Monday 26 January 2015

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း သနပ်ခါး စိုက်ပျိုးသူ များကို မူပိုင်ခွင့်များ ပေးမည်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး အတွက် အသေးစား ထုတ်ကုန်များ ဖွံ့ဖြိုး စေရန် သနပ်ခါး စိုက်ပျိုး ထုတ်လုပ်သူ များကို မူပိုင် ထုတ်လုပ်ခွင့် ပေးအပ် သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး စီပွားရေးနှင့် စီမံကိန်း ၀န်ကြီး ဦးစိန်မောင်းက The Messenger Media  သို့ ပြောသည်။

ယင်းသို့ မူပိုင်ခွင့် ပေးရာတွင် သစ်တော ဥပဒေအရ သစ်မဟုတ်သော သစ်တောထွက် ပစ္စည်း စာရင်းတွင် သနပ်ခါး ပါဝင်နေ သဖြင့် အခွန်(၂၅) ရာခိုင်နှုန်း ထမ်းဆောင်ရမည် ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ သဘောတူ ခွင့်ပြုချက်များအရ ခြံထွက် ပစ္စည်း ဖြစ်ပါက ဒေသပေါက်ဈေး အရ အခွန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

သနပ်ခါး မူပိုင်ခွင့်ရဖို့ အတွက် အရာတော် မြို့နယ် ဒေသခံတွေက တောင်းဆို ကြတယ်။ ပြီးတော့ သနပ်ခါး အသင်း ကလည်း တောင်းဆိုတယ်။ ဒါကြောင့် မူပိုင်ခွင့်တွေကို ပေးသွားမယ်။ ဥပဒေ အရတော့ လုပ်ဆောင်သွား မှာပါ။ သနပ်ခါး စိုက်ပျိုးတာက အညာဒေသမှာ တစ်နိုင်တစ်ပိုင် စီပွားရေး ဖြစ်တော့ ခြံပိုင်ရှင်တွေ အတွက် အဆင်ပြေအောင်လည်း လုပ်ဆောင်ပေး သွားမယ်။ အခွန်တွေလည်း လျှော့ပေါ့ သွားမယ် ဟု  ၀န်ကြီး ဦးစိန်မောင်းက ပြောသည်။

သနပ်ခါးကို ရွှေဘို မြို့နယ်နှင့် အရာတော်မြို့နယ် တို့တွင် အဓိက စိုက်ပျိုးလေ့ရှိပြီး၊ သနပ်ခါးမူပိုင် ထုတ်လုပ်ခွင့် ရရှိရေးအတွက် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သနပ်ခါးစိုက် တောင်သူများ တောင်းဆိုချက် အတိုင်း မူပိုင်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဝန်ကြီး ထံမှ သိရသည်။

ယင်းသို့ သနပ်ခါး မူပိုင်ခွင့်ပေး ရာတွင် သစ်တောထွက် ပစ္စည်းစာရင်း အတွင်း သနပ်ခါး ပါဝင်နေသည့် အတွက် အခြား မြို့နယ် များသို့ သယ်ဆောင်ရာတွင် အခွန်(၂၅) ရာခိုင်နှုန်းကို ထမ်းဆောင်ရမည် ဖြစ်ပြီး ခြံထွက်ပစ္စည်း ဖြစ်သည့် အတွက် ခြံပိုင်ရှင်များ အခွန် သက်သာ စေရန် သနားခါး အခေါက်၏ အလေးချိန် (အနှစ် အသားမပါ) တစ်ပိဿာ ပေါက်ဈေး (၅) ရာခိုင်နှုန်းထက် မနည်း (၁၀) ရာခိုင်နှုန်း ထက်မကျော်သော အခွန် များကိုသာ ထမ်းဆောင်ရမည် ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment