Monday 26 January 2015

ယာဉ်ထိန်းရဲ များသည် စာခြောက်ရုပ် အဆင့်သာ ရှိသည်ဟုဆို

Photo: ယာဉ်ထိန်းရဲ များသည် စာခြောက်ရုပ် အဆင့်သာ ရှိသည်ဟုဆို
Monday, January 26, 2015

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်း စောင့်ရှောက်ရသော ယာဉ်ထိန်းရဲများ အနေဖြင့် စာခြောက်ရုပ် အဆင့်သာရှိ နေကြောင်း ဧရာဝတီ တိုင်းဒေသကြီး၊ ယာဉ်ထိန်း တပ်ဖွဲ့ စုမှ ရဲမှူး ဦးစောဝင်းက ပြောသည်။ ကျွန်တော်တို့ လုပ်ရတဲ့ မော်တော်ယာဉ် ဥပဒေမှာ ပါတဲ့ ယာဉ် စည်းကမ်း၊လမ်း စည်းကမ်း ဖောက်ဖျက်သူကို ယာဉ်တိုက်မှုက လွဲလို့ တခြား အမှုတွေက ဖမ်းချုပ်လို့ ရတဲ့အမှုတွေ မဟုတ်ဘူး။ သုံးယောက်စီး လာတယ်။ ဒါကို သုံးယောက် စလုံး အချုပ်ထဲ ထည့်မယ် ဆိုလို့လည်း မရဘူး။ အင်မတန်မှ ညင်သာတဲ့ ဥပဒေတွေကို ကိုင်တွယ် ရတဲ့ အခါကျတော့ စာခြောက်ရုပ် အဆင့် လောက်ပဲ ရှိတယ် ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ယာဉ်ထိမ်း ရဲများ အနေဖြင့် ယာဉ် စည်းကမ်း၊ လမ်း စည်းကမ်း လုပ်ငန်းများ အရေးယူ ဆောင်ရွက် ရာတွင် အခက်အခဲ များစွာ ကြုံတွေ့နေ ရကြောင်း ရဲမှူးက ဆက်ပြောသည်။

အခု အရေးယူရတဲ့ စနစ် အတွက် ကတော့ တော်တော်လေး အခက်အခဲ ရှိတယ်။ ဘာလို့လဲဆို ယာဉ်တစ်စီးကို အရေးယူပြီးလို့ ချလန်ဖြတ်ပြီ၊ လိုင်စင်သိမ်းပြီ ဆိုသူလာ ရွေးမှ ရတယ်။ မလာလို့ အိမ်သွားဖမ်း လို့လည်း မရဘူး။ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ တချို့ ရိုင်းရိုင်းစိုင်း သူတွေနဲ့ တွေ့ရင် ဖမ်းဆီးတဲ့ ယာဉ်ထိန်းရဲတွေနဲ့ အဖမ်းဆီးခံရတဲ့ သူတွေ ပဋိပက္ခ ဖြစ်တာလည်း ရှိတယ် ဟု ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း ဆိုင်ကယ် ဦးထုပ် မဆောင်းမှု၊ သတ်မှတ်သည့် လူဦးရေထက် ပိုစီးနင်းမှု၊ ယာဉ်စည်းကမ်း ဖောက်ဖျက်မှု များကို တက္ကသိုလ်ကျောင်းသား များက အများဆုံး ကျူးလွန် ကြသည်ဟု ဧရာဝတီ တိုင်းဒေသကြီး ယာဉ်ထိန်း တပ်ဖွဲ့ စုမှူး ရဲမှူးစောဝင်းက ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့တွင် The Messenger Media သို့ ပြောကြားထားသည်။

ဆိုင်ကယ်စီး ဦးထုပ်သည် မိမိ အသက်ကို ကာကွယ်ပေးနိုင် သော်လည်း အများအားဖြင့် ဦးထုပ်ကို မဆောင်းဘဲ ရှေ့ခြင်း ထဲတွင် သာ ထည့်တား တတ်ကြပြီး ယာဉ်ထိမ်းရဲရှိမှသာ ဦးထုပ်ကို ဆောင်းတတ်ကြောင်း၊ စာခြောက်ရုပ် အဆင့်သာ ရှိသည်ဟု ဆိုသော်လည်း ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း အတွက် ယာဉ်ထိန်းရဲများ ရှိခြင်းဖြင့် စည်းကမ်း ဖောက်ဖျက်မှု နည်းမည်မှာ သေချာကြောင်း၊ သို့ဖြစ်ပါ၍ ယာဉ်ထိန်းရဲများ များထားရှိလျှင် ကောင်းမွန်ကြောင်း အဆိုပါ ပြည်သူ ဗဟိုပြု ရဲလုပ်ငန်းစဉ် အပတ်စဉ် ဆွေးနွေးပွဲသို့ တက်ရောက် လာသူ ဧရာဝတီ တိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်က ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီး၌ ၂၀၁၁ ခုနှစ်တွင် ယာဉ်တိုက်မှုပေါင်း (၅၉၀) မှုတွင် ဒဏ်ရာရရှိသူ (၉၉၁)  ဦးနှင့် သေဆုံးသူ (၁၅၁) ဦး၊ ၂၀၁၂ ခုနှစ်တွင် ယာဉ်တိုက်မှုပေါင်း (၇၅၈) မှုတွင် ဒဏ်ရာ ရရှိသူ (၁၃၁၄) ဦးနှင့် သေဆုံးသူ (၁၈၃) ဦး၊ ၂၀၁၃ ခုနှစ် တွင် ယာဉ်တိုက်မှုပေါင်း (၁၀၈၇) မှုတွင် ဒဏ်ရာရရှိသူ (၂၀၇၁) ဦးနှင့် သေဆုံးသူ (၂၂၃) ဦးအထိရှိ ခဲ့ပြီး၊ ၂၀၁၄ခုနှစ်တွင် ယာဉ် တိုက်မှုပေါင်း (၁၄၃၅) မှု ဖြစ်ပွား ခဲ့ပြီး ဒဏ်ရာ ရရှိသူ (၂၄၅၃)  ဦးရှိကာ သေဆုံးသူ (၂၇၁) ဦးရှိကြောင်း တိုင်းယာဉ်ထိန်းရဲ တပ်ဖွဲ့ ရုံးမှ သတင်း ထုတ်ပြန် ထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယာဉ်ထိန်း ၀န်ထမ်း (၄၃) ဦး ရှိပြီး ဟင်္သာတတွင် (၁၁) ဦး၊ မအူပင်တွင် (၇) ဦး၊ မြောင်းမြတွင် (၅) ဦးသာ ရှိကြောင်း တိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။ ယာဉ်တိုက်မှုများ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြား ရခြင်းမှာ ယာဉ်ထိန်းရဲ အင်အား နည်းခြင်း၊ များခြင်းနှင့် မသက်ဆိုင်ဘဲ ယာဉ် အသုံးပြုမှု များပြား လာခြင်း၊ စည်းကမ်း လိုက်နာမှု အားနည်းခြင်း တို့ကြောင့် ဖြစ်ပြီး၊ ပြည်သူများ စည်းကမ်း လိုက်နာ ပူးပေါင်းပါဝင် ဆောင်ရွက်မှ သာလျှင် ယာဉ်တိုက်မှု ကျဆင်း နိုင်မည် ဖြစ်ကြောင်း ဦးစောဝင်းက ပြောသည်။

Messenger News Journal
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်း စောင့်ရှောက်ရသော ယာဉ်ထိန်းရဲများ အနေဖြင့် စာခြောက် ရုပ်အဆင့်သာရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ယာဉ်ထိန်းတပ်ဖွဲ့ စုမှရဲမှူး ဦးစောဝင်းက ပြောသည်။
ကျွန်တော်တို့ လုပ်ရတဲ့ မော်တော်ယာဉ် ဥပဒေမှာ ပါတဲ့ ယာဉ် စည်းကမ်း၊လမ်း စည်းကမ်း ဖောက်ဖျက် သူကို ယာဉ်တိုက်မှုက လွဲလို့ တခြား အမှုတွေက ဖမ်းချုပ်လို့ ရတဲ့အမှုတွေ မဟုတ်ဘူး။ သုံးယောက်စီး လာတယ်။ ဒါကို သုံးယောက် စလုံး အချုပ်ထဲ ထည့်မယ် ဆိုလို့လည်း မရဘူး။ အင်မတန်မှ ညင်သာတဲ့ ဥပဒေတွေကို ကိုင်တွယ် ရတဲ့ အခါကျတော့ စာခြောက်ရုပ် အဆင့် လောက်ပဲ ရှိတယ် ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ယာဉ်ထိမ်း ရဲများ အနေဖြင့် ယာဉ် စည်းကမ်း၊ လမ်း စည်းကမ်း လုပ်ငန်းများ အရေးယူ ဆောင်ရွက် ရာတွင် အခက်အခဲ များစွာ ကြုံတွေ့နေ ရကြောင်း ရဲမှူးက ဆက်ပြောသည်။

အခု အရေးယူရတဲ့ စနစ် အတွက် ကတော့ တော်တော်လေး အခက်အခဲ ရှိတယ်။ ဘာလို့လဲဆို ယာဉ်တစ်စီးကို အရေးယူပြီးလို့ ချလန်ဖြတ်ပြီ၊ လိုင်စင်သိမ်းပြီ ဆိုသူလာ ရွေးမှ ရတယ်။ မလာလို့ အိမ်သွားဖမ်း လို့လည်း မရဘူး။ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ တချို့ ရိုင်းရိုင်းစိုင်း သူတွေနဲ့ တွေ့ရင် ဖမ်းဆီးတဲ့ ယာဉ်ထိန်းရဲတွေနဲ့ အဖမ်းဆီးခံရတဲ့ သူတွေ ပဋိပက္ခ ဖြစ်တာလည်း ရှိတယ် ဟု ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း ဆိုင်ကယ် ဦးထုပ် မဆောင်းမှု၊ သတ်မှတ်သည့် လူဦးရေထက် ပိုစီးနင်းမှု၊ ယာဉ်စည်းကမ်း ဖောက်ဖျက်မှု များကို တက္ကသိုလ်ကျောင်းသား များက အများဆုံး ကျူးလွန် ကြသည်ဟု ဧရာဝတီ တိုင်းဒေသကြီး ယာဉ်ထိန်း တပ်ဖွဲ့ စုမှူး ရဲမှူးစောဝင်းက ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့တွင် The Messenger Media သို့ ပြောကြားထားသည်။

ဆိုင်ကယ်စီး ဦးထုပ်သည် မိမိ အသက်ကို ကာကွယ်ပေးနိုင် သော်လည်း အများအားဖြင့် ဦးထုပ်ကို မဆောင်းဘဲ ရှေ့ခြင်း ထဲတွင် သာ ထည့်တား တတ်ကြပြီး ယာဉ်ထိမ်းရဲရှိမှသာ ဦးထုပ်ကို ဆောင်းတတ်ကြောင်း၊ စာခြောက်ရုပ် အဆင့်သာ ရှိသည်ဟု ဆိုသော်လည်း ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း အတွက် ယာဉ်ထိန်းရဲများ ရှိခြင်းဖြင့် စည်းကမ်း ဖောက်ဖျက်မှု နည်းမည်မှာ သေချာကြောင်း၊ သို့ဖြစ်ပါ၍ ယာဉ်ထိန်းရဲများ များထားရှိလျှင် ကောင်းမွန်ကြောင်း အဆိုပါ ပြည်သူ ဗဟိုပြု ရဲလုပ်ငန်းစဉ် အပတ်စဉ် ဆွေးနွေးပွဲသို့ တက်ရောက် လာသူ ဧရာဝတီ တိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်က ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီး၌ ၂၀၁၁ ခုနှစ်တွင် ယာဉ်တိုက်မှုပေါင်း (၅၉၀) မှုတွင် ဒဏ်ရာရရှိသူ (၉၉၁)  ဦးနှင့် သေဆုံးသူ (၁၅၁) ဦး၊ ၂၀၁၂ ခုနှစ်တွင် ယာဉ်တိုက်မှုပေါင်း (၇၅၈) မှုတွင် ဒဏ်ရာ ရရှိသူ (၁၃၁၄) ဦးနှင့် သေဆုံးသူ (၁၈၃) ဦး၊ ၂၀၁၃ ခုနှစ် တွင် ယာဉ်တိုက်မှုပေါင်း (၁၀၈၇) မှုတွင် ဒဏ်ရာရရှိသူ (၂၀၇၁) ဦးနှင့် သေဆုံးသူ (၂၂၃) ဦးအထိရှိ ခဲ့ပြီး၊ ၂၀၁၄ခုနှစ်တွင် ယာဉ် တိုက်မှုပေါင်း (၁၄၃၅) မှု ဖြစ်ပွား ခဲ့ပြီး ဒဏ်ရာ ရရှိသူ (၂၄၅၃)  ဦးရှိကာ သေဆုံးသူ (၂၇၁) ဦးရှိကြောင်း တိုင်းယာဉ်ထိန်းရဲ တပ်ဖွဲ့ ရုံးမှ သတင်း ထုတ်ပြန် ထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယာဉ်ထိန်း ၀န်ထမ်း (၄၃) ဦး ရှိပြီး ဟင်္သာတတွင် (၁၁) ဦး၊ မအူပင်တွင် (၇) ဦး၊ မြောင်းမြတွင် (၅) ဦးသာ ရှိကြောင်း တိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။ ယာဉ်တိုက်မှုများ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြား ရခြင်းမှာ ယာဉ်ထိန်းရဲ အင်အား နည်းခြင်း၊ များခြင်းနှင့် မသက်ဆိုင်ဘဲ ယာဉ် အသုံးပြုမှု များပြား လာခြင်း၊ စည်းကမ်း လိုက်နာမှု အားနည်းခြင်း တို့ကြောင့် ဖြစ်ပြီး၊ ပြည်သူများ စည်းကမ်း လိုက်နာ ပူးပေါင်းပါဝင် ဆောင်ရွက်မှ သာလျှင် ယာဉ်တိုက်မှု ကျဆင်း နိုင်မည် ဖြစ်ကြောင်း ဦးစောဝင်းက ပြောသည်။

Messenger News Journal 

No comments:

Post a Comment