Monday 26 January 2015

ဟင်္သာတထောင်ပြေး အချုပ်သားသုံးဦး ဖမ်းမမိသေး

ဟင်္သာတအကျဉ်း ထောင်မှထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားသုံးဦးကို ပြန်လည်ဖမ်းဆီး ရမိ ခြင်း မရှိသေး ကြောင်း သတင်းရရှိသည်။

အဆိုပါ အကျဉ်းသားသုံးဦး သည် ဇန်နဝါရီ ၂၁ ရက် နံနက် ၁ နာရီ ဝန်းကျင်တွင် အကျဉ်း ထောင်အတွင်း တရား စခန်းဖွင့် လှစ်အသုံးပြုသည့်နေရာမှ ဝက် လားဆောင်ရှေ့ဘက် အုတ်ရိုး ပေါ်သို့ စောင်နှင့် အင်္ကျီ အသုံးပြု ၍ထွက်ပြေးလွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ်(၁)မြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ‘‘ခုအချိန်ထိတော့ ဖမ်းလို့ မမိသေးပါဘူး။ သူတို့ကို မိဖို့ကို စုံစမ်းစစ်ဆေးနေပါတယ်။ မြို့ နယ်နဲ့ အဝင်၊အထွက်နီးတဲ့ရွာတွေမှာတော့ သေချာစစ်ဆေးနေပါတယ်။ တာဝန်ရှိသူတွေအပြင် သက်ဆိုင်ရာ ရပ်ရွာ လူကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်’’ ဟု ၎င်းက ပြောသည်။

ထွက်ပြေး လွတ်မြောက်သွားသော အကျဉ်းသားများမှာ ဆိုင်ကယ်ခိုးမှုနှင့် ထောင်ဒဏ်သုံးနှစ်ကျခံရသူ နှစ်ဦးဖြစ်သည့် သက်ပိုင်စိုး၊ ထွန်းထွန်းနိုင်နှင့် ကြေးနန်းကြိုးခွေရောင်းမှုနှင့် အမှုရင်ဆိုင်နေရသူ ကျော်ဇေယျ တို့ ပါဝင်ကြောင်း သိရသည်။

ဟင်္သာတ အကျဉ်းထောင် သည် အမြင့် ၁၈ ပေခန့်ရှိပြီး ထောင်ပတ်ပတ်လည်၌ ဘရိတ်ဓားသံစူးကြိုးများ တပ်ဆင်ထားပြီး ထောင်ဖောက်လွတ်မြောက်သွားသည့်ကိစ္စနှင့်ပတ်သက်၍ ထောင်ပိုင်နှင့် ဝန်ထမ်း အချို့ ကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးနေ ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment