ့် ပထမဆုံး ထိုင်းကုမ္ပဏီ တခုဖြစ်တယ်၊ ဒီစီမံကိန်းတွေက မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးအဆင့်အတန်း ကောင်းမွန်အောင် ကူညီပေးနိုင်မှာပါ၊ နောက်ပြီး ဒီအထိ လာကုဖို့မလိုတဲ့အတွက် စရိတ်စကလည်း သက်သာသွားမယ်' ဟု ဒေါက်တာဘွန်က ပြောကြားသည်။

ထိုင်းနိုင်ငံသို့ ပြည်ပမှ လာရောက် ဆေးကုသသူများတွင် မြန်မာပြည်သူများက အများဆုံးဖြစ်ပြီး ယင်း နောက်တွင် ဥပရောတိုက်သားများနှင့် အာရပ်နိုင်ငံများမှ လာရောက်မှု အများဆုံး ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ဆေးရုံလုပ်ငန်းသည် တနှစ်လျှင် ၁၀ ရာခိုင်နှုန်းအထိ ကြီးထွားလာလျက်ရှိပြီး စီးပွားရေးပိုမိုတိုးတက်လာပါက ၁၅ ရာခိုင်နှုန်းအထိ ကြီးထွားလာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ကျော်လင်းထွန်း
Ref: Bangkokpost
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment