Monday 26 January 2015

မီးအားမြင့်စက် အပူလွန်ကဲရာမှ နေအိမ် (၂) လုံး မီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်တွင် ယမန်နေ့ နံနက်က ဗို့ အား (၁၀၀၀၀)ရှိ မီးအား မြင့်စက်အပူလွန်ကဲရာမှ နေအိမ်နှစ်လုံးနှင့် တန်ဖိုးငွေကျပ်သိန်း(၂၀)ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်း ရရှိသည်။
မီးသတ်ဆေးဘူး ရှိရက်နဲ့ သူတို့ မသုံးနိုင်ခဲ့ဘူး။ တကယ် လို့သာ မီးသတ်ဆေးဘူး ကိုသာ အချိန်မီ သုံးနိုင် ခဲ့ရင် ဒီလောက် ပျက်စီး ဆုံးရှုံးမှာ မဟုတ်ဘူး ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးမှူး ဦးသော်တာက ပြောသည်။

အဆိုပါ မီးလောင်မှုသည် ပလတ်စတစ်ခွံ ပြုလုပ်သည့် ကော်ဆွဲ၊ အသေးစား လုပ်ငန်း ပြုလုပ်သည့် နေအိမ် မှ စတင် ဖြစ်ပွားခဲ့ပြီး သွပ်မိုး အုတ်ညှပ်၊ ကွန်ကရစ်ခင်း ထပ်တစ်အိမ်နှင့် သွပ်မိုးပျဉ်ကာ ပျဉ်ခင်း တစ်ထပ် အိမ်တစ်လုံးကို ဆုံးရှုံးခဲ့ရပြီး တန်ဖိုး ငွေကျပ် သိန်းနှစ်ဆယ်ခန့် ဆုံးရှုံးခဲ့ ရသည်။

မီးအားမြင့်စက် အပူလွန်ကဲရာမှ ဘေး စာအုပ်စင်သို့ မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နံနက် သုံးနာရီ ခန့်တွင် မီးသတ်ကား (၁၀) စီးဖြင့် မီးငြှိမ်းသတ်နိုင် ခဲ့ပြီး ညစောင့် ဖြစ်သူအား ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့ နယ် ရဲတပ်ဖွဲ့မှ ပ/၅၈၊ ၂၀၁၅၊ ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ထားပြီး မီးလောင်မှု စတင် ဖြစ်ပွားသော နေအိမ် ၌ DCP (3Kg)  မီးသတ်ဆေးဘူး ဆောင်ထား သော်လည်း မီးလောင်မှု ဖြစ်ပွားချိန်တွင် ငြှိမ်းသတ်ရန် အသုံးပြုခဲ့ခြင်း မရှိဘဲ ထိခိုက် ဒဏ်ရာရရှိသူ မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ စုံစမ်း သိရှိရသည်။

Messenger News Journal 

No comments:

Post a Comment