Monday 26 January 2015

အလုပ်သမား အရေး ကူညီသူများ အမြတ်ထုတ်မှုများ ရှိနေ

မန္တလေးတွင် အလုပ်သမားအရေး ကူညီဆောင်ရွက်သူများ အနေဖြင့် အမြတ်ထုတ်မှုများ ရှိနေ သော ကြောင့် နိုင်ငံရေး အမြတ်ထုတ်မှု၊ ပုဂ်္ဂိုလ်ရေး အမြတ်ထုတ်မှုနှင့် ဘာသာရေးအမြတ်ထုတ်မှုများ လုံးဝ မပြုလုပ် ကြရန် CCTU က ကြေညာလိုက်သည်။

မနေ့က ပုလိပ်မှာဆို မျက်မြင် ကိုယ်တွေ့ပါပဲ ဆိုပြီး လာပြောတဲ့ သူတွေ ရှိတယ်။ ထိုင်ရုံ သက်သက် ၀င်ထိုင် နေကြ တာလေ။ ၀န်ကြီး မှားရင် ၀န်ကြီးကို ထောက်ပြ ရမယ်။ အလုပ်သမား တွေဘက်က မှားရင် လည်း အလုပ်သမားကို ထောက်ပြ ရမယ်။ အခုတော့ နာမည် ကြီးအောင် ဓာတ်ပုံ ရိုက်ခံချင်လို့ ၀င်ထိုင်နေကြ သလိုပဲ ဟု Cooperative Committee For Trade Unions (CCTU) မှ ကိုစောလှအောင် က The Messenger Media သို့ ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ နီးလာချိန် ဖြစ်သောကြောင့် မဲရရှိရေး အတွက် ကူညီ လုပ်ဆောင်သူ များလည်း ရှိနိုင်ကြောင်း၊ ကူညီ ဆောင်ရွက်သူ များ၏ အတွင်းသဏ္ဍာန်အား မမြင်နိုင်၍ အလုပ်သမားများ အနေဖြင့် လည်း မိမိတို့အား တာဝန်ယူမှု၊ တာဝန်ခံမူ မည်မျှရှိ သည်နှင့်သာ တိုင်းတာ၍ ကူညီ ဆောင်ရွက်မှု များအား လက်ခံသင့်ကြောင်း အခြေခံ အလုပ်သမားသမဂ္ဂမှ ဥက္ကဋ္ဌ ဦးသန်းအောင်က ဆိုသည်။

Messenger News Journal 

No comments:

Post a Comment