Monday 26 January 2015

တောဆင်ရိုင်းကောင်ရေ လျော့လာ၍ စီမံချက်ဖြင့် ကာကွယ်ထိန်းသိမ်းရန် စီစဉ်

တရားမ၀င်ဖမ်းဆီး သတ်ဖြတ်ခြင်းခံရခြင်း၊ စားကျက်မြေကျဉ်းမြောင်းလာခြင်းတို့ကြောင့် ဆင်ကောင်ရေ လျော့နည်းလာ သဖြင့် တောစီမံချက်ရေးဆွဲကာ  ဆင်ရိုင်းများကို ကာကွယ်ထိန်းသိမ်းသွားမည်ဟု သတင်း ရရှိသည်။

မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှတွင် တောဆင်ရိုင်း နှင့် အိမ်မွေးဆင်အများဆုံးကျန်ရှိ သည့်နိုင်ငံ ဖြစ်သော် လည်း ဆင်စားကျက်မြေများကျဉ်းမြောင်းလာခြင်း၊ မြေအသုံးချမှုများပြားလာခြင်းနှင့် တရားမ၀င် အမဲလိုက်သတ်ဖြတ်ခြင်းတို့ကြောင့် သဘာဝတောအတွင်းရှိ တောဆင်ရိုင်းများ ကောင်ရေသိသိသာသာ ကျ ဆင်း လာသည်။

မြန်မာနိုင်ငံတွင် တောဆင် ရိုင်းကောင်ရေမှာ ၂၀၀၁-၂၀၀၃ အတွင်း စာရင်းကောက်ယူမှုများအရ ငါးထောင် ခန့် ရှိမည်ဟု ခန့်မှန်းထားသော်လည်း  လက်ရှိ တွင် သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ် တောများနှင့် သဘာဝ နယ်မြေအတွင်း တောဆင်ရိုင်း ကောင်ရေ သုံးထောင်ခန့်သာ ကျန်ရှိမည်ဟု ခန့်မှန်းထားသည်။

ယင်းစီမံချက်တွင် တောဆင် ရိုင်းများကျန်ရှိမှုအခြေအနေကို လာမည့် ၂၀၁၆မှစတင်၍ စစ်တမ်း ကောက် ယူမှု အပြင် DNA နည်းလမ်းဖြင့် စစ်ဆေးခြင်း၊ ထောင်ချောက်ကင်မရာများတပ် ဆင်ခြင်းတို့ဖြင့် သိပ္ပံနည်းကျပြန် လည်စစ်တမ်းကောက်ယူမည်ဟု သဘာဝပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်း ရေးဌာန မှ ညွှန်ကြားရေးမှူးဦးဝင်းနိုင်သော် ကပြောသည်။

ထို့အပြင် အစိုးရနှင့် ပုဂ္ဂလိ က သစ်လုပ်ငန်းရှင်များရှိအိမ်မွေး ဆင်များနှင့်ပတ်သက်၍လည်း စီမံချက်တွင် ထည့်သွင်းရေးဆွဲသွား မည်ဖြစ်သည်။

သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသည် စာရင်းများ အရ ဌာနပိုင်နှင့် ပုဂ္ဂလိကပိုင် အိမ်မွေး ဆင် ကောင်ရေမှာ ၄၆၄၉ကောင်ရှိရာ သစ်ထုတ်လုပ်ရေး လုပ်ငန်းများလျှော့ချချိန်အနာ ဂတ်တွင် ယင်းဆင် များနေထိုင် ကျက်စားနိုင်ရန် ထိန်းသိမ်းရေး အစီအမံများ လုပ်ဆောင်သွား မည်ဟု ဆိုသည်။

‘‘သစ်ထုတ်လုပ်ရေးတွေရပ် နားမယ်ဆိုရင် ဆင်ပိုင်ရှင်တွေက သူတို့ ဆင်တွေကိုဘယ်မှာလွှတ်မလဲ။ ရွာနီး ချုပ်စပ်မှာ လွှတ်ရင် လည်း စိုက်ခင်းတွေဖျက်ဆီးခံရ တာတွေဖြစ်မယ်။ တောထဲလွှတ် ရင်လည်း တောဆင်ရိုင်း တွေနဲ့ ပြ ဿနာဖြစ်မယ်။ ဒါတွေကိုပါ စီမံ ချက်ထဲထည့်သွင်းဖြေရှင်းသွားရ မယ်’’ဟု ဦးဝင်းနိုင်သော်က ပြော သည်။

မြန်မာ့ဆင်များကာကွယ် ထိန်းသိမ်းရေးအတွက် စီမံချက် များရေးဆွဲနိုင်ရန် သစ်တောဦးစီးဌာန၊ ဆင်ထိန်း သိမ်းရေးအဖွဲ့အစည်းများနှင့် ပညာရှင်များဆွေးနွေးနေပြီး မူကြမ်းချမှတ်နိုင်ရန် လုပ်ဆောင်သွား မည်ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment