Monday 26 January 2015

ဖရဲ၊ သခွားမွှေး သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ပထမဆုံးအကြိမ် ကျင်းပ

Photo: ဖရဲ၊ သခွားမွှေး သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ပထမဆုံးအကြိမ် ကျင်းပ
Monday, January 26, 2015

ဖရဲ၊ သခွားမွှေးသစ်သီး ဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်ကချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာ သုံးထပ်ဘုန်းတော်ကြီး ကျောင်းတွင် ပထမအကြိမ်ကျင်းပခဲေ့ကြာင်း သတင်းရရှိသည်။

‘‘စိုက်ပျိုးရေးတောင်သူတွေ အနေနဲ့ စိုက်ပျိုးရေးနည်းပညာ တွေချိတ်ဆက်ဆောင်ရွက်နိုင် အောင် အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်သီးနှံတွေ ပေါ်ထွက်လာ ပြီး ပြည်ပဈေးကွက်ဝင် သီးနှံ ထုတ်လုပ်ရောင်းချနိုင်ရေး၊ ခိုင် မာတဲ့ဈေးကွက်စီးပွားရေးရရှိနိုင် ရေးအတွက် ရည်ရွယ်ပါတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။

‘‘ဖရဲ၊ သခွားမွှေးဈေးကွက် ကတော့ ၂ နှစ်၊ သုံးနှစ်တစ်ကြိမ် လောက်အရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်။ ဒီနှစ်လည်း အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အတွက် သစ်သီးဝလံတွေကို အရည်အသွေးမြင့် စားသောက် ကုန်၊ လူသုံးကုန်တွေအဖြစ် ထုတ် လုပ်ရောင်းချနိုင်မယ့် ကုန်စည် တွေ ထုတ်လုပ်နိုင်မယ်ဆိုရင် တောင်သူတွေအတွက် အထောက် အကူပြုနိုင်မှာဖြစ်ပါတယ်။ နယ် စပ်ဈေးကွက်မှာ နှစ်ဖက်ကုန် သည်တွေရဲ့ ဈေးကစားမှုက ပွင့် လင်း မြင်သာမှုမရှိတဲ့အတွက် တောင်သူတွေ ဆုံးရှုံးမှုတွေဖြစ် ပေါ်နေတယ်လို့မြင်ပါတယ်’’ဟု မင်းခေါင်ကျေးရွာခံ ဖရဲ၊ သခွား မွှေးစိုက်တောင်သူဦးစိုးလွင်က ပြောသည်။

တရုတ်နိုင်ငံတစ်ခုတည်း အပေါ် တင်ပို့ရောင်းချရန် အား ထားနေရခြင်းက ဖရဲ၊ သခွားစိုက် ပျိုးထုတ်လုပ်သူများအတွက် အားနည်းချက်ဖြစ်နေကြောင်း မုံရွာစီးပွားရေးတက္ကသိုလ်မှ ပညာ ရှင်တစ်ဦးက သုံးသပ်ဆွေးနွေးခဲ့ သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်နှစ်လျှင် ပျမ်းမျှဖရဲစိုက်ဧက ၁၄,၁၁၄ ဧက၊ သခွားမွှေးစိုက် ဧက ၇,၀၀၉ ဧက စိုက်ပျိုး ထုတ် လုပ်လျက်ရှိသည်။

7Day DAILY 

စိုက်ပျိုးဖြစ်ထွန်းထားသော သခွားမွှေးများကို တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
စိုက်ပျိုးဖြစ်ထွန်းထားသော သခွားမွှေးများကို တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး) 
ဖရဲ၊ သခွားမွှေးသစ်သီး ဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်ကချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာ သုံးထပ်ဘုန်းတော်ကြီး ကျောင်းတွင် ပထမအကြိမ်ကျင်းပ ခဲေ့ကြာင်း သတင်းရရှိသည်။

‘‘စိုက်ပျိုးရေးတောင်သူတွေ အနေနဲ့ စိုက်ပျိုးရေးနည်းပညာ တွေချိတ်ဆက်ဆောင်ရွက်နိုင် အောင် အရည် အသွေးမြင့်မားတဲ့ ထုတ်ကုန်သီးနှံတွေ ပေါ်ထွက်လာ ပြီး ပြည်ပဈေးကွက်ဝင် သီးနှံ ထုတ်လုပ်ရောင်းချ နိုင်ရေး၊ ခိုင် မာတဲ့ဈေးကွက်စီးပွားရေးရရှိနိုင် ရေးအတွက် ရည်ရွယ်ပါတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။

‘‘ဖရဲ၊ သခွားမွှေးဈေးကွက် ကတော့ ၂ နှစ်၊ သုံးနှစ်တစ်ကြိမ် လောက်အရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်။ ဒီနှစ်လည်း အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အတွက် သစ်သီးဝလံတွေကို အရည်အသွေးမြင့် စားသောက် ကုန်၊ လူသုံးကုန်တွေ အဖြစ် ထုတ် လုပ်ရောင်းချနိုင်မယ့် ကုန်စည် တွေ ထုတ်လုပ်နိုင်မယ်ဆိုရင် တောင်သူတွေအတွက် အထောက် အကူပြုနိုင်မှာဖြစ်ပါတယ်။ နယ် စပ်ဈေးကွက်မှာ နှစ်ဖက်ကုန် သည်တွေရဲ့ ဈေးကစားမှုက ပွင့် လင်း မြင်သာမှုမရှိတဲ့အတွက် တောင်သူတွေ ဆုံးရှုံးမှုတွေဖြစ် ပေါ်နေတယ်လို့မြင်ပါတယ်’’ဟု မင်းခေါင် ကျေးရွာခံ ဖရဲ၊ သခွား မွှေးစိုက်တောင်သူဦးစိုးလွင်က ပြောသည်။

တရုတ်နိုင်ငံတစ်ခုတည်း အပေါ် တင်ပို့ရောင်းချရန် အား ထားနေရခြင်းက ဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ် သူများအတွက် အားနည်းချက်ဖြစ်နေကြောင်း မုံရွာစီးပွားရေးတက္ကသိုလ်မှ ပညာရှင်တစ်ဦးက သုံးသပ် ဆွေးနွေးခဲ့ သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်နှစ်လျှင် ပျမ်းမျှဖရဲစိုက်ဧက ၁၄,၁၁၄ ဧက၊ သခွားမွှေးစိုက် ဧက ၇,၀၀၉ ဧက စိုက်ပျိုး ထုတ် လုပ်လျက်ရှိသည်။

7Day DAILY 

No comments:

Post a Comment