Monday 26 January 2015

ကျောင်းသားသပိတ်တွင် အလယ်တန်း ကျောင်းသားများ ပါဝင်လာ

ထားဝယ် တက္ကသိုလ်၊ ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်၍ ထိုင်သပိတ် ဆန္ဒပြလျက် ရှိသော ထားဝယ် မြို့ ကျောင်းသားသပိတ်တွင် အလယ်တန်း ကျောင်းသား၊ ကျောင်းသူ အချို့ ပါဝင် လာကြောင်း အဆိုပါ ဆန္ဒပြသူများ ထံမှ သိရသည်။

ကျောင်းသားလေးတွေ ကိုယ်တိုင် စိတ်ဝင်စားလို့ လာပြီး ပူးပေါင်းကြ တာပါ။ သူတို့ မိဘ တွေနဲ့လည်းတွေ့ ပြီးပါပြီ။ သူတို့ မိဘတွေက ဒီဥပဒေ တွေဟာ သူတို့လေးတွေ နဲ့လည်း သက်ဆိုင်တယ် ဆိုတာ ယုံကြည်လို့ သဘောတူပြီး ခွင့်ပြုလိုက် တာပါ ဟု ထားဝယ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ သပိတ် ဦးဆောင်သူ ကိုမင်းလွင်ဦးက ပြောသည်။ ဆဋ္ဌမတန်း ကျောင်းသား နှစ်ဦးနှင့် ကျောင်းသူ တစ်ဦးတို့က အဆိုပါ ထိုင်သပိတ်တွင် ပါဝင် ပူးပေါင်း ခဲ့ခြင်း ဖြစ်သည်။

ထားဝယ် တက္ကသိုလ် ကျောင်းသား များသည် ဇန်န၀ရီလ (၂၀)ရက်နေ့မှ စတင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပြီး၊ ထားဝယ်မြို့ရှိ တက္ကသိုလ် များသို့ သွားရောက် ဆန္ဒပြရာ၌ ကျောင်းသား များကို စည်းရုံးခြင်း၊ မြို့တွင်းသို့ လှည့်လည် စည်းရုံးခြင်းများ ပြုလုပ်ခဲ့ပြီး ယခုအခါတွင် ရေနန်း ဘုန်းတော်ကြီး ကျောင်းတွင် သပိတ် စခန်း ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။

မန္တလေးမြို့မှ ရန်ကုန်သို့ လမ်းလျှောက် ချီတက် လာသော ကျောင်းသား သပိတ်ကို ဇန်န၀ါရီလ (၂၄) ရက်နေ့ တွင် နွားထိုးကြီး မြို့မှ အခြေခံ ကျောင်းသူ ကျောင်းသား နှစ်ရာခန့်က လိုက်ပါ ပို့ဆောင်ပေးခဲ့ ကြကြောင်း၊ ထို့အပြင် ရေနံချောင်း ရဟန်းပျိုများ သမဂ္ဂ အဖွဲ့ မှ သံဃာတော်များ ကလည်း ယမန်နေ့က လာရောက် အားဖြည့်  ချီတက်ပေးခဲ့ ကြကြောင်း သိရသည်။ အဆိုပါ ကျောင်းသား သပိတ်များ ရန်ကုန်သို့ ရောက်လာ ပါက ရန်ကုန်မြို့တွင် ထိုင်သပိတ် ပြုလုပ် သွားမည် ဖြစ်သည့် အပြင် အခြားသော နည်းများ ဖြင့်လည်း အစိုးရကို ဖိအားပေး သွားမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal  

No comments:

Post a Comment