Monday 26 January 2015

သမိုင်းဝင် ကျောက်စာ ချုပ်များကို ဒစ်ဂျစ်တယ် ဓာတ်ပုံရိုက်ပြီး အွန်လိုင်းတင်ထားမည်

ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဩစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှ သုတေ သန ပညာရှင်များပူးပေါင်း၍ မြန်မာ နိုင်ငံရှိ သမိုင်းဝင်ကျောက်စာချပ် များကို မှတ်တမ်းတင်သုတေသန ပြုလုပ်ကာ ဒစ်ဂျစ်တယ်ဓာတ်ပုံ ရိုက်ကူးပြီး အွန်လိုင်းမှတစ်ဆင့် ကမ္ဘာအနှံ့သို့ တင်ပြသွားမည်ဟု ယဉ် ကျေးမှု ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ရေးသားထားသော ပဉ္စမသင်္ဂါ ယနာဆိုင်ရာ သမိုင်း အချက် အလက်များကို လေ့လာ၍ မင်း တုန်းမင်းလက်ထက်အခြေအနေ လေ့လာခြင်း၊ ကျောက်စာချပ်များကို သန့်ရှင်းရေး ပြုလုပ် ခြင်း၊ မင်ပြန်ထပ်ခြင်းနှင့် ကျောက်စာချပ် များကို ဒစ်ဂျစ်တယ်ဓာတ်ပုံရိုက် ကူး၍ အွန်လိုင်းမှတစ်ဆင့် ကမ္ဘာ အနှံ့သို့တင်ပြပြီး ကျောက်စာ ဓာတ်ပုံများကို ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်းဆောင်ရွက်ကာ စာအုပ် မူပိုင် ခွင့်ဖြင့် ဆောင်ရွက်မည် ဟု ဆိုသည်။

‘‘ကျောက်စာတွေက မှတ် တမ်းတွေဖြစ်တယ်။ အများစုက အလှူမှတ်တမ်းကျောက်စာတွေ ဖြစ်တယ်။ ကျောက်စာတွေဟာ ယဉ်ကျေးမှု သမိုင်းကြောင်း၊ စာပေအရေးအသားနဲ့ လူနေမှု ဘဝတို့ကို လေ့လာရာမှာ အရေးပါတဲ့ အထောက်အထားတွေဖြစ် ပါတယ်’’ဟု ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုဝန်ကြီး ဦးသန်းဆွေက ပြောသည်။

အဆိုပါ စီမံကိန်းအတွက် လိုအပ်သော ကုန်ကျစရိတ်များကို ဂျပန်နိုင်ငံ Chou Academic Research Institute က ငွေကြေး ထောက်ပံ့ပြီး စီမံကိန်းကာလကို ၂၀၁၄ မှစတင်ကာ သုံးနှစ်သတ် မှတ်ထားကြောင်း သိရသည်။

ပထမလုပ်ငန်းစဉ်ကို ၂၀၁၄ နိုဝင်ဘာမှစ၍ ပြည်ပမှ ပညာရှင်များလာရောက်ကာ မန္တလေး မြို့ ကုသိုလ် တော် ဘုရားဝင်း အတွင်းရှိ ကျောက်စာချပ်များကို မှတ်တမ်းတင်သုတေသနပြုလုပ် ခဲ့ပြီးဖြစ်သည်ဟု ဆို သည်။

အဆိုပါ ကျောက်စာချပ်များ မူလတန်ဖိုးမပျက်စီးစေရန် ထုံးသုတ်ခြင်း၊ ဆေးရောင်သုတ် ခြင်း၊  ရွှေရေး မင်ရေးခြင်းများ ဆောင်ရွက်ခြင်းတို့ကိုခွင့်မပြုဘဲ မူလလက်ရာအတိုင်းမင်ပြန် ထပ်ခြင်းအတွက်သာ လှူဒါန်း ခွင့် ပြုမည်ဟု ဦးသန်းဆွေက ပြောသည်။

7Day DAILY 

No comments:

Post a Comment