Monday 26 January 2015

ခရီးသည် တင်ယာဉ်များ CNG ထပ်မံ တိုးမြှင့် ချထားရေး စီစဉ်နေ

၂၀၁၅ ခုနှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရီးသည်တင် ယာဉ်များအား CNG သဘာဝ ဓာတ်ငွေ့ ထပ်မံ တိုးမြှင့် ချထား ပေးရန် စီစဉ်လျက် ရှိကြောင်း စွမ်းအင် ၀န်ကြီး ဌာန ထံမှ သိရသည်။ ယင်းကဲ့သို့ တိုးမြှင့်ပေး ရာတွင် ခရီးသည် တင်ယာဉ် အရွယ်အစားပေါ် မူတည်၍ အနည်း ဆုံး လီတာ(၁၀၀) မှ အများဆုံး လီတာ (၄၀၀) ကျော်အထိ ထပ်မံ တိုးမြှင့်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

သဘာဝ ဓာတ်ငွေ့ကို ထပ်ပြီး တိုးမြှင့်ပေးတဲ့ ခရီးသည်တင် ယာဉ်တွေက အမှန်တကယ် ပြေးဆွဲ နေတဲ့ ယာဉ်တွေကို အဓိကထား တိုးမြှင့် ပေးမှာပါ၊ အတိအကျတော့ မပြောနိုင်သေးဘူး ဟု စွမ်းအင် ၀န်ကြီး ဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။ ခရီးသည်တင် ယာဉ်များအား သဘာဝ ဓာတ်ငွေ့ ထပ်မံ တိုးမြှင့်ပေး ခြင်းကြောင့် ယာဉ်ပြေးဆွဲသည့် အခေါက် အရေအတွက် ပိုမို ပြေးဆွဲ နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင် ယာဉ်များအား CNG သဘာဝ ဓာတ်ငွေ့ ထပ်မံ တိုးမြှင့် ချထား ပေးရန် အတွက် လက်ရှိ မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီနှင့် အသေးစိတ်ကို ညှိနှိုင်းလျက် ရှိကြောင်း သိရသည်။ကားကြီတွေ အတွက် အဓိက တောင်းထား တာပါ၊ အခုသုံးနေတဲ့ (၄၈၀) လီတာက သိပ်ပြီး မလုံလောက်ဘူး၊ ခဏခဏ ပြန်ပြီး ဖြည့်နေရတယ်။ ထပ်ပြီး တိုးမြှင့်ပေးရင် အကောင်းဆုံးပေါ့ ဟု မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်သိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က  ဆိုသည်။လက်ရှိ ရန်ကုန် တိုင်းဒေသကြီးတွင် CNG တပ်ဆင် ပြေးဆွဲ နေသည့် ခရီးသည် မော်တော်ယာဉ် အစီးရေ (၅၇၀၀) ကျော် ရှိပြီး၊ အဆိုပါ ယာဉ်များအား လီတာ(၂၀၀)မှ လီတာ (၄၈၀) အထိ ထုတ်ပေးလျက် ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Mewwenger News Journal 

No comments:

Post a Comment