Monday 26 January 2015

KIA ဖန်တီးသော တိုက်ပွဲများနှင့် အသုံးချခံ ဒုက္ခသည်ဝဲဂယက်ထဲကနေ ဒေသခံတို့ ဘယ်တော့ လွတ်မြောက် မလဲ… ?

Photo: KIA ဖန်တီးသော တိုက်ပွဲများနှင့် အသုံးချခံ ဒုက္ခသည်ဝဲဂယက်ထဲကနေ ဒေသခံတို့ ဘယ်တော့ လွတ်မြောက် မလဲ… ?
Monday, January 26, 2015

နေရာဒေသတစ်ခု၊ မျိုးနွယ်စုတစ်စုအပေါ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ကာလရှည်ကြာထိန်းချုပ်မှုဟာ နိုင်ငံတကာ ဥပဒေအရ လူ့အခွင့်အရေးချိုးဖောက်ရာ ရောက်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလိုချိုးဖောက်ခံနေရတဲ့ မျိုးနွယ်စု တိုင်းရင်းသားတွေဟာလည်း မျိုးဆက်တစ်ဆက်ကနေ နောက်ထပ်မျိုးဆက်တစ်ဆက်အထိ မပြောင်းလဲနိုင်ဘူးဆိုရင် အကြောက်တရားများနဲ့ မျက်စိကန်း၊ နားကန်းမျိုးနွယ်စု ဖြစ်သွားတတ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများသည်လည်း ဆုတ်ယုတ်သွားကာ မျိုးဆက်သစ်တွေဟာလည်း အနှိမ်ခံဘ၀နဲ့ နောက်ကျကျန်နေရစ် ခဲ့မှာပဲ ဖြစ်ပါတယ်။

ထိုကဲ့သို့ မျိုးနွယ်စုမျိုးမရှိမဟုတ် ရှိနေပါတယ်။ ကချင်ပြည်နယ်အတွင်း KIA လှုပ်ရှားသွားလာနေတဲ့ မြို့၊ ရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံကချင်၊ ရှမ်း၊ ဗမာ၊ လီဆူး၊ ရ၀မ်တိုင်းရင်းသားများပဲ ဖြစ်ပါတယ်။ မကြာမီရက်ပိုင်းက ပြန်လည် ဖြစ်ပွားခဲ့တဲ့ တိုင်းပွဲတွေမှာ ဒေသခံတွေ အသုံးချခံရပြန်တယ်။ ထုံးစံအတိုင်းဒုက္ခသည်များအဖြစ် ပြေးခိုင်းလွှားခိုင်းတာ ပဲပေါ့။
ကြာလာတာနဲ့အမျှ KIA ရဲ့ လုပ်ရပ်ကို ဒေသခံတွေသဘောပေါက်လာကြပါတယ်။ ဖားကန့်မြို့နယ်၊ အောင်ဘာလေ၊ ကံဆီး၊ ဆိပ်မူ အနီးတစ်ဝိုက်မှာဖြစ်တဲ့ တိုက်ပွဲတွေဟာ ဒေသခံတွေအပေါ် ဘာရိုက်ခတ်မှုမှ မရှိခဲ့ပါဘူး။ ဘုရားကျောင်း တက်၊ စာသင်ကျောင်းမှာ ကလေးတွေစာသင်၊ ရွာထဲမှာ ဟန်မပျက်နေထိုင်ခဲ့ကြတာပါ။ တိုက်ပွဲစဖြစ်တဲ့ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ရွာထဲမှာ ပုံမှန်အတိုင်းသွားလာနေကြတာ ဖြစ်ပါတယ်။ အဲဒီအချိန် KIA စခန်းအားလုံးကို အစိုးရ တပ်တွေက သိမ်းပြီး KIA တွေ ထွက်ပြေး နေရပြီဖြစ်ပါတယ်။

ဒါပေမယ့် သုံးရက်မြောက်နေ့မှာ အောင်ဘာလေရွာက ရွာသူရွာသားတွေကို KIA က ကံဆီးကို ပြောင်းဖို့ လာပြီး ခြိမ်းခြောက်တယ်။ မသွားချင်ကြဘူး။ KIA က မသွားရင် ပစ်သတ်မယ်ပြောလို့ အောင်ဘာလေကနေ ကံဆီးကို သွားခဲ့ ကြတာ။ အချို့ကတော့ ရွာထဲမှာပဲ ဆက်နေကြတယ်။ ကံဆီးကိုရောက်တော့ KIA က အောင်ဘာလေရွာသူရွာသား တွေကို ဒုက္ခသည်အဖြစ် ကြေညာပါတော့တယ်။ ဒုက္ခသည် ၂၀၀၀ လောက်ပိတ်မိနေတယ်ဆိုပြီး မီဒီယာတွေကနေ တစ်ဆင့် သတင်းဖြန့်ပါတယ်။ ပြီးတော့ ဖားကန့်ကို ပြေးရမယ်ဆိုပြီး ကံဆီးရောက်လာတဲ့ ရွာသူရွာသားတွေကို ဖိအား ပေးပါတယ်။

အဲဒီအခါကျတော့မှ KIA က ရွာသူရွာသားတွေကို ဒုက္ခသည်အဖြစ် အသုံးချတယ်ဆိုတာ သိလိုက်ရပါတယ်။ တကယ် တော့ အောင်ဘာလေရွာသူရွာသားတွေဟာ ကိုယ့်အိုးကိုယ့်အိမ်ရှိပြီးသား ဒေသခံတွေဖြစ်တဲ့အတွက် ဒုက္ခသည်စခန်းမှာ နေစရာ မလိုပါဘူး။ ပြီးရင်တိုက်ပွဲကြောင့် ပြေးလွှားရတာလည်း မဟုတ်ဘဲ KIA အသုံးချတာခံရလို့ ပြောင်းရွှေ့ကြ ရတာဖြစ်ပါတယ်။

အခုကိုယ့်ရွာကို ပြန်လာနေထိုင်ကြပြီ ဖြစ်ပါတယ်။ ပုံမှန်အတိုင်း သွားလာလုပ်ကိုင်နေကြသလို KIA စခဲ့တဲ့ တိုက်ပွဲတွေ အမြန်ဆုံး အဆုံးသတ်စေချင်ပါတယ်။ ဖြစ်နိုင်ရင် KIA နဲ့ ဝေးရာကို သွားချင်ပေမယ့် ကိုယ့်ရွာကိုယ့်ဒေသကိုယ့်အိုးကိုယ့် အိမ်တွေနဲ့ ဖြစ်နေပြီမို့ ဆက်လက်နေထိုင်ကြရတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ မကြာခဏပြန်ဖြစ်နေပါတယ်။ အဲဒီလိုပြန်ဖြစ်တိုင်းလည်း ဒုက္ခသည်တွေပိုမိုများလာ တယ်ဆိုပြီး KIA က ဒုက္ခသည်စခန်းတွေဆီ အတင်းပြောင်းခိုင်းတဲ့ ဒေသခံတွေကို ပြပါတယ်။ သူတို့ရွာတွေကို မပြန်ရဲအောင် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ထားပါတယ်။ ဒီလိုနဲ့ပဲ ဒေသခံတွေဟာ ဒုက္ခသည်စခန်းတွေမှာ နေချင်လည်းနေ မနေ ချင်ရင်လည်းနေရတဲ့ဘ၀ ရောက်သွားကြရပါတယ်။

အခုပြန်ဖြစ်တဲ့ တိုက်ပွဲတွေမှာ အောင်ဘာလေရွာသားတွေကို အသုံးချပြန်ပါပြီ။ ဒုက္ခသည်တွေအဖြစ် နာမည်တပ်ကာ ပြေးခိုင်းနေ ပြန်ပါပြီ။ ဒေသခံတွေလည်း စားတတ်ကုန်ကြပြီလို့ KIA ကို ပြောချင်ပါတယ်။ အသုံးချခံဒုက္ခသည်ဘ၀ကို တော့ ကြည်ကြည်ဖြူဖြူ မသွားနိုင်ကြပါဘူး။ ဒါ့ကြောင့် ဒေသခံတွေရဲ့ လူနေမှုဘ၀လုံခြုံရေးအတွက် အစိုးရအနေနဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့လည်း လိုအပ်နေပါတယ်။ KIA ဖန်တီးသော တိုက်ပွဲများနဲ့ အသုံးချခံဒုက္ခသည် ၀ဲဂယက်ထဲ ကနေ ဒေသခံတိုင်းရင်းသားတွေ ဘယ်တော့ လွတ်မြောက်မလဲ ..? အဖြေရှာရမယ့် မျိုးနွယ်စု၊ လူမျိုးစုတစ်စု၏ ပြဿနာ ဟုသာ ပြောချင်ပါတော့တယ်။

နေ၀န်းသစ်
Credit >>> နေ့စဉ်သတင်း
နေရာဒေသတစ်ခု၊ မျိုးနွယ်စုတစ်စုအပေါ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ကာလရှည်ကြာထိန်းချုပ်မှုဟာ နိုင်ငံတကာ ဥပဒေအရ လူ့အခွင့်အရေးချိုးဖောက်ရာ ရောက်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလိုချိုးဖောက် ခံနေရတဲ့ မျိုးနွယ်စု တိုင်းရင်းသားတွေဟာလည်း မျိုးဆက်တစ်ဆက်ကနေ နောက်ထပ်မျိုးဆက် တစ်ဆက်အထိ မပြောင်းလဲနိုင်ဘူးဆိုရင် အကြောက်တရားများနဲ့ မျက်စိကန်း၊ နားကန်းမျိုးနွယ်စု ဖြစ်သွား တတ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများသည်လည်း ဆုတ်ယုတ်သွားကာ မျိုးဆက်သစ်တွေဟာလည်း အနှိမ်ခံဘ၀နဲ့ နောက်ကျကျန်နေရစ် ခဲ့မှာပဲ ဖြစ်ပါတယ်။

ထိုကဲ့သို့ မျိုးနွယ်စုမျိုးမရှိမဟုတ် ရှိနေပါတယ်။ ကချင်ပြည်နယ်အတွင်း KIA လှုပ်ရှားသွားလာနေတဲ့ မြို့၊ ရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံကချင်၊ ရှမ်း၊ ဗမာ၊ လီဆူး၊ ရ၀မ်တိုင်းရင်းသားများပဲ ဖြစ်ပါတယ်။ မကြာမီ ရက်ပိုင်းက ပြန်လည် ဖြစ်ပွားခဲ့တဲ့ တိုင်းပွဲတွေမှာ ဒေသခံတွေ အသုံးချခံရပြန်တယ်။ ထုံးစံအတိုင်းဒုက္ခသည် များအဖြစ် ပြေးခိုင်းလွှားခိုင်းတာ ပဲပေါ့။

ကြာလာတာနဲ့အမျှ KIA ရဲ့ လုပ်ရပ်ကို ဒေသခံတွေသဘောပေါက်လာကြပါတယ်။ ဖားကန့်မြို့နယ်၊ အောင် ဘာလေ၊ ကံဆီး၊ ဆိပ်မူ အနီးတစ်ဝိုက်မှာဖြစ်တဲ့ တိုက်ပွဲတွေဟာ ဒေသခံတွေအပေါ် ဘာရိုက်ခတ်မှုမှ မရှိခဲ့ပါဘူး။ ဘုရားကျောင်း တက်၊ စာသင်ကျောင်းမှာ ကလေးတွေစာသင်၊ ရွာထဲမှာ ဟန်မပျက်နေထိုင် ခဲ့ကြတာပါ။ တိုက်ပွဲစဖြစ်တဲ့ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ရွာထဲမှာ ပုံမှန်အတိုင်းသွားလာနေကြတာ ဖြစ်ပါတယ်။ အဲဒီအချိန် KIA စခန်းအားလုံးကို အစိုးရ တပ်တွေက သိမ်းပြီး KIA တွေ ထွက်ပြေး နေရပြီဖြစ်ပါတယ်။

ဒါပေမယ့် သုံးရက်မြောက်နေ့မှာ အောင်ဘာလေရွာက ရွာသူရွာသားတွေကို KIA က ကံဆီးကို ပြောင်းဖို့ လာပြီး ခြိမ်းခြောက်တယ်။ မသွားချင်ကြဘူး။ KIA က မသွားရင် ပစ်သတ်မယ်ပြောလို့ အောင်ဘာလေ ကနေ ကံဆီးကို သွားခဲ့ ကြတာ။ အချို့ကတော့ ရွာထဲမှာပဲ ဆက်နေကြတယ်။ ကံဆီးကိုရောက်တော့ KIA က အောင်ဘာလေရွာသူရွာသား တွေကို ဒုက္ခသည်အဖြစ် ကြေညာပါတော့တယ်။ ဒုက္ခသည် ၂၀၀၀ လောက်ပိတ်မိနေတယ်ဆိုပြီး မီဒီယာတွေကနေ တစ်ဆင့် သတင်းဖြန့်ပါတယ်။ ပြီးတော့ ဖားကန့်ကို ပြေးရမယ်ဆိုပြီး ကံဆီးရောက်လာတဲ့ ရွာသူရွာသားတွေကို ဖိအား ပေးပါတယ်။

အဲဒီအခါကျတော့မှ KIA က ရွာသူရွာသားတွေကို ဒုက္ခသည်အဖြစ် အသုံးချတယ်ဆိုတာ သိလိုက်ရပါတယ်။ တကယ် တော့ အောင်ဘာလေရွာသူရွာသားတွေဟာ ကိုယ့်အိုးကိုယ့်အိမ်ရှိပြီးသား ဒေသခံတွေဖြစ်တဲ့ အတွက် ဒုက္ခသည်စခန်းမှာ နေစရာ မလိုပါဘူး။ ပြီးရင်တိုက်ပွဲကြောင့် ပြေးလွှားရတာလည်း မဟုတ်ဘဲ KIA အသုံးချတာခံရလို့ ပြောင်းရွှေ့ကြ ရတာဖြစ်ပါတယ်။

အခုကိုယ့်ရွာကို ပြန်လာနေထိုင်ကြပြီ ဖြစ်ပါတယ်။ ပုံမှန်အတိုင်း သွားလာလုပ်ကိုင်နေကြသလို KIA စခဲ့တဲ့ တိုက်ပွဲတွေ အမြန်ဆုံး အဆုံးသတ်စေချင်ပါတယ်။ ဖြစ်နိုင်ရင် KIA နဲ့ ဝေးရာကို သွားချင်ပေမယ့် ကိုယ့်ရွာ ကိုယ့်ဒေသကိုယ့်အိုးကိုယ့် အိမ်တွေနဲ့ ဖြစ်နေပြီမို့ ဆက်လက်နေထိုင်ကြရတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ မကြာခဏပြန်ဖြစ်နေပါတယ်။ အဲဒီလိုပြန်ဖြစ်တိုင်းလည်း ဒုက္ခသည်တွေပိုမို များလာ တယ်ဆိုပြီး KIA က ဒုက္ခသည်စခန်းတွေဆီ အတင်းပြောင်းခိုင်းတဲ့ ဒေသခံတွေကို ပြပါတယ်။ သူတို့ရွာတွေကို မပြန်ရဲအောင် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ထားပါတယ်။ ဒီလိုနဲ့ပဲ ဒေသခံတွေဟာ ဒုက္ခသည် စခန်းတွေမှာ နေချင်လည်းနေ မနေ ချင်ရင်လည်းနေရတဲ့ဘ၀ ရောက်သွားကြရပါတယ်။

အခုပြန်ဖြစ်တဲ့ တိုက်ပွဲတွေမှာ အောင်ဘာလေရွာသားတွေကို အသုံးချပြန်ပါပြီ။ ဒုက္ခသည်တွေအဖြစ် နာမည် တပ်ကာ ပြေးခိုင်းနေ ပြန်ပါပြီ။ ဒေသခံတွေလည်း စားတတ်ကုန်ကြပြီလို့ KIA ကို ပြောချင်ပါတယ်။ အသုံးချခံဒုက္ခသည်ဘ၀ကိုတော့ ကြည်ကြည်ဖြူဖြူ မသွားနိုင်ကြပါဘူး။ ဒါ့ကြောင့် ဒေသခံတွေရဲ့ လူနေမှု ဘ၀လုံခြုံရေးအတွက် အစိုးရအနေနဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့လည်း လိုအပ်နေပါတယ်။ KIA ဖန်တီး သော တိုက်ပွဲများနဲ့ အသုံးချခံဒုက္ခသည် ၀ဲဂယက်ထဲ ကနေ ဒေသခံတိုင်းရင်းသားတွေ ဘယ်တော့ လွတ် မြောက်မလဲ ..? အဖြေရှာရမယ့် မျိုးနွယ်စု၊ လူမျိုးစုတစ်စု၏ ပြဿနာ ဟုသာ ပြောချင်ပါတော့တယ်။

နေ၀န်းသစ်
Credit >>> နေ့စဉ်သတင်း 

No comments:

Post a Comment